သဲအင်းဆရာတော်ကြီး နှင့် မင်းမြတ်အနော်ရထာ
************************************
အသက် (၁၂)နှစ် ကလေးဘဝက ကျွန်ုပ်သည် မိဘများနှင့် မှော်ဘီသဲအင်းဂူသို့ မကြာခဏရောက်ခဲ့ရ ပေသည်။ ကျောင်းစာအုပ်များကို အမြဲယူခဲ့ပြီး ဇရပ်တွင် စာကျက်လေ့ရှိခဲ့ပါသည်။ သံဃာ၊ သီလရှင်၊ ယောဂီ များစွာသည် ချွေးတလုံးလုံး၊ နှာရည်များ ကျပြီး တရားကျင့်နေသည်ကို မကြာခဏ မြင်ခဲ့ရပါသည်။ ခြေလက်ကောက်ကွေးပြီး ဒုက္ခခံ ဝဋ်ကြွေးဆပ်နေသူ၊ တရားထိုင်ရင်း ငိုကြွေးနေသူ၊ လက်ဖြင့် ကြမ်းပြင်ကို ရိုက်နေသူ၊ ဦးခေါင်းနှင့် ကြမ်းပြင်ဆောင့်နေသူတို့သည် သဲအင်းဓမ္မာရုံတွင် မကြာခဏတွေ့နိုင်သော မြင်ကွင်းများသာဖြစ်ခဲ့ပါသည်။
မိမိနှင့် မသက်ဆိုင်သဖြင့် စိတ်ပါဝင်စားမှုလည်းမရှိခဲ့။ ကျောင်းစာများကိုသာ စိတ်ဝင်စားလုပ်လေ့ရှိခဲ့ပါသည်။ ဗိုက်ဆာလျှင် ဒေါ်စီ (အမေစီ) ဆရာလေး၏ဇရပ်တွင် ထမင်းစားခဲ့သည်။ ကိုချစ်မောင် ချက်သော ဟင်းများ သည် ကျွန်ုပ်ဘဝတွင် မမေ့နိုင်ခဲ့ပါ။ ကိုချစ်မောင်သည် ကိုအောင်ထွန်း ဆိုးသွမ်းခဲ့စဉ် အပေါင်းအဖော် ဖြစ်ခဲ့သည်။ ကိုအောင်ထွန်း တရားထိုင်ချိန်တွင် မစီ (အမေစီ) ကဲ့သို့ဘေးမှ နေ၍ ရေပူရေချမ်း ကပ်လှူခဲ့သူဖြစ်ခဲ့သည်။ ကိုအောင်ထွန်းဘဝမှ သဲအင်းဆရာတော် ဖြစ်ချိန်တွင်လည်း ဆရာတော် ခိုင်းသမျှ သာသနာ့တာဝန်ကို လုပ်နေခဲ့တော့ပြန်သည်။ ထို့ကြောင့် ဆရာတော်မှာ ဖခင်ဖြစ်သူကို ပညတ်ခဲ့တော့သည်။
သဲအင်း ။ ။ ကိုချစ်မောင်ရဲ့ ကျေးဇူးတွေ အများကြီးရှိတယ်။ သဲအင်းကျောင်းထဲက သူလိုချင်တာ၊ သူစားချင်တာအားလုံးထုတ်ပေးလိုက်။
ဖခင် ။ ။ တခြားလူတွေက တပည့်တော်ကို အပြစ်တင်ပြောကြဦးမယ် အရှင်ဘုရား။
သဲအင်း ။ ။ ဦးပဇင်းက ပညတ်ထားတယ်လို့ ပြောပါဒကာကြီး။
ကျွန်ုပ်သည် အာလပ်ချိန်တိုင်း ဇရပ်ထဲတွင် ကျောင်းစာများ လုပ်ခဲ့ပါသည်။ သမိုင်းဘာသာရပ်ကို အော်၍ ဖတ်နေခဲ့ချိန်ဖြစ်သည်။ ဇရပ်ထဲတွင် ဦးချစ်မောင်နှင့် ဦးပဇင်း တပါးလည်းရှိနေခဲ့သည်။ ကျွန်ုပ်သည် အောက်ပါအတိုင်း သမိုင်းကို အော်ဖတ်နေတော့ပေသည်။
