မေတ္တာစကား လက်ဆောင်
ကျွန်တော်တို့ အိမ်ထောင်ကြပြီး မကြာခင် ဇနီးမောင်နှံ့ နှစ်ဦးသည် မိဘ နှစ်ပါးအားနှစ်စဉ်နှစ်တိုင်း သွားရောက်၍ ကန်တော့ဖြစ်လေသည်။
ဒီလို ကန်တော့အပြီးမှာ ဖခင်ဖြစ်သူက အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး ခုလို ဆုံးမစကားပြောပါတယ်။
“သားနဲ့ သမီးတို့ အဖေပြောမဲ့ စကားလေးတွေကို အမြဲနှလုံးသွင်းထားပါနော်။
ဒီနေ့ကစပြီး သားတို့ သမီးတို့ဟာအိမ်ထောင်ရှင်တွေဖြစ်သွားကြပြီ။ ဒီတော့ အရင်လို လူပျို၊ အပျိုတွေလို နေလို့မရတော့ဘူး။
” အိမ်ထောင်ပြု ” ခြင်းဆိုတဲ့ စကား ၃လုံးဟာ သူ့မှာ အဓိပ္ပါယ်တွေရှိပါတယ်။
“အိမ် ” ဆိုတာ……လူသားတွေအားလုံးအတွက် နေထိုင်ခြင်း။ရပ်တည်ခြင်း။လို့ အဓိပ္ပါယ်ဆောင်တယ်။
“ထောင် ” ဆိုတာ……ထူထောင်ခြင်း။ ခိုင်ခန့်ခြင်း။တည့်မက်ခြင်း။ မြဲမြန်ခြင်း။ လို့ အဓိပ္ပါယ်ဆောင်တယ်။
” ပြု ” ဆိုတာ……ပြုပြင်ခြင်း။ ပြောင်းလဲခြင်း။ အသစ်ရေးဆွဲခြင်း။ လို့ အဓိပ္ပါယ်ဆောင်ပါတယ်တဲ့။သားနဲ့ သမီးတို့။
အေး ဒီတော့ အိမ်ထောင်ပြုခြင်းကို အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်သူနဲ့ကိုယ်နဲ့ဘဝနှစ်ခုပေါင်းစပ်ပြီး ဘဝဆိုတဲ့အိမ်တစ်လုံးကို ခိုင်မြဲအောင် တည်ဆောက်ပြီး မကောင်းသောအတွေး| မကောင်းသောအကြံ| မကောင်းသော အလုပ်များရှိခဲ့ရင် ယနေ့မှစ၍ ပြုပြင်ပြောင်းလည်းပြီး လောကမှာ တန်ဖိုးရှိတဲ့ အိမ်ထောင်ရှင်ယောကျာ်း| တန်ဖိုးရှိတဲ့ အိမ်ထောင်ရှင်မိန်းမ ဖြစ်အောင်ကြိုးစားမယ်လို့ ယူစရမယ်။
အေး ဒီတော့ သားကို အရင်ပြောရမယ်။
” ဒီမယ်သား အိမ်ထောင်ရှင်ယောကျာ်းတစ်ယောက်ဟာ ရာထူး| အာဏာ|ပါဝါရပြီး အမြင့်တနေရာကို ရောက်တိုင်း အမြင်ကျယ်ပြီလို့ မထင်ပါနဲ့။
နောက် ယောကျာ်းဆိုတာ ငွေရှာပေးနိူင်ပြီး ကုတင်ပေါ်က ကိစ္စလောက် ခံစားရရင် တော်ပြီဆိုတဲ့ အတွေးနဲ့ မပြီးပါဘူး။
လောကမှာ အိမ်ထောင်ရေးတစ်ခုသာယာဖို့ဆိုရင် လင်နှင့်မယား အပေးအယူမျှဖို့ရယ်။
နှစ်ဦးသားဟာ ပညာနား| ပညာမျက်စိနဲ့ ပညာဦးနှောက်ဖြင့် ရှေ့ကို ကြိုကြည့် ကြိုတွေးနိူင်ပြီး အကောင်းအဆိုး ခွဲခြားနိူင်ဖို အရမ်းအရေးကြီးပါတယ်။
အိမ်ထောင်ရှင် ယောကျာ်းတစ်ယောက်ဟာ” ရေ “နဲ့ တူပြီး မိန်းမဖြစ်သူဟာ” ကန်ဘောင် “နဲ့ တူတယ်။
ယောကျာ်း ရှာဖွေလို သရမျှ ငွေကိုမျှမျှတတ စည်းကမ်းရှိစွာ သုံးဆွဲတတ်ရမယ်။
အသုံးနဲ့ အဖြုန်း နားလည် ရမယ်။လိုသည်ထက်ပို၍ မစားနဲ့| မဝတ်နဲ့။မသွားနဲ့။ ဒါမှ အကြွေးကင်းတဲ့ မိသားစုဘဝကိုပိုင်ဆိုင်နိူင်မယ် သားနဲ့သမီး။
လောကမှာ အလွန်တော်တဲ့ မိန်းမများဟာ လှေကားနဲ့တူပြီးအလွန်ချော်တဲ့ မိန်းမများကြတော့ ယောကျာ်းတစ်ယောက်အတွက်အမှိုက်နဲ့တူတယ်။ မီးနဲ့တူတယ်။ သူ့ကြောင့်ပူလောင်ရတယ်။
ညကို မီးထွန်းပြီး ငွေရှာတာတောင်မလောက်တဲ့ဘဝဖြစ်တတ်တယ်။
ဒါတွေကို သတိထားပါ သားနဲ့သမီး။
