မြန်မာတို့မကြီးပွားရခြင်း၏အကြောင်းရင်းများ (ဝါ) ပြင်ကြရမည့်စိတ်ဓာတ်များ

#ပြင်ရဦးမည့်စိတ်ဓာတ်များ

သရ၀ဏ်(ပြည်)

မြန်မာပြည်မှာလာနေသော တရုတ်တွေအများစုသည် ချမ်းသာ၏ ။ မြန်မာပြည်မှာလာနေသော ကုလားအများစုသည်မူလကဆင်းရဲကြသော်လည်းတဖြည်းဖြည်းနှင့်ချမ်းသာသွားကြ၏ ။ မြန်မာပြည်တွင် ယခင်ကလာနေသွားခဲ့ကြသော အင်္ဂလိပ်များသည်လည်းချမ်းသာသွားကြ၏။ ခေတ်အဆက်ဆက် အထည်ကြီးပျက်လိုဖြစ်ကာဆင်းရဲကြသည်မှာ မြန်မာများဖြစ်သည် ။ ထိုအခါစဉ်းစားရမည်မှာ လူတို့ဆင်းရဲကြခြင်းမှာ တိုင်းပြည်အပြစ်မဟုတ်ပဲ လူတွေညံ့လို့ဖြစ်ကြောင်းထင်ရှားလေသည် ။ မြန်မာတို့ကြီးပွားချမ်းသာကြောင်းအတွက်ပြင်ကြရမည့်စိတ်ဓာတ်များအတော်များများရှိ၏။အောက်ပါတို့သည် မြန်မာတို့မကြီးပွားရခြင်း၏အကြောင်းရင်းများ (ဝါ)ပြင်ကြရမည့်စိတ်ဓာတ်များဖြစ်သည် ။

(က) ရောင့်ရဲလွယ်ခြင်း

မြန်မာဆင်းရဲသားအတော်များများသည် ယနေ့စားဖို့ရလျှင်မနက်ဖြန်အတွက် အလုပ်ကြိုတင်မလုပ်လိုကြပေ ။စုဆောင်းဖို့ ရှာဖွေဖို့ထက် အေးအေးလူလူ ဟေးလားဝါးလားနေချင်ကြသည် ။ သူတို့၏လက်သုံးစကားမှာ ထမင်းကြမ်းယပ်ခတ်စား မယ် (အေးအေးပဲနေမယ် ) ဆိုသောစကားဖြစ်သည် ။ တစ်နေ့စာ စားဖို့ရပြီဆိုလျှင် အလုပ်မလုပ်တော့ပဲ ရောင့်ရဲ ကြသဖြင့် ဘယ်သောအခါမှ စုမိဆောင်းမိမရှိကြချေ။

(ခ)အချိန်ဖြုန်းခြင်း

လက်ဘက်ရည်ဆိုင်တွင်တမေ့တမောထိုင်ကာ ပြသမျှ ဗီဒီယိုဇာတ်ကားများကိုကြည့်ရှုခြင်း၊ ဘိလိယက်ခုံတွင် တနေကုန်ထိုင်နေခြင်း၊ကျားထိုးခြင်း ၊ ဖဲရိုက်ခြင်း၊ မိန်းမများစုကာအတင်းပြောကြခြင်း၊ပိုက်ဆံကြေးဂေါ်လီလှိမ့်ခြင်း ၊ အရက်ဆိုင်တွင်မထတမ်းထိုင်နေခြင်း၊ နတ်ကရာကျီးမောဆိုသကဲ့သို့ သူများအိမ်ဆောက်ခြင်း၊နတ်ပွဲကခြင်း ၊ ရန်ဖြစ်ခြင်း ၊ဘောလီဘောပုတ်ခြင်း ၊ ပိုက်ကျော်ခြင်းခတ်ခြင်း စသည့်တွေ့ကရာ ရှစ်သောင်းကိစ္စများကို ထိုင်ကြည့်ခြင်း စသည့်အမှုများကိုမြန်မာအများစု ပြုလုပ်အချိန်ဖြုန်းနေသည့် အခိုက်၀ယ် လူမျိုးခြားတို့မှာ သူတို့ဆိုင် ၊ သူတို့ အလုပ် ၊သူတို့ ကိစ္စကိုအားသွန်ခွန်စိုက်အလုပ်လုပ်ပြီး၀င်ငွေများရပြီးနေကြလေပြီ ။