အနော်ရထားမင်းသည် မြန်မာတပြည်လုံး၌ ဘုရား၊ ဂူကျောင်း၊ တန်ဆောင်းဇရပ်၊ တုိ့ကို အနှံ့အစပ် တည်ထားတော်မူ၍ နေပြည်တော် ပုဂါရာမသို့ ပြန်တော်မူသည်။ မင်းကြီးသည် ပုဂံသို့ရောက်၍ မြို့တွင်းသို့ သရဘာတံခါးမှ ဝင်မည်ပြုသော် အောင်သာမြစ်ခြေအရပ်၌ ကျွဲရိုင်းတကောင်သည် လူသူမသွားလာနိုင်အောင် ရန်ပြုနေသည်ဟု သိလေသည်။ မင်းကြီးသည် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ အောင်သာမြစ်ခြေသို့ ချီတက်တော်မူသည်။ ရောက်တော်မူ၍ ကျွဲရိုင်းကိုမြင်သောအခါ စီးတော်ဆင် “သန်မြန်စွာ” ကိုချွမ်းဖွင့်၍ လွှတ်တော်မူသည်။ သို့ရာတွင် ဆင်ပေါ်၌ပင် ကျွဲခတ်၍နတ်ရွာစံတော်မူသည်။
စာအော်ဖတ်နေရင်း ကျွန်ုပ်သည် နားမလည်နိုင်သော အကြောင်းအရာတခုကို ဘေးတွင်ထိုင်နေသော ဦးချစ်မောင်ကို ရုတ်တရက်မေးမိတော့သည်။
ကျွန်ုပ် ။ ။ ဆင်ဆိုတဲ့အကောင်က အမြင့်ကြီး၊ အကြီးကြီး၊ အားလည်း အရမ်းသန်တယ်၊ ဆင်ပေါ်က ဘုရင်ကို ကျွဲရိုင်းက ဘယ်လိုမှ မထိနိုင်ပါဘူး။ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်ခင်ဗျား။
ဦးချစ်မောင် ။ ။ ငါသိထားတာကတော့ ထိန်ပင်စောင့်နတ်က ရန်ငြိုးတွေရှိတဲ့ အနော်ရထာမင်း ကို ကျွဲယောင်ဖန်ဆင်းပြီး သတ်တယ်လို့သိခဲ့တယ်။
ကျွန်ုပ်တို့ (၂)ဦး စကားအခြေတင် ပြောနေသည်ကို ရုတ်တရက် ဇရပ်ထဲသို့ရောက်နေသော သဲအင်းဆရာတော်ကြီးက သေချာစွာ နားထောင်နေခဲ့လေသည်။ ရွှေနဂါးဆေးလိပ် သောက်နေသော ဆရာတော်ကြီး၏ မျက်နှာတွင်သည် ပြုံးစိစိအမူအရာသို့ ပြောင်းနေပေတော့သည်။
ဦးချစ်မောင် ။ ။ ဆရာတော်ပြုံးခြင်းဟာ အကြောင်းတစ်ခုကြောင့်ဆိုတာ တပည့်တော် နားလည်ပါတယ်။ သိခွင့်ရှိရင်မိန့်ကြားတော်မူပါ အရှင်ဘုရား၊
ငယ်သူငယ်ချင်း ဦးချစ်မောင်၏ ရုတ်တရက် လျှောက်ထားမှုကြောင့် ဆရာတော်သည် ပြုံးစိစိ နှင့် ကျွန်ုပ်တို့ကို စိုက်ကြည့်နေပေတော့သည်။ ချက်ခြင်းပင် မှတ်သားဖွယ် စကားကို မိန့်ကြားလေတော့သည်။
သဲအင်း ။ ။ ဦးပဇင်း အတိတ်ဘဝက အနော်ရထားမင်းဖြစ်ခဲ့တယ်။
