ပရဟိတမင်းသမီးလေးလို့ ပရိသတ်တွေက တင်စားကြတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ခိုင်နှင်းဝေ ပရဟိတလူငယ်များအဖွဲ့တည်ထောင်ထားပြီး လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေလျက် ရှိပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နေရင်း သူမတတ်နိုင်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာလည်း ခိုင်နှင်းဝေက ဖခင်စွန့်ပစ်ခံရပြီး မိခင်ကပါ လူ့လောကထဲမှာမရှိတော့တဲ့ (၁၄)ရက်သား ကလေးငယ်လေးကို ခေါ်ယူမွေးစားခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။
“၁၅ နှစ် သမီးက မွေးတဲ့ ၅ပေါင်ပဲရှိတဲ့ ၁၄ရက်သား အသားဝါရောဂါရှင်လေး ဖခင်ဖြစ်သူက လူစိတ်မဲ့ပြီး ကိုယ်ဝန်ရှိထဲက ထားခဲ့ပြီး..အမေဖြစ်သူက မီးတွင်းထဲမှာ ဆုံးသွားတယ်။ ဦးလေးဖြစ်တဲ့သူက ကျမဆီ ဆက်သွယ်ပြီး အကူညီတောင်းရှာတယ်။
ကလေးဆို ဘာရောဂါမှ မရှိမှ ခေါ်မယ်ဆိုတဲ့ စိတ်ကူးမရှိခဲ့တဲ့အတွက်ရယ် ကလေးရဲ့ရောဂါက ကူးစက်ရောဂါမဟုတ်တာရယ်ကြောင့် ကျမ ဒီကလေးလေးကို အလုံးစုံ သက်သာပျောက်ကင်းအောင် ကုသရင်း ကျမ ရင်ခွင်မှာ မိခင်မေတ္တာကော ဖခင်မေတ္တာပါ အပြည့်အဝ ပေးမယ်လို့ ဆုံးဖြတ်ရင်း ကျမ သားငယ်လေးတစ်ယောက် ထပ်တိုးလာခဲ့ပြန်ပါပြီရှင်။” ဆိုပြီး မျှဝေထားပါတယ်။
ခိုင်နှင်းဝေကတော့ အခက်အခဲဖြစ်နေရှာတဲ့ ကလေးငယ်တွေကို ကူညီရင်း သံယောဇဉ်ကြိုးလေးတွေ တိုးလာခဲ့ပြီပဲ ဖြစ်ပါတယ်။ သားလေးလည်း မေမေခိုင်နှင်းဝေရဲ့ ရင်ငွေ့တွေနဲ့ အေးချမ်းပျော်ရွှင်ပြီး တိုင်းပြည်အတွက် အကျိုးရှိစေတဲ့ သားကောင်းရတနာလေးဖြစ်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ယူနီကုဒ်ဖြင့်ဖတ်ရန်
မီးတွင်းထဲမှာဆုံးသွားရှာတဲ့ (၁၅)နှစ်အရွယ်မိခင်ရဲ့ (၁၄)ရက်သား အသားဝါရောဂါရှင်လေးကို ဂေဟာမှာ ခေါ်ယူမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