ကျောက်ကပ်ကြောင့် ခါးနာတာနဲ့ရိုးရိုးခါးနာတာကို”ခွဲခြားနိုင်တဲ့နည်းလမ်းများ”

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★

“ကျောက်ကပ်ကြောင့် ခါးနာတာနဲ့ရိုးရိုးခါးနာတာကို”ခွဲခြားနိုင်တဲ့နည်းလမ်းများ

“ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့် ခါးနာတာကို ဘယ်လိုခွဲကြမလဲ?”ခါးအောက်ပိုင်းနာနေတာကြာပြီ။ ဟာ ဒါဆို ကျောက်ကပ်ဖြစ်နိုင်တယ်ဆိုတဲ့ စကားလေးတွေ ကြားဖူးကြမှာပါ။ ဒါက မှားနေတာတော့မဟုတ်ပါဘူး။

ကျောက်ကပ်ပြဿနာရဲ့ လက္ခဏာတွေထဲမှာ ခါးနာတာပါတတ်ပေမယ့် အခြား ကျောက်ကပ်မဟုတ်ဘ ဲခါးကိုယ်တိုင်ဒဏ်ရာရနေလို့ ခါးနာတာတွေလည်း ရှိပါသေးတယ် ။ဒီတော့ ကျောက်ကပ်ကြောင့်ဖြစ်တဲ့ ခါးနာတာနဲ့ ရိုးရိုးခါးနာတာကို ဘယ်လိုခွဲကြမလဲ

မှားလည်း မှားချင်စရာပါပဲ။ ကျောက်ကပ် နှစ်လုံးကလည်း ခါးအောက်ပိုင်းပတ်လည်မှာပဲ ရှိနေတာမလား။ ဒီတော့ နှစ်ခုလုံးက ရောချင်စရာပဲပေါ့ ။ ဒါပေမယ့် ခုပြောပြမယ့် နည်းလေးတွေနဲ့ ခွဲလို့ရပါတယ်။ဘာ့ကြောင့်ဖြစ်ရတာလဲ ။

ကျောက်ကပ်မှာ ကျောက်တည်တာတွေ ။ ကျောက်ကပ် ပိုးဝင်တာတွေကြောင့် ကျောက်ကပ်အောင့်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ခါးနာတာကျတော့ ခါးပတ်လည်မှာရှိတဲ့ အရိုး ။ကြွက်သား နဲ့ အကြောတစ်ခုခု ဒဏ်ရာရသွားတာကြောင့် ခါးနာခြင်းဖြစ်ရတာပါ။

နာက္ငၼႈပုံစံ

ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးကနဲ့ နာတာမျိုးခံစားရပြီး ကျောက်ကပ် ပိုးဝင်နေတာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။ လှုပ်ရှားမှုကြောင့် ခါးပိုနာတာမျိုး မရှိသလို သူ့ဘာသာသူလည်း သက်သာမသွားတတ်ပါဘူး။

ဒါပေမယ့် အထဲက ကျောက်ကလေး နေရာရာရွေ့သွားတဲ့အချိန်မျိုးမှာတော့ နာကျင်မှု ပြင်းထန်တတ်ပါတယ်။ ခါးနာတာမှာကျတော့ ကြွက်သားဒဏ်ဖြစ်နေတာဆိုရင် အောင့်တောင့်တောင့် ဝေဒနာခံစားရတတ်ပြီး အာရုံကြောထိတဲ့ ခါးနာခြင်းမှာကျတော့ တင်ပါးပတ်လည် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတို့မှာပါ စူးကနဲ ကျင်ခနဲနာကျင်တဲ့ခံစားမှုမျိုး ခံစားရတတ်ပါတယ်။

ကြွက်သားထိလို့ နာတာဆိုရင် ခါး ၂ ဘက်လုံးနာတတ်ပေမယ့် အကြောထိလို့ နာတာဆိုရင်တော့ ခါးတစ်ဘက်တည်းက နာနေတတ်ပါတယ်။

နာကျင့်မှု ပျံ့နှံ့ခြင်း။ ကျောက်ကပ်ကြောင့်ဖြစ်တဲ ခါးနာခြင်းဟာ ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေကို ပျံ့သွားပြီး အဲဒီနေရာတွေမှာပါ နာနေတတ်ပါတယ်။

အာရုံကြောထိလို့ နာတဲ့ခါးနာခြင်းမှာတော့ နာကျင်မှုဟာ ခြေထောက် အောက်ပိုင်းအထိ ပျံ့သွားတတ်ပြီး ကြွက်သားထိလို့နာတဲ့ ခါးနာခြင်းကတော့ ခါးပတ်လည်မှာပဲ နာကျင်မှု ဝေဒနာ ရှိနေတတ်ပါတယ်။ သက်သာသွားတာ ပိုးဆိုးသွားတာ။

ကျောက်ကပ် ကြောင့်ဖြစ်တဲ့ခါးနာခြင်းက ဆေးကုသမှု မခံယူမချင်း သက်သာသွားမယ့် နာကျင်မှု မျိုး မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာ ပုံစံအမှန်လေးပြင်လိုက်ရုံနဲ့ သက်သာသွားမှာ မဟုတ်သလို လှုပ်လှုပ်ရှားရှား လုပ်လွန်းလို့ ပိုဆိုးသွားတာမျိုးလည်း မရှိပါဘူး။

ရိုးရိုးခါးနာတာကျတော့ တစ်ချိန်လုံး ခါးကိုအားပြုထိုင်နေတာ ။မတ်တပ်ရပ်တာ ကြာတဲ့ အခါမျိုးတွေမှာ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားကို ပြင်လိုက်တဲ့အချိန် လေ့ကျင့်ခန်းလေး လုပ်ပေးတဲ့အချိန်မှာ သက်သာသွားတတ်ပါတယ်။

ခါးနာတာနဲ့ အတူရှိနေတတ်တဲ့အခြား လက္ခဏာတွေ ကျောက်ကပ်ကျောက်တည်တာ ။ပိုးဝင်တာမျိုးတွေမှာ – ချမ်းတုန်ပြီးဖျားတာ ၊ပျို့အန်တာ ၊ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်တာ ၊ဆီးထဲ သွေးပါတာ၊ ဆီးမထိန် းနိုaင်တာမျိုးတွေ ရှိတတ်ပါတယ်။

ကျောက်တည်တဲ့ ပြဿနာ ၊ကျောက်ကပ် ပိုးဝင် တဲ့ပြဿနာတွေဟာ ဆေးစား ၊ဆေးသောက်၊ ခွဲစိတ်မှုတွေ လုပ်မှ ပျောက်တဲ့ ပြဿနာတွေဖြစ်တာကြောင့် ဆရာဝန် ဆီ သွားပြီး ကုသဖို့လိုပါတယ်။

ရိုးရိုး ခါးနာတာမှာကျ နာနေတဲ့ ခါးနေရာက ရောင်နေတာ ၊ထိလိုက်ရင် ပိုနာတာ၊ ကြွက်သားကြီးတွေ တင်းနောတာနဲ့ ခါးအောက်ပိုင်း အားမရှိတာ စတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

ခါးနာတာနဲ့အတူ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်တာတွေ ပါရှိနေတယ်ဆိုရင်တော့ ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတဲ့ ပြဿနာဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုပါတယ်။Credit- xyz news

========================

Unicode ဖြင့်ဖတ်ပါ

နာက်င္မႈပုံစံ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top