ဘာသာရေး၊ သာသနာ ရေး၊ တိုးတက်အောင်လုပ်ခဲ့တယ်၊ သာသနာကို အံတုဖက်ပြိုင် နှောက်ယှက်ကြတဲ့ အရည်ကြီးများစွာကိုလည်း သတ်ခဲ့တယ်။ မယားပေါင်းများစွာရှိပေမယ့် ကိလေသာ ကာမဂုဏ် အရမ်းထူပြောခဲ့တယ်။ ဆရာတော်ကြီး ပြောစကားကို စိတ်ဝင်တစား နားထောင်နေသော ဦးပဇင်းသည် ကြားဖြတ်ပြီး သိလိုက်ရာ လျှောက်ထားတော့သည်။
ဦးပဇင်း ။ ။ အနော်ရထာမင်းက နှစ်သက်ရာ မိန်းမပျိုတို့ လက်ညိုးထိုးပြီး တော်ကောက် (လက်ထပ်)ခွင့် ရှိနေတာ ဘယ်လိုကြောင့် ကိလေသာထူပြောတယ်လို့ ပြော ရပါသလဲအရှင်ဘုရား။
သဲအင်း ။ ။ မင်းကြီးက တစ်ဦးထဲ သာမန် လူတန်းစားလို ဝတ်ဆင်ပြီး တိုင်းပြည်ထဲမှာ စနည်းနာ (စုံစမ်း) လေ့ရှိခဲ့တယ်။ အလွန်တပ်မက်ဖွယ် ကောင်းအောင်လှလွန်းတဲ့ မိန်းမငယ်တစ်ဦးနဲ့ ချစ်ကြိုက်ခဲ့တယ်။ ဒီမိန်းမငယ်ဟာ ယောက်ျားရှိနေခဲ့ တယ်။ ၂ဦးသားဟာ မကြာခဏ ခိုးကြောင်ခိုးဝှက် ချိန်းတွေ့လေ့ရှိခဲ့တယ်။ ဒီမိန်းမငယ်ရဲ့ယောက်ျားကသိသွားခဲ့တယ်။ ဒီယောက်ျားရဲ့နာမည်က ငကျွဲ လို့ခေါ်တယ်။ ငကျွဲက တစ်နေ့မှာ မင်းကြီးနဲ့ သူ့မိန်းမပျော်ပါးနေတုန်း ဓါးနှင့် အသေခုတ်သတ်လိုက်တယ်။
မင်းကြီးဟာ ငကျွဲကြောင့် သေသွားတာပါ။
ချစ်မောင် ။ ။ ဘာဖြစ်လို့သမိုင်းမှာ ကျွဲခတ်လို့ သေတယ်လို့ပြောရတာလဲ။
ဦးပဇင်း ။ ။ ဘုန်းတန်ခိုးကြီးလွန်းတဲ့မင်းကြီးက သူများ မယားကြာခိုလို့တာနဲ့ အသတ်ခံရ တယ်ဆိုတာ သူများတွေကြားရင် သိက္ခာကျတော့မယ်။
ဒါကြောင့် ပြည်သူတွေကို ပရိယာယ်နဲ့ သတင်းတု လွှင့်တာဖြစ်မှာပါ။ အဲဒီခေတ်က ပုဂံသားတွေဟာ အရည်းကြီးတွေကြောင့် နတ်တွေကို အရမ်းယုံကြည်ခဲ့ကြဖူးတယ်။
ဆရာတော်ကြီး ဇရပ်အပြင်သ ို့ ပြန်ကြွရန်ပြုနေစဉ် ကျွန်ုပ်တို့က ဦးချကန်တော့ကြပါသည်။ ထိုအချိန် ဆရာတော်ကြီးက မိန့်ကြားလေတော့သည်။
သဲအင်း ။ ။ အတိတ်က ဦးပဇင်းက အရမ်းရှုပ်ခဲ့တာ။ ဒါကြောင့်ဦးပဇင်းရဲ့ သာသနာဟာ ရှုပ်ထွေးနေခဲ့တာဖြစ်တယ်။
ဦးပဇင်းက မကောင်းခဲ့တာကိုး။
ဆရာတော်ကြီး ဇရပ်အပြင်သို့ ပြန်ကြွသွားခဲ့ပါပြီ။ အရာရာကိုသိချင်သော စပ်စုတတ်သော ကျွန်ုပ် သည် ဦးပဇင်းကို မေးတော့ပြန်သည်။
ကျွန်ုပ် ။ ။ ဘုန်းဘုန်းက ဆရာတော်ရဲ့ အနားမှာ နှစ်ပေါင်းများစွာနေခဲ့တယ်။ အနော် ရထာသေပြီးတော့ ဘာတွေဆက်ဖြစ်သလဲသိချင်ပါတယ်။ အရှင်ဘုရား။
