မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်ခံရသူစတွေ့၊ အရေးပေါ်အခြေအနေကြေညာ

မြောက်ကိုရီးယားမှာ ကိုဗစ်ရောဂါကူးစက်သူတစ်ဦး စတင်တွေ့ရှိခဲ့တာကြောင့် တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ တောင်ကိုရီးယားနယ်စပ်က တရားမဝင် ပြန်လည်ဝင်ရောက်လာသူတစ်ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဆိုပါ ကူးစက်ခံရသူဟာ တောင်ကိုရီးယားမှာ သုံးနှစ်ခိုလှုံခဲ့သူဖြစ်ပြီး မြောက်ကိုရီးယားအစိုးရရဲ့ ပထမဆုံးအတည်ပြုလူနာလည်းဖြစ်ပါတယ်။

ပိုးတွေ့လူနာပထမဆုံးတွေ့ရှိပြီဖြစ်တာကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကိုဗစ်ကာကွယ်ရေးအစီအစဥ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ နယ်စပ်မြို့ကေဆောင်းကိုလည်း Lockdown ချလိုက်ပါတယ်။ လောလောဆယ် ရောဂါပိုးတွေ့သူနဲ့ ဆက်စပ်လူနာတွေကို ရှာဖွေစုံစမ်းလျက်ရှိပါတယ်။ အဆိုပါကူးစက်ခံရသူဟာ ကေဆောင်းမြို့ကို လွန်ခဲ့သော ငါးရက်အတွင်းရောက်ရှိခဲ့သူဖြစ်ပြီး ဇူလိုင် ၁၉ ရက်နေ့က ရောဂါပိုးစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ကိုဗစ်ကြောင့် ဇန်နဝါရီ ၃၀ ရက်ကတည်းက နယ်စပ်ဂိတ်တွေကို ပိတ်ထားပြီး mask မတပ်သူတွေကို အလုပ်ကြမ်းသုံးလ ဒဏ်ချမယ်လို့ ကြေညာထားပါတယ်။ မြောက်ကိုရီးယားရဲ့ ကိုဗစ်ကာကွယ်ရေးအတွက် ရုရှားနဲ့တရုတ်နိုင်ငံက ဆေစစ်ကိရိယာနဲ့ mask တွေလှူဒါန်းထားပါတယ်။

Ref – KNA

photo – KNA

======================

မြောက်ကိုရီးယားမှာ ကိုဗစ်ရောဂါကူးစက်သူတစ်ဦး စတင်တွေ့ရှိခဲ့တာကြောင့် တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ တောင်ကိုရီးယားနယ်စပ်က တရားမဝင် ပြန်လည်ဝင်ရောက်လာသူတစ်ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဆိုပါ ကူးစက်ခံရသူဟာ တောင်ကိုရီးယားမှာ သုံးနှစ်ခိုလှုံခဲ့သူဖြစ်ပြီး မြောက်ကိုရီးယားအစိုးရရဲ့ ပထမဆုံးအတည်ပြုလူနာလည်းဖြစ်ပါတယ်။

ပိုးတွေ့လူနာပထမဆုံးတွေ့ရှိပြီဖြစ်တာကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကိုဗစ်ကာကွယ်ရေးအစီအစဉ်တွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ နယ်စပ်မြို့ကေဆောင်းကိုလည်း Lockdown ချလိုက်ပါတယ်။ လောလောဆယ် ရောဂါပိုးတွေ့သူနဲ့ ဆက်စပ်လူနာတွေကို ရှာဖွေစုံစမ်းလျက်ရှိပါတယ်။ အဆိုပါကူးစက်ခံရသူဟာ ကေဆောင်းမြို့ကို လွန်ခဲ့သော ငါးရက်အတွင်းရောက်ရှိခဲ့သူဖြစ်ပြီး ဇူလိုင် ၁၉ ရက်နေ့က ရောဂါပိုးစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ကိုဗစ်ကြောင့် ဇန်နဝါရီ ၃၀ ရက်ကတည်းက နယ်စပ်ဂိတ်တွေကို ပိတ်ထားပြီး mask မတပ်သူတွေကို အလုပ်ကြမ်းသုံးလ ဒဏ်ချမယ်လို့ ကြေညာထားပါတယ်။ မြောက်ကိုရီးယားရဲ့ ကိုဗစ်ကာကွယ်ရေးအတွက် ရုရှားနဲ့တရုတ်နိုင်ငံက ဆေစစ်ကိရိယာနဲ့ mask တွေလှူဒါန်းထားပါတယ်။

Ref – KNA

photo – KNA

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top