(ဂ) ငွေဖြုန်းခြင်း

ဘုန်းကြီးသေရွာကြေဆိုသော စကားပုံ ၊ အကြွေးရရင်ဆင်တောင်၀ယ်တယ်ဆို သောစကားပုံ ၊ သောက်သောက်စားစားလူမင်းသား၊ ဆင်စီးလို့မြင်းရံ ဆိုသောစကားပုံများသည် မြန်မာတို့အကြွားသန်သော ငွေဖြုန်းသောဖြစ်ရပ်များကိုပြဆိုနေသော စကားပုံများဖြစ်သည် ။ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူလျှင် ရိုးရိုးမသာချလိုက်ပါက ငွေကုန်ပေါက်သက်သာ၍ ဘုရားတရားတော်နှင့်အညီဖြစ်မည်ဖြစ်သော်လည်း မြန်မာတို့သည် ဇာမချဲ့ရလျှင်မကြေနပ်ချေ။ထို့ကြောင့်ဇာတ်ပွဲ ၊အငြိမ့်ပွဲငှားခြင်း၊ ဧယဉ်ကျူးမည့် မင်းသမီးငှားခြင်း ၊ ဘုန်းကြီးပျံပွဲ တစ်လကိုးသီတင်းကျင်းပခြင်း ၊ လောင်တိုက်ကောင်းကောင်းဆောက်ခြင်း ၊ လာသမျှပရိသတ်ကိုစတုဒီသာရက်ဆက်ကျွေးခြင်း ၊ အသံချဲ့စက် လော်စပီကာဆရာကောင်းကောင်းငှားခြင်း ၊ မီးစက်ကြီးငှားရခြင်း၊ ကော်ဇော်စသည်ဖြင့် ဧည့်ခံမဏ္ဍပ်ဆောက်ရခြင်း၊ တို့ဖြင့် ရွာမှာ စားရိတ်ထောင်းကာမွဲပြာကျလေသည် ။ မိမိမှာမရှိပဲရသမျှ အကြွေးယူချင်တတ်သော စိတ်ဓာတ်မှာလည်း မြန်မာတို့မွဲပြာကျစေသော အကျင့်ဆိုးဖြစ်၍ပြင်ရမည် ။ မြန်မာဗုဒ္စဘာသာ၀င်အားလုံးသည် မိမိသားသမီးရှင်ပြုနားသပွဲကို အတော်ကြီးငွေကုန်ခံကာပြုလုပ်ကြသည် ။အငြိမ့်တွေ ဇာတ်တွေငှားသည် ။ ဆင်တွေ မြင်းတွေငှားသည် ။ ၀င်းခင်းသဘင်တွေလုပ်ကြသည် ။ အပြိုင်အဆိုင်ကျွေးကြသည် ။ ဆိုင်းဝိုင်းများဖြင့် မြို့ကိုပတ်ကြသည် ။ တစ်သက်လုံးစုဆောင်းထားသမျှအားလုံးကုန်သည့်အပြင် အကြွေးတင်သည်အထိ ရှင်ပြုနားသပွဲ တစ်ပွဲတည်းနှင့် ငွေများ ကို အားလုံးသုံးပစ်လိုက်ကြပြီးနောက်နေ့တွင် ဘာမှမကျန်တော့သည့်ဘ၀သို့ရောက်ကြသည် ။ မြတ်စွာဘုရားအလိုတော်ကျဖြစ်သော ရှင်ရာဟုလာ သင်္ကန်းဆီးသည့်ပွဲကဲ့သို့တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း ပကာသနမပါပဲ ပြုလုပ်သောရှင်ပြုပွဲတို့ များပြားစေချင်ပါသည်။အလှူမင်္ဂလာဆောင်ပွဲသွားတိုင်း အ၀တ်သစ်အစားသစ်ချုပ်ကြ၀ယ်ကြခြင်းသည်လည်းငွေကုန်ပေါက်ကြီးတစ်ခုဖြစ်၍ လူမျိုးခြားများသည် ထိုသို့မလိုအပ်ပဲ အ၀တ်အစားအသစ်များမကြာခန၀ယ်ခြင်းမပြုကြပေ။

