သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်စေတဲ့ အကြောင်းအရင်း (၁၂) ချက်

အိပ်ရေးပျက်ခြင်းဟာ ကျန်းမာရေးကိုတင်မကဘဲ အလှအပကိုထိခိုက်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်မှုကိုဖြစ်စေသလို ဝိတ်လည်းပိုတက်စေပါတယ်။ အိပ်တယ်ဆိုတဲ့နေရာမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့လိုပါတယ်။ တချို့ကလည်း အိပ်ချင်ရက်နဲ့ အိပ်မပျော်နိုင်ကြပါဘူး။ အဲဒီလိုနှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရတဲ့ အကြောင်းအရင်းတချို့ရှိပါတယ်။

၁။ အခန်းအပူချိန်

Image Credit: depositphotos

ပူလွန်းရင်အိပ်မပျော်သလို အေးရင်လည်း အိပ်မပျော်တတ်ပါဘူး။ အပူချိန်ကနွေးနွေးလေးဖြစ်နေရင်တော့ နှစ်နှစ်ခြိုက်အိပ်ပျော်စေပါတယ်။ အဲဒါကြောင့် ရာသီဥတုအရမ်းပူမနေတဲ့အခါမျိုးမှာ အိပ်တဲ့အခါ စောင်ပါးပါး လေးတစ်ထည်လောက် ခြုံအိပ်သင့်ပါတယ်။

၂။ ကိုယ်ကာယလေ့ကျင့်ခန်း

Image Credit: depositphotos

ကိုယ်ကာယလေ့ကျင့်ခန်းတွေပြုလုပ်ခြင်းက အာရုံကြောတွေကို နိုးကြားတက်ကြွစေပါတယ်။ အဲဒါကြောင့် အိပ်ချိန်နဲ့ကပ်ပြီး လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။ အိပ်ရာမဝင်ခင် အနည်းဆုံး ၃ နာရီအတွင်း ကိုယ်ကာယ လေ့ကျင့်ခန်းမလုပ်တာ အကောင်းဆုံးပါပဲ။

၃။ အိပ်ချိန်မမှန်ခြင်း

အချိန်မှန်မအိပ်ခြင်းကလည်း အိပ်မပျော်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ဥပမာဆိုရရင် ဖွင့်ရက်တွေမှာ ပုံမှန်အိပ်ပြီး ပိတ်ရက်တွေမှာ ညဉ့်နက်တဲ့အထိနေတာမျိုး ဖြစ်ပါတယ်။ နေ့စဉ် အိပ်ရေးဝအောင် အိပ်စက်ဖို့လည်း လိုအပ်ပါတယ်။ အဲဒါကြောင့် ညတိုင်းအချိန်မှန်မှန်အိပ်ရာဝင်ပါ။

၄။ အခန်းအလင်းရောင်

Image Credit: depositphotos

မီးအိမ်နဲ့ LED မီးတွေတို့အပါအဝင် လျှပ်စစ်မီးရောင်တွေကထွက်လာတဲ့ အလင်းမှိန်မှိန်လေးကတောင် သင့်ရဲ့ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။ ပိုမှောင်လေ ပိုအိပ်လို့ကောင်းလေပါပဲ။ အဲဒါကြောင့် အဲဒီအလင်းရောင်တွေကို ရှောင်ဖို့အတွက် မျက်လုံးကို sleeping mask လေးအုပ်ပြီး အိပ်နိုင်ပါတယ်။

၅။ ဆူညံသံ

Image Credit: depositphotos

အိပ်နေချိန်မှာ အပြင်ဘက်ကားသံတွေအပါအဝင် အသံမျိုးစုံက အနှောင့်အယှက်ပေးတတ်ပါတယ်။ အဲဒါကြောင့် သင့်ကိုသက်သောင့်သက်သာ ဖြစ်စေမယ့် earplug မျိုးကို နားမှာတပ်ဆင်ထားနိုင်ပါတယ်။ သီချင်းဖွင့်ထားဖို့ မဆိုလိုပါဘူးနော်။

၆။ အိပ်ရာထဲမှာ အလုပ်လုပ်ခြင်း

Image Credit: depositphotos

တချို့တွေက အိပ်ခါနီး ဖုန်းတွေ၊ laptop တွေသုံးပြီး အလုပ်လုပ်တတ်ကြပါတယ်။ အဲဒီအကျင့်က ကျန်းမာရေး အတွက် တကယ်မကောင်းပါဘူး။ အဲဒါကြောင့် အိပ်ခါနီးအလုပ်လုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၇။ ကဖိန်းဓာတ်များခြင်း

ကဖိန်းဓာတ်က လူတွေကိုအိပ်မပျော်စေဘူးဆိုတာကိုတော့ သိပြီးဖြစ်မှာပါ။ ဒါပေမဲ့ ကဖိန်းဟာ ကော်ဖီထဲမှာ တင်မကဘဲ လက်ဖက်ရည်နဲ့ ချောကလက်တို့လို စားသောက်ကုန်တချို့မှာလည်း ပါဝင်ပါတယ်။ အဲဒါကြောင့် ညနေခင်းရောက်လာပြီဆိုတာနဲ့ ကဖိန်းဓာတ်ပါတဲ့အစားအသောက်တွေ စားသုံးခြင်းကို လျှော့ချပါ။

၈။ ကိုယ့်ကိုယ်ကို အိပ်ပျော်အောင်ကြိုးစားပါ

တစ်ခါတရံမှာ မအိပ်ချင်ဘဲအိပ်ရာဝင်ရတာမျိုး ရှိပါတယ်။ အဲဒါကြောင့် အိပ်ရာဝင်ပြီး မိနစ် ၂၀ လောက်ကြာတဲ့ အထိ အိပ်မပျော်ဘူးဆိုရင် စာအုပ်တစ်အုပ်ကိုယူဖတ်ပါ။ (စာအုပ်ကိုသာဆိုလိုပြီး e-book တွေကို မဆိုလိုပါ။)

၉။ အိပ်ခါနီးအရက်သောက်သုံးခြင်း

Image Credit: depositphotos

အိပ်ခါနီးအရက်သောက်ပြီးမှ နိုးထတဲ့အခါ ခေါင်းမကြည်ဘဲ ပင်ပန်းနွမ်းနယ်နေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် မအိပ်ခင် ၂ နာရီအတွင်း အရက်မသောက်တာကောင်းပါတယ်။ ဖြစ်နိုင်ရင်တော့ လုံးဝ မသောက်တာဟာ အကောင်းဆုံးပါပဲ။

၁၀။ စိတ်ကိုအနားမပေးခြင်း

Image Credit: depositphotos

အိပ်ရာဝင်ချိန်မှာ အတွေးပေါင်းစုံတွေးနေခြင်းဟာ အိပ်မပျော်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အိပ်ရာဝင်ချိန်မှာ အတွေးတွေကို ဖျောက်ဖျက်နိုင်အောင်ကြိုးစားပါ။ တစ်ခုခုကို အာရုံစိုက်လိုက်တာမျိုး၊ တစ်စုံတစ်ရာကို ရေတွက်တာမျိုး၊ ဥပမာဆိုရင် မျက်လုံးမှိတ်ပြီး သိုးကောင် ရေကို ရေတွက်တာမျိုးပါ။

၁၁။ မအိပ်ခင်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပါ

Image Credit: depositphotos

မအိပ်ခင်မှာ မပူမအေးတဲ့ရေနဲ့ ရေချိုးပေးခြင်းက သင့်ရဲ့အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေပါတယ်။ ပူတဲ့ ရေနွေးနဲ့ရေချိုးမယ်ဆိုရင်တော့ သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို ပိုမိုမြန်ဆန်လာစေတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲသွားတတ်ပါတယ်။

၁၂။ အိပ်စက်တဲ့အနေအထား

Image Credit: depositphotos

အိပ်စက်တဲ့အနေအထား မမှန်ဘူးဆိုရင်လည်း သင့်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်စေပါဘူး။ အဲဒါကြောင့် သင့်အတွက်အိပ်စက်ရတာ သက်သောင့်သက်သာအဖြစ်ဆုံး အနေအထားအတိုင်း အိပ်စက်ပါ။

Katie Scarlett
We Media

Source: Bright Side

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top