ဇွဲကပင်တောင်ပေါ်တွင် သေဆုံးနေသည့် အမျိုးသား (၁) ဦး နှင့် အမျိုးသမီး (၁) ဦးတို့အား ပုတ်ပွလျှက်တွေ့ရှိ…
ဇွဲကပင်၊ ဇူလိုင်လ (၂၅) ရက်
ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်ပေါ်ရှိအဆောင်တစ်ခုထဲတွင် လွန်ခဲ့တဲ့ (၄) ရက်ခန့်ကတည်းက သေးဆုံနေသည့် အမျိုးသား (၁) ဦး နှင့် အမျိုးသမီး (၁) ဦးတို့၏ ရုပ်အလောင်းများအားတွေ့ရှိရပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေ တောင်ပေါ်သို့တက်ရောက်နေပြီဖြစ်ကြောင်း ကနဦးသတင်းအရသိရှိရသည် ။
ဒေသခံများ၏ပြောပြချက်အရ ရုပ်အလောင်းတွေဟာ ပုတ်ပွနေပြီး လွန်ခဲ့တဲ့ ၄ ရက်ခန့်က တောင်ပေါ်မှာ မိုးကြိုးများပစ်သံကြားရပြီး မိုးကြိုးစက်ကွင်းမိကာ မိုးကြိုးထိမှန်ကာသေဆုံးနိုင်သလို ဓါတ်လိုက်မှုလည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုခဲ့သည် ။
အဲ့ဒီလင်မယားနှစ်ဦးဟာ ကေဘယ်လ်လုပ်ငန်းခွင်က အစောင့်လုပ်သားဖြစ်တယ်လို့ ဇွဲကပင်တောင်ပေါ်က ဦးဇင်းတစ်ပါးက ပြောပြပါတယ်။ လွန်ခဲ့သော ၄ ရက်ခန့်ညက တောင်ပေါ်တွင် မိုးကြိုးများပစ်ခြင်း လျှပ်စီးများလက်ခြင်းတို့ ဖြစ်ပွားသည်ဟု တောင်ပေါ်ရှိနေထိုင်သူတချို့ထံမှသိရှိရပါတယ်။
ဒီနေ့ဟာ ဇွဲကပင်တောင်ပေါ်တွင် ပြီးခဲ့တဲ့လ ဇွန်လ ၂၅ ရက်နေ့ကလည်း တက္ကသိုလ်ကျောင်းသူတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်စဉ် တစ်လပြည့်တဲ့နေဖြစ်ပါတယ် ။
======================