လူနာတင်ကားခိုးပြီး ဆီမထည့်နိုင်လို့ အဖမ်းခံရသူ

ထိုင်းနိုင်ငံ ဖူးခက်က လူနာတင်ယာဥ် ခိုးယူသွားသူ တစ်ယောက်ကို ဖန်နာမြို့မှာဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖူးခက်သတင်းဌာနရဲ့ ပြောကြားချက်အရ ယမန်နေ့မနက် ၄ နာရီအချိန်ခန့်က ကူဆွန်ဟန်ဖောင်ဒေးရှင်းရှေ့မှာ ရပ်ထားတဲ့ လူနာတင်ယာဥ်တစ်စီးခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ဖူးခက်ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးတဲ့အခါ ဖောင်ဒေးရှင်းက လူတစ်ယောက်လည်း ကားနဲ့အတူ ပျောက်ဆုံးတာ တွေ့ရပါတယ်။ ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ လူနာတင်ယာဥ်မှာ ဆီအနည်းငယ်သာပါပြီး သိပ်အဝေးကြီးမောင်းလို့မရကြောင်း သိရပါတယ်။ ဒါကြောင့် အနီးပတ်ဝန်းကျင်က လမ်းတွေနဲ့ ဆီဆိုင်တွေမှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ ကားခိုးသွားသူ ဖောင်ဒေးရှင်းဝန်ထမ်းဟာ လမ်းခုလတ်မှာ ဆီပြတ်လပ်မှုနဲ့ကြုံခဲ့ရကြောင်း၊ ဆီထည့်ဖို့ ပိုက်ဆံမပါတဲ့အတွက် အရေးပေါ် အကြောင်းပြချက်နဲ့ ဆီဆိုင်ကို ဆီဖြည့်ခိုင်းပေမယ့် ဆီဆိုင်ဝန်ထမ်းတွေက ငြင်းဆန်လိုက်လို့ ဆီမထည့်ဘဲ မောင်းသွားရပါကြောင်း၊ ယနေ့ မနက်မှာတော့ ဖန်နာရဲတပ်ဖွဲ့က လမ်းဘေးမှာဆီကုန်ပြီး ရပ်နေတဲ့ လူနာတင်ယာဥ်နဲ့ ကားခိုးသူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ ကျူးလွန်သူဟာ အသက် ၁၉ နှစ်အရွယ် ဘွန်ကမ်ဆိုသူဖြစ်ပြီး အိမ်ကို အရေးပေါ်ပြန်ချင်တာကြောင့် ခုလိုလူနာတင်ယာဥ်ကို ယူဆောင်လာရင်း ဆီပြတ်ပြီး အဖမ်းခံရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဖူးခက်ရဲတပ်ဖွဲ့ကတော့ အမှုတည်ဆောက်ဖို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

Ref – The Nation

=========================

ထိုင်းနိုင်ငံ ဖူးခက်က လူနာတင်ယာဉ် ခိုးယူသွားသူ တစ်ယောက်ကို ဖန်နာမြို့မှာဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖူးခက်သတင်းဌာနရဲ့ ပြောကြားချက်အရ ယမန်နေ့မနက် ၄ နာရီအချိန်ခန့်က ကူဆွန်ဟန်ဖောင်ဒေးရှင်းရှေ့မှာ ရပ်ထားတဲ့ လူနာတင်ယာဉ်တစ်စီးခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ဖူးခက်ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးတဲ့အခါ ဖောင်ဒေးရှင်းက လူတစ်ယောက်လည်း ကားနဲ့အတူ ပျောက်ဆုံးတာ တွေ့ရပါတယ်။ ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ လူနာတင်ယာဉ်မှာ ဆီအနည်းငယ်သာပါပြီး သိပ်အဝေးကြီးမောင်းလို့မရကြောင်း သိရပါတယ်။ ဒါကြောင့် အနီးပတ်ဝန်းကျင်က လမ်းတွေနဲ့ ဆီဆိုင်တွေမှာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောပြချက်အရ ကားခိုးသွားသူ ဖောင်ဒေးရှင်းဝန်ထမ်းဟာ လမ်းခုလတ်မှာ ဆီပြတ်လပ်မှုနဲ့ကြုံခဲ့ရကြောင်း၊ ဆီထည့်ဖို့ ပိုက်ဆံမပါတဲ့အတွက် အရေးပေါ် အကြောင်းပြချက်နဲ့ ဆီဆိုင်ကို ဆီဖြည့်ခိုင်းပေမယ့် ဆီဆိုင်ဝန်ထမ်းတွေက ငြင်းဆန်လိုက်လို့ ဆီမထည့်ဘဲ မောင်းသွားရပါကြောင်း၊ ယနေ့ မနက်မှာတော့ ဖန်နာရဲတပ်ဖွဲ့က လမ်းဘေးမှာဆီကုန်ပြီး ရပ်နေတဲ့ လူနာတင်ယာဉ်နဲ့ ကားခိုးသူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ ကျူးလွန်သူဟာ အသက် ၁၉ နှစ်အရွယ် ဘွန်ကမ်ဆိုသူဖြစ်ပြီး အိမ်ကို အရေးပေါ်ပြန်ချင်တာကြောင့် ခုလိုလူနာတင်ယာဉ်ကို ယူဆောင်လာရင်း ဆီပြတ်ပြီး အဖမ်းခံရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဖူးခက်ရဲတပ်ဖွဲ့ကတော့ အမှုတည်ဆောက်ဖို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

Ref – The Nation

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top