မြန်မာပြည် သွေးလွန်တုပ်ကွေးဖြစ်သူ ကိုဗစ်ထက် (၁၀)ဆ ကျော်၊ သေဆုံးသူ (၄)ဆ ကျော်မြင့်တက်…

သွေးလွန်တုပ်ကွေးရောဂါ နဲ့ သေဆုံးသူအရေအတွက်ဟာ ကမ္ဘာ့ကူးစက်မြန်ရောဂါ ကိုဗစ်-၁၉ နဲ့ သေဆုံးနေတာထက် ၄ ဆကျော်မြင့်တက်လာနေပြီး မြန်မာတနိုင်ငံလုံးမှာ ဖြစ်ပွားသူ ၃၄၀၀ ကျော်နေပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ခြင်ကျားကိုက်ခံရလို့ ဖြစ်ပွားတဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်သူဦးရေဟာ ကိုဗစ်-၁၉ ဖြစ်သူထက်လည်း ၁၀ ဆ လောက်ပိုများနေတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူ အတည်ပြုလူနာ ၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၆ ယောက်ရှိပေမယ့် သွေးလွန်တုပ်ကွေးဖြစ်သူကတော့ ၃၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၇ ယောက်ရှိတာကြောင့် ဂရုစိုက်ကာကွယ်ကြဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားနေတာဟာ မိုးတွင်းကာလ မြင့်တက်တာဖြစ်လို့ အခုကာလဟာ ဒီရောဂါကို ပိုသတိထားရမှာဖြစ်ပြီး စက်တင်ဘာနဲ့ အောက်တိုဘာလရောက်ရင် ဖြစ်ပွားတာ လျော့ကျတတ်တယ်လို့ ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောပါတယ်။

ဇန်နဝါရီလကနေ ဇူလိုင်လအထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူအရေအတွက် ၃၄၄၆ ဦးရှိပြီး ပြည်နယ်နဲ့ တိုင်း ၁၀ ခုက မြို့နယ် ၂၀ မှာ ရောဂါဖြစ်ပွားနေတာပါ။ အခု ဇူလိုင်လအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းက ဖြစ်ပွားသူ ၁၂၀၊ သေဆုံးသူ ၃ ဦးနဲ့ အဖြစ်များဆုံး ရှိနေပါတယ်။

လူဦးရေအထူထပ်ဆုံး ရန်ကုန်တိုင်းဒေသကြီးမှာတော့ ရောဂါဖြစ်ပွားသူ ၃၉ ဦးနဲ့ သေဆုံးသူ ၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။

တုပ်ကွေးရောဂါကို ဂရုစိုက်ရမယ့်ကာလ ဖြစ်နေတာကြောင့်လည်း နေမကောင်းဖြစ်သူတွေအနေနဲ့ Fever Clinic ကို လာပြစေချင်တယ်လို့ မရမ်းကုန်းမြို့နယ် Fever Clinic တာဝန်ခံဆရာဝန် ဒေါက်တာရဲလင်းစိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က မြန်မာတနိုင်ငံလုံး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၄၀၀၀ ကျော် ရှိခဲ့တာကြောင့် အခု ၂၀၂၀ ပြည့်နှစ်မှာလည်း နှစ်ဝက်ကာလအတွင်း အရေအတွက် ၃၀၀၀ ကျော်နေတာဟာ အရင်နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ဖြစ်ပွားနှုန်း လျော့ကျနေသေးတယ်လို့ ဆိုပါတယ်။

သွေးလုပ်တုပ်ကွေးရောဂါမှ ကာကွယ်ဖို့ ခြင်မပေါက်စေရန် ပိုးလောက်လန်း မပေါက်စေရန် ဖုံး၊ သွန်၊ ခပ်၊ စစ်လောင်း၊ ကောင်၊ လဲ၊ ဖွင့်၊ မြုပ်၊ ရှင်း၊ မှုတ် အကုန်လုပ်၊ ခြင်မကိုက်စေရန် အကျီၤ လက်အရှည် ဘောင်းဘီအရှည် ဝတ်ရန် နေ့လည်အိပ်လဲ ခြင်ထောင်ဖြင့် အိပ်ရန်၊ ကလေးများ ကျောင်းသွားချိန် ခြင်မကိုက်စေရန် ကြိုတင်ပြင်ဆင်ပေးရန်၊ အိမ်ရှိ ခြုံ အမှောင် ခြင်ခိုအောင်းနိုင်သောနေရာများကို ရှင်းလင်းပေးရပါမည်။

=====================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top