#International_NEWS
◾ တရုတ်ကောင်စစ်ဝန်ရုံးသို့ အမေရိကန်အာဏာပိုင်တွေ ဝင်ရောက်စီးနင်းရှာဖွေ
ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကနေ တရုတ်သံတမန်ဝန်ထမ်းတွေ ထွက်ခွာသွားပြီးနောက် တစ်နာရီမပြည့်ခင်မှာတင် ယင်းရုံးထဲကို အမေရိကန်အာဏာပိုင်တွေက ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ကောင်စစ်ဝန်ရုံးကို ၇၂ နာရီအတွင်း ပိတ်ဖို့ အမေရိကန်အစိုးရက အမိန့်ပေးခဲ့ပြီးနောက် တရုတ်သံတမန်ဝန်ထမ်းတွေဟာ ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီက ကောင်စစ်ဝန်ရုံးကနေ ထွက်ခွာသွားကြပါတယ်။
ဒီလိုထွက်ခွာသွားခဲ့ကြပြီးနောက် ညနေ ၅ နာရီမထိုးခင်မှာ အမေရိကန်နိုငံရဲ့ ပြည်ထောင်စုအဆင့်အရာရှိတွေနဲ့အတူ နိုင်ငံခြားရေးဌာနကတာဝန်ရှိသူတွေဟာ ကောင်စစ်ဝန်ရုံးကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
အစောပိုင်းက ဝင်ပေါက် သုံးခုကနေ ကောင်စစ်ဝန်ရုံးထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်တာကြောင့် နောက်ဆုံးမှာ ကောင်စစ်ဝန်ရုံးရဲ့ အနောက်ဘက်ဝင်ပေါက်တံခါးကို အင်အားသုံးဖျက်ဆီးပြီး ဝင်ရောက်ခဲ့ရပါတယ်။
အမေရိကန်အာဏာပိုင်တွေဟာ ၂၀၁၈ ခုနှစ်ကလည်း ဆီယက်တဲလ်မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းပြီးနောက် အလားတူ ဝင်ရောက်စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။
အခုပိတ်သိမ်းခိုင်းခဲ့တဲ့ ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးဟာ တရုတ်နဲ့ အမေရိကန်တို့ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့ပြီးနောက် ၁၉၇၉ ခုနှစ်က အမေရိကန်နိုင်ငံမှာ ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ တရုတ်ကောင်စစ်ဝန်ရုံးဖြစ်ပါတယ်။
သတင်း – မောင်ဇေယျ
ကိုးကား – CNN
စံတော်ချိန်ဝက်ဘ်ဆိုက်-http://sdtimedaily.com/
…………………………………………….
(Zawgyi Version)

စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir