ခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံ ကလေး‌တွေအတွက် အရိပ်လေးတစ်ခုရဖို့ ကြိုးစားဆောင်ရွက်နေတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သရုပ်ဆောင်ကောင်းပြီး အနုပညာလောကမှာ တောက်ပရုံသာမကပဲ စိတ်ထားကောင်းပြီး သူတစ်ပါးအပေါ် ကူညီချင်စိတ်အပြည့်ရှိတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ခိုင်နှင်းဝေကို ပရိသတ်တွေက ပရဟိတမင်းသမီးလေးလို့တောင် တင်စားပြီး ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကလည်း ပရိသတ်တွေအားပေးရကျိုးနပ်တဲ့ သူတစ်ယောက်ဖြစ်ဖို့ အဘက်ဘက်ကနေ ပြည့်စုံမှုရှိအောင် ကြိုးစားနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက ခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံ ကလေး‌တွေအတွက် အရိပ်လေးတစ်ခုရဖို့ ကြိုးစားဆောင်ရွက်နေတဲ့အကြောင်းကို ပြောပြလာပါတယ်။

“ကျွန်မခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံ ကလေး‌တွေအတွက် အရိပ်လေး တခု စတင်နေပါပြီရှင် ကလေးတွေ အရိပ်တခုရဖို့ ၊ လူဖြစ်ဖို့ အတွက် တစ်နေ့ထက် တစ်နေ့ ပိုပြီး ကြိုးစားနေပါတယ်ရှင်။

ကျွန်မ သားသမီးလေးတွေအတွက် ၇ရက်သားသမီးများရဲ့ မေတ္တာဓာတ်လဲအများကြီးလိုအပ်တာကြောင့် ကလေးတွေ နေဖို့ အိမ်လေး အမြန်ပြီးမြောက်အောင် ဆုတောင်းပေးဖို့ ဆန္ဒပြုလျှက်” ဆိုပြီး သားသမီးတွေ ကောင်းကောင်းနေရဖို့အတွက် ကြိုးစားနေကြောင်း ပြောထားပါတယ်။

ခိုင်နှင်းဝေကတော့ သူမရဲ့ သားသမီးတွေအတွက် လှပပြီး နွေးထွေးမှုအပြည့်ရှိစေမယ့် ဂေဟာအသစ်လေးအတွက် လုံးပန်းကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေလည်း သမီးတွေအတွက် ကြိုးစားနေတဲ့အရာလေး တဖြည်းဖြည်းပုံပေါ်လာမှုအပေါ် ကျေနပ်ဝမ်းသာနေမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ယူနီကုဒ်ဖြင့်ဖတ်ရန်

ခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံ ကလေး‌တွေအတွက် အရိပ်လေးတစ်ခုရဖို့ ကြိုးစားဆောင်ရွက်နေတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သရုပ်ဆောင်ကောင်းပြီး အနုပညာလောကမှာ တောက်ပရုံသာမကပဲ စိတ်ထားကောင်းပြီး သူတစ်ပါးအပေါ် ကူညီချင်စိတ်အပြည့်ရှိတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ခိုင်နှင်းဝေကို ပရိသတ်တွေက ပရဟိတမင်းသမီးလေးလို့တောင် တင်စားပြီး ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကလည်း ပရိသတ်တွေအားပေးရကျိုးနပ်တဲ့ သူတစ်ယောက်ဖြစ်ဖို့ အဘက်ဘက်ကနေ ပြည့်စုံမှုရှိအောင် ကြိုးစားနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ခိုင်နှင်းဝေက ခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံ ကလေး‌တွေအတွက် အရိပ်လေးတစ်ခုရဖို့ ကြိုးစားဆောင်ရွက်နေတဲ့အကြောင်းကို ပြောပြလာပါတယ်။

“ကျွန်မခိုကိုးရာမဲ့ကလေးများနဲ့ စွန့်ပစ်ခံ ကလေး‌တွေအတွက် အရိပ်လေး တခု စတင်နေပါပြီရှင် ကလေးတွေ အရိပ်တခုရဖို့ ၊ လူဖြစ်ဖို့ အတွက် တစ်နေ့ထက် တစ်နေ့ ပိုပြီး ကြိုးစားနေပါတယ်ရှင်။

ကျွန်မ သားသမီးလေးတွေအတွက် ၇ရက်သားသမီးများရဲ့ မေတ္တာဓာတ်လဲအများကြီးလိုအပ်တာကြောင့် ကလေးတွေ နေဖို့ အိမ်လေး အမြန်ပြီးမြောက်အောင် ဆုတောင်းပေးဖို့ ဆန္ဒပြုလျှက်” ဆိုပြီး သားသမီးတွေ ကောင်းကောင်းနေရဖို့အတွက် ကြိုးစားနေကြောင်း ပြောထားပါတယ်။

ခိုင်နှင်းဝေကတော့ သူမရဲ့ သားသမီးတွေအတွက် လှပပြီး နွေးထွေးမှုအပြည့်ရှိစေမယ့် ဂေဟာအသစ်လေးအတွက် လုံးပန်းကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေလည်း သမီးတွေအတွက် ကြိုးစားနေတဲ့အရာလေး တဖြည်းဖြည်းပုံပေါ်လာမှုအပေါ် ကျေနပ်ဝမ်းသာနေမယ် ထင်ပါတယ်။

ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top