အချစ်ဆိုတာ တစ်ယောက်ကတင်းနေရင် တစ်ယောက်ကအလျှော့ပေးရတယ်။ နှစ်ဖက်လုံးတင်းရင်တော့ အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်။

တစ်ခါတုန်းက ခဏခဏ စကားများ ရန်ဖြစ်တတ်ကြတဲ့ ချစ်သူနှစ်ဦး ရှိတယ်…။

ဒါပေမဲ့ စကားများတဲ့အခါတိုင်း ကောင်လေးက ကောင်မလေးကို အလျှော့ပေးတတ်တယ်။

တစ်ခါမှာတော့ ကောင်မလေးက ချစ်သူကောင်လေးကို မေးတယ်။

” ရန်ဖြစ်တိုင်း နင်ဘာလို့ ငါ့ကိုအလျှော့ပေးတာလဲ။ တခါတလေ ငါ့ဘက်ကမှားတာလဲ ရှိတယ်လေ ”

ကောင်လေးက ပြန်ဖြေတယ်။

” မင်းက ငါ့ချစ်သူလေ…။ ဘာပဲပြောပြော ရှေးဘဝက ရေစက်ကြောင့် ဒီဘဝမှာ ချစ်သူဖြစ်လာကြတာ…။

စကားများကြလို့ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။ စကားနိုင်ပေမဲ့ ချစ်ချင်းမေတ္တာမှာတော့ ရှုံးသွားမှာလေ။ ဒါကိုတော့ ကိုယ်အရှုံးမခံနိုင်ဘူး။ ”

ကောင်မလေးက ငြိမ်ပြီးနားထောင်နေတယ်။ ကောင်လေးက ဆက်ပြောတယ်။

” မင်းကဆူလိုက် ကိုယ်ကပြုံးပြီးနားထောင်လိုက်။ မင်းကစိတ်တိုလိုက် ကိုယ်ကချော့လိုက်။ တွေးကြည့်ရင် ကြည်နူးစရာကြီးပါ။

ဒါပေမဲ့ ကိုယ်မင်းကို အမြဲအလျှော့ပေးနေတာ စကားပြောမကျွမ်းကျင်လို့တော့မဟုတ်ဘူးနော်။ မင်းနာကျင်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပါ။

တစ်ယောက်တင်းနေရင် တစ်ယောက်ကအလျှော့ပေးရမယ်လေ။ ဒါမှ နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ တသက်လုံးလက်တွဲသွားနိုင်မှာ။

အလျှော့ပေးရတာ ဘာမှအပမ်းမကြီးဘူး။ ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်ကိုတော့ လုံးဝအဆုံးရှုံးမခံနိုင်ပါဘူး။ ” တဲ့…။

May Hnin

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top