သမ္မတဟောင်းဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးမည်

—— —— —— —– —–

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် သမ္မတဟောင်းဦးသိန်းစိန်အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့ Covid-19 အခြေအနေရယ်၊ အသက်အရွယ်အားဖြင့် ဂရုစိုက်ရမယ့်အရွယ်တွေရောက်လာပြီ။ ဒီတော့ သူသွားနိုင်သမျှနယ်မြေတွေတော့ သူသွားပြီးတော့ ကျွန်တော်တို့စည်းရုံးရေးကိစ္စတွေကို သူဆောင်ရွက်ပေးမယ်။ သူ့မှာရှိတဲ့ခွန်အားနဲ့အတူ သူဆောင်ရွက်မယ်။ ဒါကြောင့်မို့လို့ ဒီခွန်အားတွေရှိဖို့ဆိုတာ ပြည်သူ့မေတ္တာတွေ၊ ပြည်သူရဲ့ယုံကြည်မှုတွေလည်း လိုအပ်ပါတယ်။ ဒါကြောင့် သမ္မတကြီးဟောင်းဦးသိန်စိန် ကျန်းမာပါစေလို့ဆုတောင်းပါတယ်။ ဒါမှသာလျှင် တိုင်းပြည်အတွက် အမှန်တကယ် ဦးဆောင်ဦးရွက်ပြုနိုင်မယ့်အစိုးရကောင်း၊ ကိုယ်စားလှယ်လောင်းတွေ ပေါ်ထွန်းလာနိုင်ရေးကို ကျွန်တော်တို့ပါတီဘက်ကနေပြီးတော့ သူသည် နိုင်ငံ့အကျိုးကို ရှေးရှုပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဇူလိုင် ၂၆ ရက်တွင် မီဒီယာများသို့ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုများ ပြီးစီးသွားပြီဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင်တော်တော်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဦးသိန်းစိန်ကဥက္ကဌအဖြစ် စတင်တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီမှ အနားယူသွားခဲ့ခြင်းဖြစ်သည်။

ဦးရာဇ

=====================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top