အဖေနဲ့ အမေကို အချိန်တို အတွင်း ဆုံးရှုံးခဲ့ရလို့ ယူ ကျုံးမရ ခံစားခဲ့ရတဲ့ အကြောင်း မျက်ရည် တွေ နဲ့ ရင်ဖွင့်လာ တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်

သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်ကတော့ ရုပ်ရှင်ဗီဒီယိုနဲ့ ကြော်ငြာ များစွာ ကိုရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိခဲ့တဲ့မင်းသမီးတလက်ပဲ ဖြစ်ပါတယ်။ယခုအခါမှာတော့ တည်ငြိမ်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ဘဝခရီးလမ်းကို လျှောက်လှမ်းနေခဲ့တာပါ။

သူမ အနေနဲ့ မိဘ ၂ ပါးကို တစ်နှစ်အတွင်း ဆုံးရှုံးလိုက်ရတဲ့ အပြင် မိဘလိုချစ်ခင်ရတဲ့ ယောက္ခမ ကိုပါ ဆုံးရှုံးခဲ့ရလို့ ယူကျုံးမရဖြစ်ခဲ့ရတဲ့ အကြောင်းရင်ဖွင့်လာခဲ့ပါတယ်။

ဇင်ဇင်ဇော်မြင့် က “”ဖေဖေရော မေမေရော အနုပညာလုပ်ခွင့်ပေးခဲ့ပါတယ်။ ဖေဖေနဲ့မေမေကိုသတိရတယ်။ ဘာလို့လဲဆိုတော့ ဖေဖေကလည်းအနုပညာသမားတစ်ယောက်ပဲဆိုတော့ အရမ်းကိုအစ်မကိုချစ်တယ်လေ။ အစ်မကလည်းဖေဖေတို့ မေမေတို့ကိုချစ်ပါတယ်။ အခုချိန်မှာတော့ သူတို့ကိုရှိစေချင်တာပေါ့။ ဒါကတော့ သားသမီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့မိဘကိုအနားမှာရှိစေချင်တာ လူတိုင်းလို့ထင်ပါတယ်”ဆိုပြီး ဆုံးပါးသွားတဲ့ မိဘနှစ်ပါးကို သတိရတဲ့အကြောင်း ရင်ဖွင့်လာခဲ့တာပါ။

သူမအနေ နဲ့ ငယ်စဉ်ဘဝက မိဘတွေနဲ့ သဘောထာချင်းမတိုက်ဆိုင်မှုတွေရှိခဲ့သလို ကိုယ်ဖြစ်ချင်တာတွေကို တားဆီးတဲ့အခါ စိတ်ဆိုးခဲ့ပေမယ့် ကိုယ်တိုင် သားသမီးရလာတဲ့ အချိန်မှာတော့ မိဘတွေကိုနားလည်လာခဲ့တယ်လို့လည်းဆိုပါတယ်။

မိဘတွေ ဖြစ်ချင်တဲ့ ဆန္ဒအတိုင်း အလှူအတန်းတွေလည်း လုပ်ပေးဖြစ်တယ်လို့ ပြောလာခဲ့တာပါ။ ယနေ့ခေတ်လူငယ်တွေကိုလည်း မိဘကို သက်ရှိထင်ရှားရှိစဉ်မှာ စိတ်ချမ်းသာအောင်ထားကြဖို့နဲ့ မိမိ ဖြစ်ချင်တာကို ညှိနှိုင်းယူဖို့ ကြိုးစားသင့်ကြောင့်လည်းဇင်ဇင်ဇော်မြင့်က အကြံပေးသွားခဲ့ပါသေးတယ်။

ဒါ ကတော့ မိဘတွေ ကို တနှစ်အတွင်းဆုံးရှုံးခဲ့ရတဲ့အတွက် ယူကျံးမရဖြစ်နေတဲ့ ဇင်ဇင်ဇော်မြင့်ရဲ့ ရင်တွင်းစကားသံလေးတွေပဲဖြစ်ပါတယ်နော်။ပရိသတ်ကြီးလည်း မိဘကျေးဇူးကို ဆပ်နိုင်တဲ့ သားသမီးကောင်းတွေဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

unicode

RELATED POSTS

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top