လူငယ်ကြိုက် အဆိုတော် ရသကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်ကပဲ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
အကျဉ်းကျနေတာ တစ်နှစ်ကျော်ရှိပြီဖြစ်တဲ့ ရသက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မြင်းခြံထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး တော်တော်လေး အဆင်မပြေဖြစ်နေတာပဲ ဖြစ်ပါတယ်။
ရသရဲ့ သူငယ်ချင်းဖြစ်သူ ယုန်လေးက ရသတို့မိသားစုရဲ့ အခက်အခဲတွေကိုသိပြီး ရသအတွက် ငွေအား၊ လူအားနဲ့ ကူညီပေးနေသလို အခြားသော အနုပညာရှင်တွေကလည်း ရသကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ကူညီပေးခဲ့ကြောင်း ယုန်လေးက အခုလိုပဲပြောပြလာပါတယ်။
“ကျွန်တော်တို့ ချစ်သူငယ်ချင်းကြီး ရသ ဒီတစ်ခါ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်များလာခဲ့ရင် နိုင်ငံ အကြီးကဲ များ ထည့်သွင်းစဉ်းစားပေးချင်ပါတယ် ခင်ဗျာ။
အခု ဟိုနေ့ကတင်တဲ့ ကျွန်တော့် Status လေးတွေ့ပြီး ပထမ ဆုံးမထင်တဲ့လူ ဆက်သွားတယ်။ ကျွန်တော် တော်တော် ပီတိဖြစ်သွားတယ်။
အခု ဒီစာကိုမရေးခင် ရသအမေရော ရသကရော အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်စကားတင်ပြီးပြောပေးပါဆိုလို့ တင်ခြင်းဖြစ်ပါသည်။”
“ကိုစိုင်းစိုင်းခမ်းလှိုင်က ငါကူတာ မပြောပါနဲ့ ကွာဆိုပြီး (၁၀) သိန်း ကူသွားပါတယ်။ နောက်၂ ယောက် ငါတက်နိုင်သလောက်ကူတာ သူကြိုက်မှာ မဟုတ်ဘူး
ထင်တယ်ဆိုပြီး Example ထွန်းထွန်း (၁) သိန်း၊ သက်အောင် (၅) သောင်း ကူသွားပါတယ်။ သူရဲ့ အချစ်ဆုံး ညီမ၊ တပည့်တွေလိုလည်း ပြောလို့ရပါတယ်။
အများကြီး ကူချင်တာပါ Covid မှာ အကုန် အဆင်ပြေသလို ဖြတ်သန်း နေရလိုပါဆိုပြီး စိတ်မကောင်းစွာနဲ့ Jenny (၂) သိန်း၊ စန္ဒီမြင့်လွင် (၁) သိန်း၊
Ah Boy (၂) သိန်း၊ No က ရတနာလင်း (၁) သိန်း၊ Mandalay က ရသ ပရိတ်သတ်ပါ ဆိုပြီး Tootti Henry လက်ဝှေ့ (၁) သိန်း ကူသွားပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် လို့ရသက ပြောပေးပါလို့ ပြောပါတယ်။
Kyaw Htut Swe နဲ့ Lin Bin Hein၊ Jouk Jack ကလည်း အမြဲ တန်း သူတို့ကြုံသလိုကူပါတယ်။ အားလုံးကို အထူးကျေးဇူးပါ။ ကျွန်တော်တို့ သူငယ်ချင်းကြီး လိမ်မာနေပါပြီ။
ဒီတစ်ခေါက် နိုင်ငံတော်က လွတ်ငြိမ်း ချမ်းသာခွင့်လာရင် အပြင်မှာ အရင်လို ပြန်ဆုံချင်ပြီ ” ဆိုပြီး ပြောလာပါတယ်။ အဆိုတော် ယုန်လေးရဲ့ ဦးဆောင်မှုနဲ့ အနုပညာရှင်တွေရဲ့ ဝိုင်းဝန်းကူညီမှုကြောင့် ရသတစ်ယောက် အထိုက်အလျောက် အဆင်ပြေသွားမယ် ထင်ပါတယ်။
ယုန်လေးပြောသလိုပဲ ရသတစ်ယောက် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ကြုံပြီး အရင်လိုပဲ သီချင်းတွေဆိုမယ့်အချိန်ကို ပရိသတ်တွေက စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။
ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ယူနီကုဒ်ဖြင့်ဖတ်ရန်