နေပြည်တော်(ချစ်သူလမ်းကြား)တွင် နေခင်းကြောင်တောင် လုယက်မှုဖြစ်

နေပြည်တော်(ချစ်သူလမ်းကြား)တွင်
နေခင်းကြောင်တောင် လုယက်မှုဖြစ်

နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ် ၊ကုက္ကိုလ်ပင်တန်းဆိုင်ကယ်လမ်း(ချစ်သူလမ်းကြား)တွင် ယနေ့(ဇူလိုင် ၂၆) မွန်းလွဲပိုင်းက လုယက်မှုတခု ဖြစ်ပွားခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ငွေလျှံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနောက်ဘက်ရာဇဌာနီလမ်းဘေးရှိ ကုက္ကိုလ်ပင်တန်းဆိုင်ကယ်လမ်း(ချစ်သူလမ်းကြား)တွင် ရဲလွင်ဉီး(၂၅နှစ်)ကျောင်းလုပ်သား၊ကျောက်တစ်လုံးကျောင်းစုကျေးရွာနေသူနှင့် ဒေါ်အေးသီတာ၊၃၃ နှစ်၊အထက်တန်းပြ(အထက ၁၊လယ်ဝေး)၊လယ်ဝေးမြို့နေသူတို့ထိုင်စကားပြောနေစဉ်(အသားမဲ၊အရပ်ပု၊ခါးမှဓါးတဖက်၊စကေဘာမျက်နှာမှုန်ကုတ်၊အင်ချည် တီရှပ်ပုံလက်တိုအနက်ရောင်)(လူမြင်လျှင်
မှတ်မိ)လူတယောက် ရောက်ရှိလာကြောင်း သိရသည်။

ထိုတယောက်မှာ ပလပ်စတစ်ကောက်သည့်ပုံစံဖြင့်ရောက်လာခြင်းဖြစ်၍ ၎င်းအားရေသန့်ဘူးခွံပေးခဲ့ရာ တစုံတရာ ပြောဆိုခြင်း မရှိဘဲ ရဲလွင်ဉီးအားစကေဘာဖြင့် စထိုးခဲ့ကြောင်း၊ထို့ကြောင့် ရဲလွင်ဉီး ၏ကျောဝဲဘက်ခြမ်းထိုးသွင်းဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ထို့နောက် ဒေါ်အေး သီတာကိုလည်း ဓားဖြင့် ထပ်မံထိုးခဲ့ရာ ၎င်းမှာလည်း ဝဲနံကြားထိုးသွင်းဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)ရရှိခဲ့ကာ ၎င်း၏ ဆွဲကြိုး တစ်ကုံး (အလေးချိန် ၁ ကျပ်သားခန့်)ကိုလည်း လုယူထွက်ပြေးသွားခဲ့‌ သိရသည်။

လက်ရှိ အချိန်တွင် ရဲလွင်ဦးနှင့် ဒေါ်အေးသီတာတို့မှာ နေပြည်တော်ခတင် ၁‌၀၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ် သက်၍ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူရန် စီစဉ်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

ထွန်း(နေပြည်တော်)

Ref:News Watch

======================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top