အလုပ်တွေနားနေတာ(၃)နှစ်ရှိပြီဖြစ်တဲ့ ဦးချစ်စရာနဲ့အတူ ကြော်ငြာရိုက်ခဲ့ပြီး ဆန်နဲ့ဆီအပြင် ငွေကြေးအချို့နဲ့ ကန်တော့ခဲ့တဲ့ ဖြူဖြူထွေး

ဖြူဖြူထွေး ကတော့ ဟာသလေးတွေနဲ့ လူသိများလာကာ နောက်ပိုင်းမှာတော့ ဖြူစင်တဲ့စိတ်ထားလေးတွေနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အနုပညာလောကမှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့အားပေးမှုတွေရရှိပြီး နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့ပါပြီနော်။ ဖြူဖြူထွေး ဟာ အသက်ငယ်ရွယ်ပေမယ့်လည်း စိတ်သဘောပြည့်ဝကာ အနုပညာမှရရှိတဲ့ ငွေကြေးတချို့ကိုလည်း

လိုအပ်တဲ့သူတွေအတွက် အမြဲဆိုသလိုလှူဒါန်းမှုတွေပြလုပ်တာကိုတွေ့ရပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာနေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ပျော်ပျော်ရွှင်ရွှင်နေတက်ပြီး မိဘပေါ်မှာလည်း

သိတက်လိမ္မာတဲ့ သမီးလေးဖြစ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ လေးစားချစ်ခင်နေရတဲ့သူလေးပဲဖြစ်ပါတယ်။ ဖြူဖြူထွေး ဟာဆိုရင်လတ်တလောမှာတော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရပြီး သူမရဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်တဲ့

ဝါရင့်အနုပညာရှင်တွေကိုလည်း အခြေခံစားသောက်ကုန်နဲ့ အတူ အနုပညာကြေးကို တစ်ပါးတည်း ကုသိုလ်ဖြစ် ကန်တော့တကိုလည်း တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ဖြူဖြူထွေးကတော့ ဝါရင့် ဟာသ သရုပ်ဆောင်နဲ့ လူကြမ်းသရုပ်ဆောင်တွေကို သူမရဲ့ ကြော်ငြာမှာ ခေါ်ရိုက်ပြီး စားသောက်ကုန်တွေနဲ့ အနုပညာကြေးကိုပါကန်တော့ခဲ့ပါတယ်။

ဒီပုံလေးတွေနဲ့လည်း ဖြူဖြူထွေးက ” အနုပညာအလုပ် (၃) နှစ်နားနေတဲ့ ဦးချစ်စရာ ကို ကြော်ငြာအတူရိုက်ခွင့်ရလို့ ပီတိဖြစ်မိတယ် ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ကြည်နူးပီတိဖြစ်စရာ ကောင်းလောက်တဲ့ ဖြူဖြူ ထွေး ရဲ့ ဝါရင့်သရုပ်ဆောင်တွေကို ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Read in UNICODE

ဖြူဖြူထွေး ကတော့ ဟာသလေးတွေနဲ့ လူသိများလာကာ နောက်ပိုင်းမှာတော့ ဖြူစင်တဲ့စိတ်ထားလေးတွေနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အနုပညာလောကမှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့အားပေးမှုတွေရရှိပြီး နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့ပါပြီနော်။ ဖြူဖြူထွေး ဟာ အသက်ငယ်ရွယ်ပေမယ့်လည်း စိတ်သဘောပြည့်ဝကာ အနုပညာမှရရှိတဲ့ ငွေကြေးတချို့ကိုလည်း

လိုအပ်တဲ့သူတွေအတွက် အမြဲဆိုသလိုလှူဒါန်းမှုတွေပြလုပ်တာကိုတွေ့ရပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာနေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ပျော်ပျော်ရွှင်ရွှင်နေတက်ပြီး မိဘပေါ်မှာလည်း

သိတက်လိမ္မာတဲ့ သမီးလေးဖြစ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ လေးစားချစ်ခင်နေရတဲ့သူလေးပဲဖြစ်ပါတယ်။ ဖြူဖြူထွေး ဟာဆိုရင်လတ်တလောမှာတော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရပြီး သူမရဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်တဲ့

ဝါရင့်အနုပညာရှင်တွေကိုလည်း အခြေခံစားသောက်ကုန်နဲ့ အတူ အနုပညာကြေးကို တစ်ပါးတည်း ကုသိုလ်ဖြစ် ကန်တော့တကိုလည်း တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ဖြူဖြူထွေးကတော့ ဝါရင့် ဟာသ သရုပ်ဆောင်နဲ့ လူကြမ်းသရုပ်ဆောင်တွေကို သူမရဲ့ ကြော်ငြာမှာ ခေါ်ရိုက်ပြီး စားသောက်ကုန်တွေနဲ့ အနုပညာကြေးကိုပါ

ကန်တော့ခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဖြူဖြူထွေးက ” အနုပညာအလုပ် (၃) နှစ်နားနေတဲ့ ဦးချစ်စရာ ကို ကြော်ငြာအတူရိုက်ခွင့်ရလို့ ပီတိဖြစ်မိတယ် ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ…ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ကြည်နူးပီတိဖြစ်စရာ ကောင်းလောက်တဲ့ ဖြူဖြူ ထွေး ရဲ့ ဝါရင့်သရုပ်ဆောင်တွေကို ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : Phyu Phyu Htwe’s Facebook | Reference & Credit : Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top