မိဘဖြစ်ရတာ သားသမီးတွေကိုပြုစုစောင့်ရှောက်ရတဲ့အပြင် ၊ အိမ်မှုကိစ္စ နှင့် စီးပွားရေးတွေပါ ဦးစီး လုပ်ဆောင်နေရလို့ နားရတယ်လို့ကို မရှိရလောက်အောင် ခက်ခဲလွန်လှပါတယ် ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ Jia Jia ဆိုတဲ့ 6 နှစ် အရွယ်သမီးလေးရဲ့အဖြစ်ကတော့ မထင်ထားရလောက်အောင်ပါပဲ ။
သိတတ်လွန်းပြီး စိတ်ရှည် သည်းခံမှုတွေအပြည့်ရှိတဲ့ Jia Jia ဟာ အကြောသေနေတဲ့ သူမရဲ့ဖခင် Tian Haicheng ကိုပြုစုစောင့်ရှောက်ပေးနေတဲ့ video တွေဟာ online ပေါ်မှာပျံ့နှံ့ လို့နေပြီး ၊ ကြည့်ရှုသူတွေရဲ့ နှလုံးသား ကိုလှုပ်ခါသွားစေနိုင်ခဲ့ပါတယ် ။
ဖခင်ဖြစ်သူ Mr Tian က အဆိုပါ video ကို social media ပေါ်ဝေမျှပေးပြီးနောက်မှာတော့ အကောင့်မှာ Follower ပေါင်း 480,000 ကျော်အထိရရှိသွားခဲ့ပါတယ် ။ ဖခင်ဖြစ်သူဟာ ကားအက်စီးဒန့်ဖြစ်ပြီး နောက်မှာတော့ ရင်ဘတ်ကနေစပြီးအောက်ဖက်ခန္ဓာကိုယ်တစ်ခုလုံး အကြောသေသွားခဲ့ပါတယ် ။
ကားအက်စီးဒန့်ဖြစ်ပြီး 2လ အကြာမှာတော့ ဇနီးဖြစ်သူဟာ အိမ်ကနေထွက်သွားခဲ့ပြီး ၊ သားဖြစ်သူကိုပါ သူမနဲ့အတူခေါ်သွားခဲ့ပါတယ် ။ ” အဖေ့ကို စောင့်ရှောက်ပေးရတာ နဲနဲလေး တောင် မပင်ပန်းပါဘူး ” ဆိုပြီး Jia Jia က အင်တာဗျူ းမှာ ဖြေကြားသွားခဲ့ပါတယ် ။
Jia Jia ဟာ မနက် 6နာရီမှာ အိပ်ယာကနေထပြီး ၊ ဖခင်ဖြစ်သူကို ခေါ်ထပြီး ဝီးချဲပေါ်တင်ပေးဖို့ လူသိုင်ကြီးတွေသုံးပြီး စက်ခလုတ်နှိပ်ပေးလေ့ရှိပါတယ် ။ ထို့နောက် ဖခင်ဖြစ်သူရဲ့ကြွက်သား တွေကိုနာရီဝက်ခန့်နှိပ်နယ်ပေးပြီး ဖခင်ဖြစ်သူကို မျက်နှာသစ် ၊ သွားတိုက်ပေးပါတယ် ။
ထို့နောက်ဖခင်ကို အဘွားဖြစ်သူနှင့်အတူထားခဲ့ပြီးမှ သူမကျောင်းကိုသွားပါတယ် ။ Jia Jia ဟာ အသက်အတော်လေးငယ်နေသေးပေမဲ့ ဖခင်ရဲ့မုတ်ဆိတ်တွေကို ရိတ်ပေးတတ်နေပြီဖြစ်တဲ့အတွက် ” အဖေ့ရဲ့လက်ကလေး ” ဆိုပြီး ဖခင်ဖြစ်သူကခေါ်နေရလောက်အောင် သိတတ်လိမ္မာလွန်းတဲ့ သမီးငယ်လေးဖြစ်ပါတယ် ။
unicode