ယနေ့ည ဦးနှောက်ခွဲစိတ်မှုလုပ်မယ့် မိခင်ဖြစ်သူအတွက် ပူပန်စိုးရိမ်နေရတဲ့ နီလန်း

ပရိသတ်ကြိးရေ Beauty Blogger အဆိုတော်မလေး နီလန်းကိုတော့ အထူးအထွေမိတ်ဆက်ပေးစရမြလို. အောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။

နီလန်းကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်.။

သူမရဲ့ Beauty Blogger တစ်ယောက်အနေနဲ့ရော အနုပညာရှင် အဆိုတော်တစ်ယောက်အနေနဲ့ပါ ရပ်တည်နေသူပါ.။

ဇူလိုင်လ (၁၉)ရက်နေ့က မိခင်ဖြစ်သူရဲ့ ဆေးစက်ချက်ပုံလေးတွေနဲ့ အကြံပြုချက်လေးတွေကို တောင်းတဲ့ ပိုစ့်လေးကို တင်လာခဲ့ပြီး ဒီနေ့ ဇူလိုင်လ (၂၃)ရက်နေ့မှာတော့

မိခင်ဖြစ်သူ ဦးနှောက်ထဲက အကျိတ်ကို ဒီနေ့ ညနေမှာ ခွဲစိတ်မယ့်အကြောင်းလေးကို “မေမေ့ရဲ့ ဦးနှောက်ထဲက အကျိတ်ကို ဒီနေ့ညနေ ခွဲစိတ်မှုလုပ်ရပါတော့မယ်…။

Nilen ရဲ့အလိုချင်ဆုံးဆန္ဒက မေမေ့ရဲ့ခွဲစိတ်မှု အောင်မြင်ပြီး ကျန်းမာလာဖို့ပါပဲ ကိုယ်တော် အတူပါရှိတော်မူပါ ကိုယ်တော့်ထံ အပ်နှံပါ၏ အမှန်အတိုင်းဝန်ခံရရင် မေမေ့အတွက် Nilen အရမ်းစိတ်ပူမိပါတယ်….။

ဒါပေမယ့် ဆုတောင်းတာကလွဲလို့ Nilen တတ်နိုင်တာ ဘာတစ်ခုမှမရှိတဲ့အတွက် တတ်နိုင်တဲ့ ဘုရားသခင်နဲ့ ဆရာဝန်များထံ အကုန်လုံးအပ်နှံပါတယ်….။

အဝေးကနေ ဆုတောင်းခြင်းဖြင့် ကူညီပေးကြတဲ့ မိတ်ဆွေများ အားလုံးကိုလည်း Nilen ကျေးဇူးအများကြီးတင်ပါတယ်….အားလုံးပဲ ဘုရားသခင်ကောင်းချီးပေးပါစေ…Love you mom”

ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်. ပရိသတ်ကြီးလည်း အကျိတ်ကသေးပေမယ့် ခွဲစိတ်မှုဝင်ရမယ့် မိခင်ဖြစ်သူအတွက် စိတ်ပူနေတဲ့ နီလန်းအတွက် အားပေးစကားလေးတွေနဲ့အတူ နီလန်းရဲ့ မိခင်အတွက်ပါ ဆုတောင်းပေးခဲ့ပါဦးနော်.။

ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top