ဦးဖြိုးမင်းသိန်း၏ နိုင်ငံရေးဖြတ်သန်းမှုသမိုင်းအမှန်များ ရေးသားဖော်ပြတော့မည်

ဦးဖြိုးမင်းသိန်း၏ နိုင်ငံရေးဖြတ်သန်းမှုသမိုင်းအမှန်များ ရေးသားဖော်ပြတော့မည် (Zawgyi below)
—— —— —— —– —–

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် ၎င်း၏ဘဝ၊ ၎င်း၏ နိုင်ငံရေးဖြတ်သန်းမှုသမိုင်းအမှန်များကို ရေးသားဖော်ပြတော့မည်ဖြစ်ကြောင်း တိုင်းအစိုးရနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

”ကျွန်တော့်ဘဝ၊ ကျွန်တော့် နိုင်ငံရေးဖြတ်သန်းမှုကို ရေးသားဖော်ပြပါမယ်။ ထင်ရာပြောနေတာတွေ့နေရပါတယ်။ ကျွန်တော်တို့ရဲ့ဘဝတွေဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွေပါ”ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ Phyo Min Thein ဖေ့စ်ဘုတ်အကောင့်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ Phyo Min Thein ဖေ့စ်ဘုတ်အကောင့်သည် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း လက်ရှိအသုံးပြုနေသည့် အကောင့်ဖြစ်ကြောင်း တိုင်းအစိုးရနှင့် နီးစပ်သူများက အတည်ပြုပြောကြား သည်။ ဦးဖြိုးမင်းသိန်းက ¤င်း၏နိုင်ငံရေး ဖြတ်သန်းမှုများကို ရေးသားဖော်ပြရာတွင် စာအုပ်အဖြစ် ထုတ်ဝေမှုမျိုးမဟုတ်ဘဲ လူမှုကွက်ရက်မှတဆင့်သာ ရေးသားမည် ဟု သိရကြောင်း ဦးဖြိုးမင်းသိန်းနှင့် နီးစပ်သူတဦးက ပြောသည်။

”ရေးချင်တဲ့အကြောင်းအရာက အများကြီးရှိမှာပါ။ သူ့အကြောင်းတွေ မဟုတ်တာရေးနေတာတွေရှိနေတော့ အဲဒါ တွေကို ဆိုလိုတာပါ”ဟု ၎င်းကပြောသည်။

ထို့အပြင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအနေဖြင့် တိုင်းပြည်အပေါ်ထားသည့် စေတနာ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံရေးသမားများအပေါ် ထားရှိသည့်စေတနာများအပေါ် အနီးကပ်မြင်တွေ့ခွင့်ရရှိခဲ့သဖြင့် ဦးဖြိုးမင်းသိန်း၏ နိုင်ငံရေးဖြတ်သန်းမှုအကြောင်းကို ၎င်းကိုယ်တိုင်ရေးသားလျှင် ပိုမိုပြည့်စုံမည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့လမ်းကြောင်းများတွင် လိုက်ပါနေသူတဦးက ပြောသည်။

”ကျွန်တော်မြင်တာကတော့ တကယ်ကို စေတနာပါပါတယ်။ လုပ်ငန်းမအောင်မြင်တာ၊ အောင်မြင်တာက တကဏ္ဍပေါ့။ ဒါပေမဲ့ သူက စနေ၊ တနင်္ဂနွေ တောင် မနားဘူး။ ရုံးမပိတ်ဘူး။ တပတ် လုံးကို အလုပ်လုပ်နေတာ”ဟု ၎င်းက ပြောသည်။

ဦးဖြိုးမင်းသိန်းသည် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကြောင့် ၁၉၈၉ ခုနှစ်ကထောင်ကျခဲ့ပြီး ထောင်တွင်း၌ ၁၅ နှစ်နေထိုင်ခဲ့ရကြောင်း သိရသည်။

ကိုလင်း
Photo – Shwe Phee

=====================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top