ဦးပဇင်း ။ ။ ညတစ်ညမှာ ယောဂီတွေစုပြီး တရားအကြောင်းပြောနေကြတုန်း ဆရာတော် ရောက်လာတယ်။ ဟိုအကြောင်းဒီအကြောင်းပြောနေရာက ဒကာကြီးမေးတဲ့ မေးခွန်းရဲ့ အဖြေကို သိခွင့်ရတော့တယ်။
ကျွန်ုပ် ။ ။ ဆရာတော်ကြီးက ဘယ်လိုမိန့်ကြးပါသလဲ အရှင်ဘုရား။
ဦးပဇင်း ။ ။ ဘဝတွေအမျိုးမျိုးပြောင်းပြီး ငဘရင်းရွာမှာ ကျွဲကျောင်းသာ မောင်ရစ်အဖြစ် လူဘ၀ကို ပြန်ရောက်ခဲ့တယ်။ မဟာဗန္ဓုလစစ်သူကြီးဖြစ်ပြီး တိုက်ပွဲမှာ ကျဆုံး ခဲ့ရတယ်။
ကျွန်ုပ် ။ ။ ကျွဲကျောင်းသားက မဟာစစ်သူကြီး ဖြစ်လာရတာ အရမ်းဆန်းကျယ်တယ် နော် အရှင်ဘုရား။
ဦးပဇင်း ။ ။ ဗန္ဓုလစစ်သူကြီးဖြစ်တော့ မွေးဇာတိ ငထျင်ရွာ ကိုတိုင်းခန်းလှည့်တယ်။
ငယ်သူငယ်ချင်းတွေက မောင်ရစ် စစ်သူကြီး ဖြစ်တာတွေ့တဲ့အခါ ဘာပြောကြတယ်ထင်သလဲ ဒကာလေး။
ကျွန်ုပ် ။ ။ ၀မ်းသာအားရစွာနဲ့ ဂုဏ်ယူစွာ တလေးတစား နှုတ်ဆက်ကြမှာပေါ့အရှင် ဘုရား။
ဦးပဇင်း ။ ။ ဒကာလေး ထင်တာမှားသွားပြီ။ ငဖျင်းရွာသားတွေက ပြောကြတော့တယ်။
ကျွန်ုပ် ။ ။ ဘာတွေကိုပြောကြသလဲ အရှင်ဘုရား။
ဦးပဇင်း ။ ။ ရွာသားတွေက “စစ်သူကြီးဆိုတော့ ဘယ်သူများလဲ မှတ်တယ်။ ငါတို့ရွာက ကျွဲကျောင်းသား ငရစ်ကြီပါကွာ။ အထင်ကြီးစရာဘာမှမရှိပါဘူး။ လို့ပြော ကြတယ်။
ကျွန်ုပ် ။ ။ ကိုအောင်ထွန်း ဘ၀ကနေ သဲအင်းဆရာတော် ဖြစ်လာတော့လည်း အနီးနားက မြို့ရွာတွေက လူတွေဟာ ဘာတွေပြောကြသေးလဲ အရှင်ဘုရား။
ဦးပဇင်း ။ ။ သဲအင်းကို အစပိုင်းနှစ်တွေမှာ မယုံကြဘူး၊ အထင်မကြီးကြဘူး။ အရေးလဲ မစိုက်ကြပါဘူး။ ကျောင်းရှေ့က လူများစွာ ဖြတ်သွားဖြတ်လာ လုပ်ကြပေမယ့် လုံး၀မလာကြပါဘူး။
လူအနည်းငယ်ဘဲ လာခဲ့ကြပါတယ်။ အောင်ထွန်းတော့ အင်္ကျံအဖြူ၊ ပုဆိုးအဖြူ၀တ်ပြီး လိမ်မလို့ကြံစည်နေ တယ်လို့ ပြောကြတယ်။ သင်္ကန်း၀တ်တော့လည်း ဒီလိုဘဲပြောကြပြန်တယ်။
ကျွန်ုပ် ။ ။ သဲအင်းဆရာတော်က သူ့အပေါ် မယုံကြည်ကြတဲ့ သူတွေကို ဘာမိန့်မှာ ခဲ့ပါသလဲ အရှင်ဘုရား။
ဦးပဇင်း ။ ။ ရန်ကုန်မြို့နဲ့ တခြားဒေသများစွာက လူတွေကတော့ တရားလာကျင့်ကြပြီး ဦးပဇင်းရဲ့ အနီးအနားရွာတွေကတော့ မလာကြဘူး။ သိသူဖော်စားမသိသူ ကျော်သွား ပေါ့ဒကာကြီး
