သူရဦးရွှေမန်းကြီးတောင် စိတ်ဝင်စားခဲ့ရတဲ့ အမေစုရဲ့ အိတ်အပြာလေးထဲက အရာများ…
အဲဒီအိတ်ပြာလေးကိုအမေ ၂၀၁၁ အကျယ်ချူပ်ကထွက်လာပြီးကထဲက အမေသွားလေရာပါတတ်တယ်.. အမေ့ရဲ့အပါးတော်မြဲဖြစ်တဲ့ အကိုကြီးကိုစိုးဝင်းလွယ်လေ့ရှိပါတယ်။ ပြည်တွင်းသာမကပြည်ပခရီးစဉ်တွေမှာပါ အဲဒီလွယ်အိတ်အပြာလေးပါပါတယ်။ အမေလိုအပ်တဲ့အခါတိုင်းလဲကိုစိုးဝင်းဆီကတောင်းယူတတ်ပါတယ်။
နောက်ပိုင်းမှာတော့ နိုင်ငံတော် အဆင့်တာဝန်တွေထမ်းဆောင်တဲ့အခါ အစိုးရက (ပြည်ထဲရေး အထူးရဲတပ်ဖွဲ့ STF) တာဝန်ပေးတဲ့ သက်တော်စောင့်တွေကိုင်တာ တွေ့ရပါတယ် ။
တစ်ရက်… အမေ့ရဲ့တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပါတ် ၅၄ မှာအလှုတခုလုပ်ပါတယ်။ သူရ ဦးရွှေမန်းလဲလာပါတယ် အမေနဲ့စကားပြောပြီး အပြန်ကိုစိုးဝင်းကကားနားအထိလိုက်ပို့ပါတယ်။ သူရဦးရွှေမန်းက ကားပေါ်မတက်ခင် ကိုစိုးဝင်းကိုမေးတယ် “ဦးစိုးဝင်း ခင်ဗျားအဲအိတ်ကြီးတလွယ်လွယ်နဲ့ လက်ကမချဘူးဘာတွေပါလို့လဲ ” တဲ့ ကိုစိုးဝင်းပြုံးနေပါတယ်။ ဘာမှမဖြေခဲ့ပါဘူး။
အမှန်တိုင်းပြောရရင် သူရဦးရွှေမန်းတင်မကဘူး ကျွန်တော်လဲဘာတွေပါတယ်ဆိုတာသိချင်ပါတယ် ။ အမေသွားလေရာ အမြဲယူသွားတတ်တဲ့အိတ်ပြာလေး ဘာတွေများပါလဲပေါ့ သိချင်လာတယ်။
တနေ့ ကိုစိုးဝင်းနဲ့ကျွန်တော် အေးအေးဆေးဆေးစကားပြောချိန်ရခဲ့တယ် “အကို ညီလေးသိချင်တယ် အဲထဲမှာဘာတွေပါလဲ ” “ဘာလို့သိချင်တာလဲ ကိုဖက်” “အော်အကိုရယ် ကျွန်တော်အမေ့ကိုကြည်ညိုတာ အကိုလဲသိသားနဲ့ အမေနဲ့ပတ်သတ်တာဆိုအရာရာကိုစိတ်ဝင်စားတာပေါ့သိချင်တာပေါ့” “အေးဗျာ လူအတော်များများကလဲမေးကြတယ် ဘာတွေလဲပေါ့၊ အစိုးရပိုင်းလူကြီးတဦးကဆို သေနတ်လားလို့မေးတယ်ဗျ” “အေးဗျကျွန်တော်လဲ သိချင်တယ်ပြောပြပါဗျာ”
“ပြောပြပါမယ်” ” အဲဒီအိတ်ကလေးကို ကျွန်တော်အမြဲလွယ်ထားတယ် ခရီးသွားလေရာလဲအမြဲယူသွားတယ် အမတောင်းတဲ့အခါတိုင်း ကျွန်တော်ပေးရတယ်” (ကိုစိုးဝင်းက အမေဒေါ်အောင်ဆန်းစုကြည်ကို အမလို့ခေါ်ပါတယ်) ” အိမ်ကထွက်တော့မယ်ဆို အဲအိတ်ပြာကလေး ကျွန်တော့ဆီကိုအခု မဝေ လာပေးတယ် မဝေမရှိခင်ကအရင်တယောက်ပေါ့ ဒီအိတ်ကလေးကကြာပြီလေ ”
