တကယ် တမ်း ဒုက ္ခရောက် နေ တဲ့ သူေ တွကို ဇာတ် ကား ခေါ်မ ရိုက် ကြဘူး လို့ ဆိုပြီး ရင် ဖွင့် ခဲ့ တဲ့ ဝက်မ

တကယ် တမ်း ဒုက္ခရောက် နေတဲ့ သူတွေကို ဇာတ်ကား ခေါ်မရိုက် ကြဘူး ဆိုပြီး ရင်ဖွင့် ခဲ့တဲ့ ဝက်မ
ဇာတ်ပို့ သရုပ်ဆောင် ဝက်မ ကတော့ အနုပညာ အလုပ်တွေနဲ့ ဝေးကွာသွားခဲ့ရတဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။ပရိသတ်အားပေးမှုတွေရရှိထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာဆိုရင် အောင်မြင်တဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေကိုသာ ခေါ်ရိုက်ကြတာဆိုတဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ “ အထူးသဖြင့် MRTV-4 ဇာတ်လမ်းတွဲတွေရိုက် တယ်။ အဲဒီမှာ

အပြင်က Professional တန်း က ဇာတ်ပို့ဇာတ်ရံတွေကို သုံးတာ သိပ်မတွေ့ဘူး။ သုံးရင်လည်း အောင်မြင်တဲ့ ဇာတ်ပို့ ဇာတ်ရံတွေလောက်ပဲ ခေါ်သုံးကြတာ ဦး တို့ အတွက်က မလွယ်တော့ဘူး။ ဗီဒီယိုတွေကလည်း ရပ်သွား ပြီ။ ရုပ်ရှင်ဆိုတာကလည်း ကန်ထရိုက်ဆိုတာကြီးကို အိပ်မက်တောင် မက်လို့ မရတော့ပါဘူး။ ကိုသားကြီး မဆုံးခင်တုန်းက အထိ ကန်ထရိုက်ဆိုတဲ့ အရသာကို အပြည့်အဝ ခံစားဖူးခဲ့ပါတ ယ်။ ကံတရားက

ဘာဖြစ်လို့ ကိုယ်တွေ ကို မတွေ့တာလဲ၊ တကယ်တမ်း ဒုက္ခရောက်နေတဲ့ သူတွေကို ဘာကြောင့် ခေါ်ပြီးတော့ မရိုက်တာလဲ ဆိုတာကို စိတ်မကောင်းဖြစ်တယ်” လို့ ဆိုပါတယ်။ ဝက်မ ဟာ အနုပညာအလုပ်ကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သူ တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့အထိ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသူပါတဲ့။ အခုချိန်မှာ ဇာတ်ကားတွေ မရိုက်ကြတော့တဲ့ အချိန်မှာ အရမ်းကို စိတ်မကောင်းဖြစ်နေမိတယ်လို့ သူကဆိုပါတယ်။ “ ငယ်ငယ်ကတည်းက ကိုယ်ရူူးသွပ်ခဲ့၊ ကိုယ်ဝါသနာ ပါခဲ့တာ

အနုပညာ အလုပ်ပဲလေ။ Covid ကြီးပြီးရင်လည်း ကိုယ့်ရဲ့ ပရိသတ်တွေနဲ့ အမြန်ဆုံး ပြန်တွေ့ချင်တာပေါ့။ တစ်ခု အားငယ်တာကလေ အစ်ကိုတို့လို ဈေးကွက်မဝင်တဲ့ ဇာတ်ပို့ ဇာတ်ရံ တော်တော်များများကို မသုံးကြတွေ များတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး။ ဥပမာပြောရရင် ဒီကာရိုက်တာကိုတော့ ငါ ရရင် ငါလုပ်နိုင်မှာပဲ၊ ငါနဲ့ဆိုရင် လိုက်မှာပဲ ဆိုတာ ရင်ထဲမှာ အတွေးမှာပဲရှိတယ်။ ဒါပေမယ့် သူတို့ ခေါ်သလားဆိုတော့ သူတို့ အနီးအနားမှာ ရှိတဲ့ လူလောက်ပဲ ခေါ်ကြတာ။ ဦး လိုပဲ လုပ်နိုင် ကိုင်နိုင်တဲ့ လူတွေ

အများကြီးပါ” လို့ ဆက် လက် ပြောပြခဲ့ ပါသေးတယ်။ ဝက်မကိုတော့ ‘’ရယ်စရာပျော်စရာ ဟာသကမ္ဘာ’’ အစီအစဉ်တွေမှာ အမြဲတမ်း တွေ့မြင်နေရတာ ဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ဟာသသရုပ်ဆောင် တစ်ယောက် အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ များစွာ ရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။ဝက်မရဲ့ စကားသံဝဲဝဲ နဲ့ ဟာသစကားတွေ ပြောတတ်ပုံတွေ ကတော့ ပရိသတ်တွေကို ပိုပြီး သတိထားမိစေခဲ့တဲ့ အ ချက်ဖြစ်ပါ တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top