“အသက် (၆) နှစ်အရွယ် လူနာအမှတ်(၃၁၈) ဆေးရုံမှဆင်းပြီ”
မင်းလွင်
ရန်ကုန် – အသက် (၆) နှစ်အရွယ် လူနာအမှတ်(၃၁၈)သည် နှစ်ကြိမ်ဆက်ပိုးမတွေ့သည့်အတွက် ယနေ့နံနက်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း တီးတိန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ဇမ်ကျင်က အတည်ပြုပြောကြားသည်။
အိန္ဒိယနိုင်ငံမှပြန်ရောက်ရှိလာသော အဆိုပါကလေးငယ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် အတည်ပြုလူနာအမှတ်(၃၁၈)အဖြစ် ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် တီးတိန်ဆေးရုံ၌ ကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။
အထက်ပါ လူနာကလေးငယ်အား ဆေးရုံစတက်သည့်နေ့တွင် တီးတိန်ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများက ဆော့စရာကားရုပ်များပေးအပ်ခဲ့သည့်အပြင် ယခုဆေးရုံဆင်းချိန်၌လည်း ကလေးစီးစက်ဘီးတစ်စီးပေးရန် စီစဉ်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။
ထို့ပြင် ကလေး၏ခန္ဓာကိုယ်တွင် ပါဝါရိန်းဂျားအပြာရောင်ဝတ်စုံနှင့်အတူ ကျောပိုးအိတ်တစ်လုံးကိုလည်း စီစဉ်ပေးခဲ့သည်။
ဓာတ်ပုံ – Thaw Thawn (The Tedim Post)
=====================

ဓာတ္ပုံ – Thaw Thawn (The Tedim Post)