နိုင်ငံကျော် မင်းသားချော ခန့်စည်သူကတော့ “အများနဲ့မသက်ဆိုင်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးတစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူပဲ ဖြစ်ပါတယ်။ ခန့်စည်သူက အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို
အလှူအတန်းမှာလည်း လက်မနှေးတာကြောင့် နိုင်ငံတော်ကပေးအပ်ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ခန့်စည်သူက သူဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့နဲ့အတူတူ
အလှူအတန်းတွေဆက်တိုက် ပြုလုပ်နေလျက် ရှိပါတယ်။ ဒီကနေ့ ဇူလိုင်လ (၂၅)ရက်နေ့မှာလည်း ခန့်စည်သူရဲ့ မေတ္တာသင်္ဂဟအဖွဲ့က ဗဟိုအမျိုးသမီးဆေးရုံရှိ မွေးလူနာ အယောက်(၂၀၀) အတွက် ထောပတ်ထမင်း+ ကြက်သားဟင်း၊ ဒိန်ချဉ်၊
မုန့်၊ အအေး၊ မွှေးဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ ထမိန်၊ မိုးတွင်းစီးဖိနပ်၊ mask များ၊ ကလေးအနှီးများ၊ ကလေးအင်္ကျီများ၊ ကလေးသေးခင်းများ၊ ကလေးပေါင်ဒါများ စသဖြင့် သွားရောက်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
မင်းသားကြီး ခန့်စည်သူကတော့ ရှုတင်တွေရပ်နားထားတဲ့အချိန်မှာ (၇)ရက်သားသမီး အကျိုးရှိစေမယ့် အလှူအတန်းတွေကိုပြုလုပ်ရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူနဲ့ မေတ္တာသင်္ဂဟအဖွဲ့သားတွေရဲ့
ကုသိုလ်လေးကို ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ယူနီကုဒ်ဖြင့်ဖတ်ရန်