အမေရိကန်ရဲ့ ဒုံးကာ စနစ် အားလုံး ကို ချိုး ဖျက်နို င် သော တရုတ် ရဲ့ အသံ ထက်မြန် ပဲ့ထိန်း နျူကလီးယား ဒုံးကျည် ကို ထုတ်ပြ လိုက်ပြီ

အမေရိကန်ရဲ့ ဒုံးကာစနစ်အားလုံး ကို ချိုးဖျက်နိုင် တဲ့ တရုတ်ရဲ့ အသံ ထက်မြန် ပဲ့ထိန်း နျူကလီးယား ဒုံးကျည် ကို ထုတ်ပြလိုက်ပြီ

အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေ မှာ ဖြန့်ကြက်ထားတဲ့ ရှိသမျှ ဒုံးခွင်းဒုံး လေကြောင်းရန်ကာ စနစ်အားလုံးကို ချိုးဖျက်နိုင်ဖွယ်ရှိတဲ့ အသံထက်မြန် ပဲ့ထိန်းနျူကလီးယား ဒုံးကျည်သစ်ကို တရုတ်နိုင်ငံက ထုတ်ပြလာပါတ ယ်။

သမ္မတ ရှီကျင့် ဖျင် ဦးဆောင် တဲ့ အကြီးစား စစ်ရေးပြသမှုကို အင်္ဂါနေ့က ပြုလုပ်ရာ ပြသတဲ့ စစ်လက်နက်တွေမှာ ယာဉ်ပေါ်တင် DF-17 ဆိုတဲ့ ဒုံးကျည်ပါ ပါရှိပါတ ယ်။

ဒုံးကျည်ရဲ့ အလျင်နှုန်း ကြောင့် ပစ်လွှတ်တဲ့အခါ နျူကလီးယား လက်နက်လား ဆိုတာကို ပိုင်းဖြတ်ဖို့ အချိန်အနည်းငယ်ပဲ ရနိုင်မှာ ဖြစ်တာကြောင့် ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်တဲ့ ဒုံးကျည်သစ်ပဲ ဖြစ်တယ်လို့ အချို့သော အကဲဖြတ်တွေက ဆိုပါ တယ်။

ဒီ ဒုံးကျည်ရဲ့ အလျင်နှုန်း ဟာ ထောက်လှမ်းဖို့နဲ့ ကြားဖြတ်ဖို့အတွက် ပိုပြီး ခက်ခဲစေပါတယ်။ DF-17 ဒုံးရဲ့ အသံထက်မြန် လျှောဆင်းယာဉ်နည်းပညာကလည်း ဒီ ဒုံးကျည် ကို အနိမ့်ပျံသန်းပြီး ပစ်မှတ်ကို ပစ်လွှတ်နိုင်သလို ထောက်လှမ်းကြားဖြတ်ဖို့ ကြိုးစားမှုတွေကိုလည်း ကျော်လွှားနိုင်တယ်လို့ ဆိုပါတယ်။

တျန်အန်မင် ရင်ပြင်မှာ ပြုလုပ်တဲ့ မိနစ် ၈၀ ကြာမြင့်တဲ့ အခု စစ်ရေး ပြသမှုကြီးမှာ သမ္မတ ရှီကျင့်ဖျင်ဟာ စစ်တပ်ရဲ့ နောက်ဆုံး လက်နက်နဲ့ စစ်ပစ္စည်းတွေကို ထုတ်ပြလာတာပဲ ဖြစ်ပါ တယ်။

စင်မြင့်ပေါ်မှာ ရှီကျင့်ဖျင်နဲ့ အတူ တရုတ် ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဟူကျင်းတောင်းနဲ့ ကျန်ဇီမင်းတို့ကိုလည်း မြင်တွေ့ရပါတယ်။

အဆိုပါ စစ်ရေး ပြပွဲကြီးမှာ ကမ္ဘာ့မှာ အဝေးဆုံး ပစ်လွှတ်နိုင်တဲ့ ဒုံးဖြစ်တယ်ဆို တဲ့ ကီလိုမီတာ ၁၂၀၀၀ ကနေ ၁၅၀၀၀ ကြား ပစ်မှတ်တွေဆီ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် DF-41 ကိုပါ ချပြခဲ့ပါတ ယ်။

Rf; Aljazeera
လေးစားမှုဖြင့် YGN Times

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top