လို့ပြောခဲ့ပါတယ်။ စပ်စုလွန်းသော ကျွန်ုပ်သည် ဦးပဇင်းကိုစပ်စုပြန်တော့သည်။
ကျွန်ုပ် ။ ။ ဗန္ဓုလ သေပြီးတော့ ဘယ်ဘ၀ကို ရောက်ပါသလဲ အရှင်ဘုရား။
ဦးပဇင်း ။ ။ ကျီးကန်း ဘဝပေါင်းများစွာ ဖြတ်ခဲ့ပါတယ်။ အဲဒီ့ ကျီးကန်းတွေကလည်း အနော်ရထာမင်းရဲ့ အခြွေအရံတွေပါဘဲ။ ပတ်သက်ခဲ့သူတွေပါဘဲ။
ကျွန်ုပ် ။ ။ ဒါကြောင့် သံလျှင်တော ဆရာတော်ကြီးက သဲအင်းကို တရားစစ်တော့ တစ်ကျောင်းလုံးရဲ့ ကောင်းကင်ပြင်မှာ ကျီးကန်းတွေက အုံ့အော်သောင်းနင်း ပျော်ရွှင်နေကြတာကိုး။
ဦးပဇင်း ။ ။ သဲအင်းဆရာတော်က မိန့်ကြားခဲ့တယ်။ ဒီကျီးကန်းတွေဟာ သူ့ကိုကြည်ညို စိတ်နဲ့ သေကြလိမ့်မယ်။ သေပြီးနောက် လူအဖြစ်နဲ့ တရားကျင့်ကြလိမ့်မယ်။ အပါယ်လေးဘုံက လွတ်တဲ့ တရားတွေရကြလိမ့်မယ်။ သဲအင်းဆရာတော်ကြီး ပညတ်ခဲ့ဖူးပါသည်။
သဲအင်း ။ ။ ဦးပဇင်းက ကိလေသာ အာသေဝါတရား ကုန်ခမ်းသွားတဲ့အချိန်မှာ ဆင်ခြင်ကြည့်တယ်၊ ဘယ်လိုအကြောင်းခံကြောင့် သစ္စာလေးပါးတရား ကိုရခဲ့တာလဲ။ ဒီတော့မှ အတိတ်ဘဝပေါင်း အသချေင်္အနန္တက ငါဆည်းပူးလာခဲ့တဲ့တရားတွေ ပါလားလို့ သိလိုက်ရတော့တယ်။
မှတ်ချက် ။ ။ ထိုဦးပဇင်းမှာ ရန်ကုန်ဆေးရုံကြီး သဲအင်းဆရာတော်ကြီး ခန္ဓာ၀န် စွန့်ကာနီး အချိန်တွင် ဘေးမှ နေ၍ ၀တ်ကြီး၀တ်ငယ် ပြုခဲ့ရပါတယ်။ ယခုအချိန်တွင် ရန်ကုန်မြို့သဲအင်းဂူတိုက်ခွဲကြီးတစ်ခု၏ ဆရာတော်ကြီးဖြစ်နေခဲ့ပါပြီ။
ဦးဧဟန် ( သူရဇ္ဇ ဆန်းကျမ်း သင်တန်းကျောင်း)
Copy Re-Post by Linn Lett KyaeSin
https://m.facebook.com/story.php?story_fbid=131629198059524&id=100036373327361
သဲအင်းဆရာတော်ကြီး နှင့် မင်းမြတ်အနော်ရထာ
*****************************************

သဲအင်း ။ ။ ဦးပဇင်းက ကိလေသာ အာသဝေါတရား ကုန်ခမ်းသွားတဲ့အချိန်မှာ ဆင်ခြင်ကြည့်တယ်၊ ဘယ်လိုအကြောင်းခံကြောင့် သစ္စာလေးပါးတရား ကိုရခဲ့တာလဲ။ ဒီတော့မှ အတိတ်ဘဝပေါင်း အသင်္ချေအနန္တက ငါဆည်းပူးလာခဲ့တဲ့တရားတွေ ပါလားလို့ သိလိုက်ရတော့တယ်။