“ကိုဖက်” ” ဗျာ” ကျွန်တော်အမှန်တိုင်းပြောမယ်နော်” ” ဟုတ် အကို ” ” အဲဒီအိတ်ပြာလေးထဲမှာဘာတွေပါတယ်ဆိုတာ ” ကိုစိုးဝင်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်တယ်။ မီးခိုးငွေ့တွေမှုတ်ထုတ်ရင်း ” ကျွန်တော်တကယ်မသိဘူး ” ” ကျွန်တော်တကယ်မသိဘူး ” ” ဟင် ” “တကယ်ပြောတာ မညာဘူး ” ” ကျွန်တော်တို့ခေါင်းဆောင်က အမျိုးသမီးလေ ကျွန်တော်က နေရာတကာစပ်စုလို့မကောင်းဘူး သိစေချင်တာရှိသလိုမသိစေအပ်တဲ့အရာတွေလဲရှိချင်ရှိမှာပေါ့ အဲတာကြောင့် ကျွန်တော် စည်းထားလိုက်တယ် အမတောင်းတဲ့အခါ ပေးလိုက်တယ် ကျွန်တော်လွယ်ထားရပေမယ့် ဘယ်တော့မှဖွင့်မကြည့်ဘူး ဘာတွေလဲလို့မေးလဲမကြည့်ဘူး ”
” ကျွန်တော် ဘယ်တုန်းကမှ ဖွင့်မကြည့်ခဲ့ဘူး မစပ်စုခဲ့ဘူး။သိလဲမသိချင်ခဲ့ဘူး သိအောင်လဲကြိုးစားမှာမဟုတ်ဘူး အိတ်ပြာလေးနဲ့ပတ်သတ်လို့ ကျွန်တော့အလုပ်က မတောင်းရင် လွယ်ထားမယ် တောင်းရင်ပေးလိုက်မယ် ဒါတာဝန်ဘဲ”
” ကျွန်တောနားလည်ပြီ ကိုစိုးဝင်း အဲတာဆို ခုနောက်ပိုင်း ခင်ဗျားမလိုက်ဖြစ်တဲ့ ပြည်ပခရီးစဉ်တွေမှာဆိုရင်ရော ”
” ကျွန်တော်သေချာမှာထားတယ် လုံခြုံရေးယူတဲ့ကလေးမလေးတွေကို ကျွန်တော်ဘယ်လိုနေတယ် ဘာလိုလုပ်တယ်ဆိုတာ အမနဲ့ပါတ်သတ်တာတွေအတော်များများ အကုန်ပြောပြထားတယ် ကလေးမလေးတွေကလဲ ကောင်းကောင်းနားထောင်ကြတယ် နားလည်ကြတယ်သူတို့လဲ အမနားမှာကြာလာတော့ တာဝန်ဆိုတာထက်ပိုနားလည်လည်ကြတယ် ကျွန်တော်စိတ်ချရတယ် သူတို့ကို ”
ကဲ ကျွန်တော် တို့ သိချင်နေတဲ့အိတ်ပြာလေးထဲမှာဘာတွေရှိလဲဘာတွေပါလဲသိချင်ကြတယ် ခုတော့ရှင်းပါပြီ အမေ့နားမှာအမြဲနေနေဆဲ အိတ်ပြာလေးကို အမြဲလွယ်ခဲ့တဲ့အမေ့အပါးတော်မြဲ ကိုစိုးဝင်းတောင်မှမသိပါဘူး မသိချင်ပါဘူးဆိုမှတော့ကျွန်တော်တို့လဲမသိချင်ပါနဲ့တော့ဗျာ…
ဒီလောက်ထိ ခေါင်းဆောင်အပေါ်မှာ သစ္စာရှိမှု စောင့်စည်းမှုတွေနဲ့ အပြည့်အဝ တာဝန်ယူခဲ့တဲ့သူကြီး… အမေက ပုဆိုးလေးတထည် ပေးတာတောင် မယူခဲ့တဲ့သူ…
ခုတော့ သီလ သမာဓိ သစ္စာတရားတွေ အပြည့်ရှိနေတဲ့ ခေါင်းဆောင်ဘေးနားမှာ နေခဲ့တဲ့သူ ဆိုတော့… ကောင်းရာ သုဂတိလားမှာပါ…
Chan Aye MgMg
====================