အွန်လိုင်းဈေးရောင်းသူများ ကုမ္ပဏီလိုင်စင်နှင့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်ရှိမှ တရားဝင် ရောင်းခွင့်ပြုမည်

အွန်လိုင်း အသုံးပြု၍ ဈေးရောင်းမည့်သူများ အနေဖြင့် ကုမ္ပဏီလိုင်စင်နှင့် ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခု တည်ထောင်ထားမှသာ တရားဝင် ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရောင်းချနေသော Online Shop များမှာ Formal Marketplace/Platform များမှ ရောင်းချခြင်းထက် Social Media Facebook မှသာ ရောင်းချသော ကြောင့် ဝယ်ယူသူများအတွက် ယုံကြည်စိတ်ချရမှု မရှိသည့်အပြင် အတုအပ၊ လိမ် လည် ရောင်းချခြင်းများရှိသောကြောင့် အွန်လိုင်းမှ ရောင်းဝယ်ဖောက် ကားခြင်းများကို လိုအပ်သည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများအတိုင်း ဆက်လက် ပြဋ္ဌာန်းနိုင်ရန် ယခုကဲ့သို့ Voluntary e-Commerce (Online Shop) မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အွန်လိုင်းမှ ဈေးရောင်းချမည့်သူများအနေဖြင့် မိမိတို့လုပ်ငန်းကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇) အရ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် မှတ်ပုံတင်ထားရမည် ဖြစ်ပြီး တရားဝင် ဝက်ဘ်ဆိုက်တစ်ခု ရှိရမည် ဖြစ်သည်။

ထို့ပြင် မှတ်ပုံတင် ပြုလုပ်ထားသူများသည် ပြည်တွင်းအခြေပြု အွန်လိုင်းမှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ရောင်းဝယ်ဖောက်ကားနေသော လုပ်ငန်းဖြစ်ရန် လိုအပ်ပြီး အွန်လိုင်း ဂိမ်းများ၊ လောင်းကစားနှင့် သက်ဆိုင်သည့် ကိစ္စများ၊ တရားမဝင် အရောင်းအဝယ်များနှင့် ဥပဒေအရ ကန့်သတ်ထားသော ကုန်စည်များကို လုံးဝ ဆောင်ရွက်ခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

Online Shop များအတွက် မှတ်ပုံတင် သက်တမ်းသည် ၅ နှစ်ဖြစ်ကာ သက်တမ်း မကုန်မီ သုံးလ အလိုတွင် သက်တမ်းတိုး လျှောက်ထားရမည် ဖြစ်ပြီး မှတ်ပုံတင်ကြေး အခမဲ့ဖြင့် အွန်လိုင်းမှ တစ်ဆင့်လျှောက်ထား နိုင်မည်ဖြစ်သည်။

မှတ်ပုံတင်ခြင်းအတွက် အသေးစိတ် အချက်အလက်များကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ယင်းသို့ မှတ်ပုံ တင်ခြင်းဖြင့် ရောင်းသူ၊ ဝယ်သူကြား လုပ်ငန်းယုံကြည်မှု ပိုမိုရရှိစေမည် ဖြစ်ကာ အငြင်းပွားမှု တစ်စုံတရာ ဖြစ်ပေါ်လာပါကလည်း ဥပဒေကြောင်းအရမှန်ကန်စွာဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top