ဝိနည်းဆောင်ရဟန်းများဖြစ်ပါလျက် လူနေအိမ်တို့၌  တည်းခိုရခြင်းအကြောင်း

~°~°~°~????°~°????°~°????~°~°~°~

အချို့သော ဝိနည်းကို အလေးထားတော်မူကြသော ဆရာတော်ကြီးများသည် အိန္ဒိယ၊ သီရိလင်္ကာစသော နိုင်ငံတို့သို့ ကြွရောက်သောအခါ ဘုန်းကြီးကျောင်းများ၌ သီတင်းမသုံးကြဘဲ လူနေအိမ် သို့မဟုတ် တည်းခိုခန်းတို့၌ သီတင်းသုံးတတ်ကြ၏။

ထိုအခါ မသိနားမလည်သော ဒကာဒကာမတို့က
” ဆရာတော်ကြီးက ဝိနည်းလေးစားတယ်လည်း ပြောသေးတယ် ၊ အိမ်မှာ တည်းခို ရသလား၊ ဟိုတယ်မှာ နေရသလား ” ဟု အပြစ်ပြောတတ်ကြ၏။

အမှန်စင်စစ်သော်ကား ဝိနည်းလေးစား၍သာ လူနေအိမ်တို့၌ တည်းခို နေထိုင်ခြင်း ဖြစ်ပါ၏။

အနည်းငယ် ရှင်းပြရလျှင် ~

ရဟန်းဝိနည်းတွင် ရဟန်းကိုယ်တိုင် ငွေအလှူခံ ဆောက်လုပ်ထားသော ကျောင်းသည် မအပ်စပ်သော ကျောင်းဖြစ်၏၊

ထိုကျောင်းအရိပ်ကို ဝင်ရောက် ခိုလုံသော ရဟန်းသာမဏေများအားလုံး အာပတ်သင့်၏၊ အပြစ်သင့်၏၊

ရဟန်းကိုယ်တိုင် ငွေအလှူခံလျက် တပ်ဆင်ထားသော မီးရောင်အောက်တွင် စာဖတ်လျင် စာဖတ်သော ရဟန်းသာမဏေများ အာပတ်သင့်၏၊ အပြစ်ဖြစ်၏။

သို့ဖြစ်၍ ယခုခေတ်တွင် ကျောင်းအများစုသည် ရဟန်းကိုယ်တိုင် စီမံဆောက်လုပ်ထားသော ကျောင်းများ ဖြစ်ရကား ဝင်ထွက်တိုင်း အာပတ်သင့်မည် ဖြစ်သောကြောင်း ထိုအပြစ်ကို ရှောင်လိုသည့်အတွက် ဝိနည်းကို အလေးပြုသော ဆရာတော်ကြီးများသည် လူနေအိမ်တို့၌ ခေတ္တသီတင်းသုံးနေတတ်ကြခြင်း ဖြစ်ပါ၏။

သို့သော် ထိုဆရာတော်များသည် လူနေအိမ် သို့မဟုတ် ဟိုတယ်တွင် တည်းခိုခိုက် ကျောခင်းလျက် အိပ်ကြမည် မဟုတ်ပါ။

ထိုင်ခုံပေါ်တွင် ထိုင်လျက်သာ ငုပ်တုပ်အိပ်နေကြသည်ကို ဖူးမြင် ကြရပေလိမ့်မည်။

မှန်၏၊ ရဟန်းတို့သည် အမိုး အကာ တစ်ခုတည်းသော အဆောက်အဦး၌ အခြားသော အခန်း သို့မဟုတ် အထပ်တို့တွင် အမျိုးသမီးများ ကျောခင်းလျက် အိပ်နေပါက ရဟန်းများ ကျောခင်းလျက် မအိပ်ကောင်းပေ။ ပါစိတ်အာပတ်သင့်ပါ၏။

သို့ဖြစ်၍ ထိုအပြစ်ကို ရှောင်လိုသည့်အတွက် လူနေအိမ်တွင် တည်းခိုနေထိုင်သော်လည်း လဲလျောင်းခြင်းကို မပြုကြပါ။

ထိုအကြောင်းကို နားလည်သော အချို့ဒကာဒကာမတို့က မိမိတို့ အိမ်ခြံဝန်းတွင် ခရီးသွားရဟန်းများ တည်ခိုးရန် သီးခြားအဆောင်များ ဆောက်ထားသည်ကို ကြားဖူးပါ၏၊ တွေ့မြင်ဖူးပါ၏။

ထိုသို့ သီးခြားအဆောင်ဖြစ်လျင်ကား ရဟန်းများ ချမ်းသာစွာ လဲလျောင်းလျက် အိပ်စက်နိုင်ပါ၏။

အချုပ်အားဖြင့် ဆိုရလျှင်

(၁) ရဟန်းတို့ကိုယ်တိုင် ငွေဖြင့် ဆောက်လုပ်ထားသော ကျောင်း၌ နေခြင်းကြောင့် သင့်ရောက်သော အပြစ်ကို ရှောင်လိုခြင်းကြောင့် လူနေအိမ်၌ တည်းခိုးနေထိုင်ကြပါသည်။

(၂) အမိုးအကာ တူသော အိမျ၌ တညျးခိုသောအခါ ထိုငျလကြျ အိပျကွပါလျိမျ့မညျ။

ထို့ကြောင့် ဝိနည်းလေးစားသော ဆရာတော်များ လူနေအိမ်တွင် တည်းခိုသောအခါ အပြစ်တင် မစောစေလိုပါကြောင်း။

???? အရှင်အဘယာလင်္ကာရ ????
( မဟာဝိဟာရဝါသီ )

•••••••••••••••••
ကူးယူ၍ပြန်လည်မျှဝေပါသည်။

=======================

(၂) အမိုးအကာ တူသော အိမ်၌ တည်းခိုသောအခါ ထိုင်လျက် အိပ်ကြပါလိမ့်မည်။

ထို့ကြောင့် ဝိနည်းလေးစားသော ဆရာတော်များ လူနေအိမ်တွင် တည်းခိုသောအခါ အပြစ်တင် မစောစေလိုပါကြောင်း။

???? အရွင္အဘယာလကၤာရ ????
( မဟာဝိဟာရဝါသီ )

•••••••••••••••••
ကူးယူ၍ပြန်လည်မျှဝေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top