ကိုဗစ်ကာလမရှောင် ဆက်ကြေး ကောက်ခံနေတဲ့ ကေအိုင်အေ/ကေအိုင်အိုကြောင့် မြစ်ကြီးနားနေ ပြည်သူများ အခက်အခဲကြုံတွေ့နေ…

လတ်တလောပြည်တွင်း၌ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကာလတွင် ဆက်ကြေးကောက်နေသည့် ကေအိုင်အေ/အေအိုင်အို ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု မြစ်ကြီးနားရှိ လုပ်ငန်းရှင်အချို့ ထံမှ သိရသည်။

ကိုဗစ်-၁၉ကြောင့် စီးပွားရေးလုပ်ငန်း အစဉ်မပြေဖြစ်နေချိန်တွင် ကေအိုင်အေမှ ဆက်ကြေးအတင်းအဓမ္မ ကောက်ခံနေသဖြင့် များစွာ ဒုက္ခရောက်ကြောင်း မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အတွင်း နေထိုင်သူ လုပ်ငန်းရှင် ပြည်သူတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

“ကိုဗစ်ကြောင့် စီးပွားရေးတွေ အဆင်မပြေပါဘူးဆိုမှ သူတို့က လာလာပြီး ဆက်ကြေးတောင်းနေတော့ ခက်တာပေါ့၊ လုပ်ငန်းက ကြီးကြီးမားမားလဲ မဟုတ်ပါဘူး၊ အဆင်မပြေတဲ့ကြားက ပေးလိုက်ရတယ်” ဟု ယခုလအတွင်း ဆက်ကြေးပေးဆောင်ခဲ့ရသူ မြစ်ကြီးနားမြို့နေ လုပ်ငန်းရှင် ပြည်သူတစ်ဦးက ဆိုသည်။

ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းက မြစ်ကြီးနားမြို့ပေါ်က လုပ်ငန်းရှင်ကြီးများအပြင် သေးငယ်သည့် လုပ်ငန်းရှင်များအပေါ် တွင်လည်း ဆက်ကြေးကောက်ခံလျှက်ရှိပြီး မိသားစု လုံခြုံရေးကြောင့် ထုတ်ဖော်မပြောရဲကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းကို အသိပေး တိုင်တန်းခဲ့သော်လည်း ယခုအချိန်အထိ ပေးဆောင်နေရဆဲ ဖြစ်ကြောင်း အမည် မဖော်လိုသူ မြစ်ကြီးနားနေပြည်သူတစ်ဦးက ယခုကဲ့သို့ ထပ်မံ ပြောပြသည်။

“ခုလိုချိန်မျိုးမှာ လာကောက်တော့ ပြောရရင်တော့ အရမ်း ဒေါသထွက်တာပေါ့နော်၊ အရင်ကလို လုပ်ငန်းလေးအဆင်ပြေရင်တော့ မပြောပါဘူး အခုဟာက အရမ်းလွန်လွန်းတယ် စာနဲ့ပေနဲ့လာတာ ဟိုချိန်းဒီချိန်းနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့လည်း ဒါကို တားမြစ်ပေးစေချင်တယ်၊ ဟိုအရင်တုန်းကလို ခင်ဗျားတို့က ဆောင်နေကြပဲ ဆောင်လိုက်ပါ အပြောခံရတာပဲ အဖတ်တင်တယ်၊ ကိုယ့်မိသားစု ဒုက္ခ အရောက်ခံမလားတွေးရင်းနဲ့ အောင့်သက်သက်နဲ့ ပေးလိုက်ရတာ တော်တော် စိတ်တိုတယ် “ဟု အမည်မဖော်လိုသူ မြစ်ကြီးနားနေပြည်သူ တစ်ဦးက ဆိုသည်။

အလားတူ မြို့ပေါ်ရပ်ကွက်မှ လုပ်ငန်းရှင် တစ်ဦးကလည်း “ကချင်ပြည်နယ်မှာ နေလာတာကြာပီ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ကျနော်တို့လို ဘာအဆင့်မှ မရှိတဲ့ လုပ်ငန်းရှင်တွေကို ဆက်ကြေး လာကောက်နေတာ သုံးနှစ်ကျော်လောက်ရှိနေပြီ” ဟု ပြောပြသည်။

အဆိုပါ ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အစည်းအနေနှင့် ဆက်ကြေးကောက်ခံရာတွင် အရင်ဆုံးအနေနှင့် စာပို့ အကြောင်းကြားကာ ဖုန်းဆက်၍ တစ်နေရာသို့ ချိန်းကြောင်း၊ ကောက်ခံရသည့် ပြည်သူအနေနှင့် ယင်းချိန်းသည့် နေရာသို့ သွားရောက် ပေးဆောင်ကြရပြီး လုပ်ငန်းအပေါ်မူတည်၍ အသေးစား လုပ်ငန်းရှင် တစ်ဦးအား ငွေကျပ် သုံးသိန်းမှ ဆယ်သိန်းအထိ၊ အချို့ လုပ်ငန်းရှင်ကြီးများ အနေနှင့် သိန်း ဆယ်ငွေမှ ရာငွေအထိ ပေးဆောင်ကြရကြောင်း မြစ်ကြီးနားမြို့ပေါ်နေ လုပ်ငန်းရှင်များထံမှ သိရသည်။ (မြတ်ကို)

======================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top