ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်ရှိရန်အောင်မြေကျောင်းစစ်ဘေးရှောင်စခန်းနေ ကျောင်းသား/ ကျောင်းသူများအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ကျောင်းထိုင်ဆရာတော်ကမိန့်ကြားပါတယ်။
“ကျောင်းဖွင့်ရာသီဆိုတော့ ကျောင်းသား / ကျောင်းသူတွေအတွက်အကူအညီတွေ လိုအပ်နေတာပေါ့။စာအုပ်စာတမ်း အဝတ်အစား အသုံးအဆောင်ကအစပေါ့။”ဟု ရန်အောင်မြေစစ်ဘေးရှောင်စခန်းဆရာတော် ဦးဝံသက မိန့်ကြားပါတယ်။
Photo – Kaung Mrat Naing / MPA
အဲဒီစစ်ဘေးရှောင်စခန်းမှာသူငယ်တန်း ကျား ၆ ဦး မ ၇ ဦး ပထမတန်း ကျား ၃ ဦး မ ၁ ဦး ဒုတိယတန်း ကျား ၄ ဦး မ ၄ ဦး တတိယတန်း ကျား ၃ ဦး မ ၆ စတုတ္ထတန်း ကျား ၄ မ ၁၀ပဉ္စမတန်း ကျား ၄ မ ၈ ဆဌမတန်း ကျား ၈ မ ၅ သတ္တမတန်း ကျား ၆ မ ၄ အဌမတန်း ကျား ၁၂ မ ၁၅ နဝမတန်း ကျား ၆ ဦး မ ၁၃ ဦး ဒသမတန်း ကျား ၁၂ ဦး မ ၁၁ ဦး စုစုပေါင်း၁၅၂ ဦး ရှိနေပါတယ်။
“စစ်ဘေးရှောင်စခန်းမှာ နေတာဆိုတော့ အလုပ်အကိုင်လည်းမရှိဘူး။ဝင်ငွေလည်းမရှိတော့ သားသမီးတွေအတွက် လိုအပ်တဲ့ အဝတ်အစား ထီး စာအုပ်ကအစ ဘာမှ ဝယ်မပေးနိုင်ပါဘူး။ ” စစ်ဘေးရှောင်း ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။
Photo – Kaung Mrat Naing / MPA
ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၄ စုရှိပြီး ရန်အောင်မြေကျောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၆၇ စု ကျား ၂၄၈ ဦး မ ၃၅၇ ဦး စုစုပေါင်း ၆၀၅ ဦးစစ်ဘေးရှောင်ခိုလှုံနေကြတာ ဖြစ်ပါတယ်။
========================