နောက် အိမ်ထောင်သက်တမ်းကြာလာရင် လူတွေဟာ ရေရောထားတဲ့” ဝိုင် “တစ်ခွက်လို ဖြစ်သွားတတ်တယ်။
“ဝိုင်” ဆိုတာ ပကတိအရသာက အချိုအရသာပါ။” မေက မောင်လောက်မချစ်ပါဘူး။
မောင်က မေ့လောက်မချစ်ပါဘူး” နဲ့ တစ်ဦးနဲ့တစ်ဦး အချစ်ပြိုင်ရင်း ပြိုင်ရင်းနဲ့ နောက်တော့တဖြေးဖြေး အချစ်တွေပေါ့ပြီး ရေရောထားတဲ့ ဝိုင်တစ်ခွက်လို ဖြစ်သွားတတ်တယ်နော်။
ဒါကြောင့် သတိထားပါ။ အချစ်တွေမပြိုင်မိပါစေနဲ့။
နောက်အသက် (၄၅)နှစ်နောက်ပိုင်းရောက်ရင် တချို့အိမ်ထောင်သည်တွေဟာ စိတ်တွေပြောင်းလည်းပြီး အိမ်ထောင်ရေး ပြဿနာကြီးငယ်ဖြစ်ပွှားစေတတ်တယ်နော်။ ဒါကိုလည်းသတိပေးပါရစေ။ သားနဲ့သမီး……
လောကမှာ အိမ်ထောင်တစ်ခုတည်ဆောက်ရတာ ဘုရားတစ်ဆူ တည်ဆောက်ရသလိုပါပဲ။
ဘာလိုလဲ ဆိုတော့………ဘုရားဆိုတာ ဘယ်လို အင်္ဂ ါရပ်တွေနဲ့ ပြည့်စုံနေပါစေ ဘုရားမှာ ဆွဲလည်း မရှိရင်။ ဆွဲလည်းမပါရင် မသာယာနိူင်ဘူးတဲ့။
ဘုရားကို တော| တောင်ထဲမှာပဲတည်တည်။ မြို့ထဲ| ရွာထဲမှာပဲတည်တည်။ဒီ ဆွဲလည်းသံ (တချွန်ချွန်) ကြားရသော ဘုရားစေတီတို့မှာ လွန်စွာမှ သာယာလှတယ်။
ထိုအတူပါပဲ အိမ်ထောင်ရေးမှာလည်းတောမှာပဲပြုပြု | မြို့မှာပဲပြုပြု ဆွဲလည်း တည်းဟူသော သားသမီး ရတနာဆိုတာ မရှိလို့ မဖြစ်ပါဘူး။
ဒီသားသမီးကို အကြောင်းပြုပြီးအိမ်ထောင်ရေးရဲ့ တန်ဖိုးနဲ့ လူ့ဘဝကိုနားလည်ပြီး လေးနက်တဲ့ အတွေးအမြင်များနဲ့ ဘဝဟာ အဓိပ္ပါယ်တွေများစွာရှိပြီးအိမ်ထောင်ရေးဟာ ပျော်ရွှင်ခြင်း|သာယာခြင်း| ကြည်နူးခြင်းတွေနဲ့ ဘဝဟာလေးနက်လာလိမ့်မယ်နော်။
ဒါလေးတွေကိုလည်း သားနဲ့ သမီး မမေ့ပါနဲ့နော်။
နောက်ဆုံး အနေနဲ့ အဖေအထူး မှာချင်တာကတော့ သားနဲ့ သမီးတို့ဟာ ဘယ်လို အိမ်ထောင်ရေးဘဝမျိုးကို ရောက်နေပါစေ။
ခေါင်အမိုးမလုံတဲ့ အိမ်တစ်လုံးလို မဖြစ်ပါစေနဲ့။ အမိုးမလုံတဲ့ အိမ်ဟာ ဘယ်လောက် တန်ဖိုးကြီးမားတဲ့ ပစ္စည်းဥစ္စာတွေ မည်မျှပင် ရှိစေကာမူ ကြါလာရင် ဒီမိုးရေတွေကြောင့် ပျက်စီးဆုံးရှုံးပြီး တန်ဖိုးမဲ့သွားတတ်တယ်။
ထိုအတူပါပဲ အိမ်ထောင်တစ်ခုမှာ လင်နှင့်မယား ဟာ စာရိတ္တတည်းဟူသော ခေါင်းမိုးကြီး ပွင့်ပြီဆိုရင် ဒီအိမ်ထောင်ရေးဟာဘဝမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး တဖြေးဖြေးဆွေးမြေ့ ပြိုကျပျက်စီးသွားနိူင်ပါတယ်။
ဒါကြောင့် သားနဲ့ သမီးတို့ရဲ့ အိမ်ထောင်ရေးလေး သာယာဖို့| ငြိမ်းချမ်းဖို့| အောင်မြင်ဖိုဆိုရင် စာရိတ္တခေါင်မိုးကို ဘဝထပ်ဆုံး လွှမ်းခြုံ ကာမိုးနိူင်ကြပါစေလို့အဖေ ဆန္ဒပြုလိုက်ပါတယ်။
စိတ်ချပါအဖေ သားတို့သမီးတို့အားလုံးသာယာ| ငြိမ်းချမ်း | ပျော်ရွှင်သော အိမ်ထောင်ရေးမျိုး တည်ဆောက်ပါမယ်လို့ ကတိပေးပါတယ်။
လောကထဲရှိ အိမ်ထောင်ရှင်များအားလုံးကိုယ်စိတ် နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။
မေတ္တာဖြင့်
Z.C ( ရွှေကုန်းရွာ )
======================