မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ဖို့ ပြည်ခိုင်ဖြိုးအမတ် လွှတ်တော်တွင် တိုက်တွန်း

အစိုးရချင်းညှိနှိုင်းပြီး မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးကျော်နီနိုင်က ဒီကနေ့ ဇူလှိုင်လ ၂၄ ရက် ပြည်ထောင်စုလွှတ်တော်မှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“လျှပ်စစ်ဓာတ်အားဖြည့်ဆီးပေးနိုင်ရေးနဲ့ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အဓိက အရေးပါလှတဲ့ ကျွန်တော်တို့ပြည်သူများ၏ စိုးရိမ်ကန့်ကွက်မှုကြောင့် ၂၀၁၁ နှစ်ကုန်ပိုင်းမှာရပ်နားခဲ့ရတဲ့ မီဂါဝပ် ၆ထောင်ထွက်ရှိမယ့် မြစ်ဆုံစီမံကိန်းကြီးကို အစိုးရအချင်းချင်း ညှိုနှိုင်းပြီး ရေရှည်အကျိုးစီးပွားအတွက် ပေါင်းစပ်ဆောင်ရွက်သင့်ကြောင်း အကြံံပြုတင်ပြလိုပါတယ်” လို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မိုးရာသီကာလ မီဂါဝပ် ၆၀၅၁ နဲ့ နွေရာသီဆိုရင် မီဂါဝပ် ၄၀၀၀ ထွက်ရှိနိုင်ပြီး ဒီကနေ့အချိန်မှာ တစ်နိုင်ငံလုံးမီးလင်းဖို့ လျှပ်စစ်လိုအပ်ချက်မှာ မီဂါဝပ် ၁သောင်းကျော်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒီမြစ်ဆုံစီမံကိန်းရဲ့ ရေတမံ ကန်အမြင့်ကိုလျော့ချပြီး မီဂါဝပ်ခြောက်ထောင်အစား မီဂါဝပ်လေးထောင် ဆောင်ရွက်ခွင့်ပြုမယ်ဆိုပါက ၎င်းနဲ့ဆက်စပ်တဲ့ စီမံကိန်းများဖြစ်ကြတဲ့ လိုင်ဇာ၊ ချီဖွေ၊ ဝဆုတ်၊ဖီဆာ၊ ခေါင်လန်ဖူး၊ ရီနန် စတဲ့စီမံကိန်းများမှ မီဂါဝပ် ၂၁၀၀၀ နဲ့ သံလွင်မြစ်ပေါ်မှာရှိတဲ့ စီမံကိန်းများဖြစ်ကြတဲ့ ကွမ်းလုံ၊ နောင်ဖ၊ မိုင်းတုံ၊ မန်းတောင်၊ ရွာသစ်၊ ဟက်ကြီး စီမံကိန်းများမှ မီဂါဝပ် ၁၅၀၁၀ ထွက်ရှိလာမှာဖြစ်တယ်၊ တစ်နိုင်ငံလုံးမီးလင်းရေးနဲ့ တစ်နိုင်ငံလုံးမှာ ရေအားလျှပ်စစ်မီဂါဝပ် ၄၈၅၀၀ ထုတ်လုပ်နိုင်တာကို လေ့လာတွေ့ရှိရတယ်” လို့ ဦးကျော်နီနိုင်ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲခွင့်ရရှိရေးအတွက် နိုင်ငံတော်အစိုးရက လာမယ့် ၂၀၂၇ ခုနှစ်အမှီ တစ်နိုင်ငံလုံးလျှပ်စစ်မီးတပြေးညီ သုံးစွဲခွင့်ရရှိစေဖို့ကိုလည်း အထူးကြိုးပမ်း ဆောင်ရွက်သင့်ပါကြောင်း ပြည်ထောင်စုလွှတ်တော်နာယကကြီးမှ တဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းဆွေးနွေးရင်း နိဂုံးချုပ်ပါတယ်လို့ ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ဦးကျော်နီနိုင်က ဒီကနေ့လွှတ်တော်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
စွမ်းရဲထွဋ် (VOM)

========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top