(ဃ)အလုပ်လုပ်သည်ကိုရှက်စရာဟုထင်မြင်ခြင်း

လူမျိုးခြားများသည် သူတို့ကလေးများကိုငယ်စဉ်ကပင် ၀င်ငွေရသောအလုပ်များကို တနိုင်တပိုင်ဝိုင်းကူလုပ်စေသည် ။ ထို့ကြောင့် စျေးရောင်နေသောတရုတ်ကလေး ၊ မိဘလက်တွန်းလှည်းကိုဝိုင်းတွန်းပေးသော ကုလားလေးများကိုတွေ့ရပေမည် ။ မြန်မာလူမျိုးများကားမိမိသားသမီးကို ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဘော်ကြော့ထားခြင်းကိုဂုဏ်ယူကြပေသည် ။ ငါအသက်ရှင်နေသရွေ့ငါ့သားသမီးများဘာမှလုပ်စရာမလိုဟူသောတလွဲမာနဖြင့် ကလေးကိုဖျက်ဆီးကြသည် ။ ကျောင်းသွားလျှင် ကျောင်းလွယ်အိပ်ကိုကိုင်ပေးမည့်သူနှင့်၊ ထမင်းစားလျှင်ခွန့်ကျွေးမည့်သူနှင့် ၊ အင်္ကျီလဲလျှင်ကူ၀တ်ပေးမည့်သူနှင့် အစစလိုလေသေးမရှိထားခြင်းဖြင့်ကလေးကိုဖျက်ဆီးကြ၏ ။ ထိုကလေးသည် မိမိအစွမ်းအစဖြင့် ဘာမှမလုပ်တတ်တော့ပေ။ ငါရှိရင်ငါ့သားသမီးဘာမှလုပ်စရာမလိုဘူးဆိုသော မိခင်၊ သို့မဟုတ် ဖခင်တို့ ရုတ်တရက်ကွယ်လွန်သွားသောအခါ ၊စီးပွားပျက်သွားသောအခါ သာသမီးမှာ ဘာမှမလုပ်တတ်မကိုင်တတ်ဖြင့် ခွေးလုံးလုံးဖြစ်တော့သည် ။ ထို့ကြောင့်မြန်မာလူမျိုးများ ကြီးပွားတိုးတက်လိုလျှင်မိမိသားသမီးကို ငယ်စဉ်မှစကာ နိုင်သရွေ့သော အလုပ်ကိုလုပ်ခိုင်းရမည် ။ မိမိအစွမ်းဖြင့်ငွေရှာလျှင် မည်မျှနည်းပါးသောပိုက်ဆံပင်ဖြစ်စေ ခွင့်ပြုရမည် ။ချီးကျူးရမည် ။ လုပ်မနေနဲ့ မင်းဟာက မဖြစ်စလောက်နဲ့ဘယ်လောက်ရမှာမို့လဲ အဖေ ပေးမယ်ဆိုသော တလွဲအယူအဆကိုဖျောက်ရမည် ။

(င) မုဒိတာမပွားနိုင်ကြခြင်း (ဝါ)မနာလို၀န်တိုစိတ်အားကြီးခြင်း

မြန်မာတို့၏အားနည်းချက်တစ်ခုမှာအပေါ်ယံသဘောကောင်းသလိုထင်ရသော်လည်း အချီကြီးမိလာသောကိစ္စများတွင် တစ်ယောက်နှင့်တစ်ယောက် ၊တစ်ဖွဲ့နှင့်တဖွဲ့ မနာလို၀န်တိုစိတ်အားကြီးကြသည် ။ တစ်ယောက်အဆင်ပြေသည်ကိုတစ်ယောက်က၀မ်းမြောက်၀မ်းသာသော မုဒိတာတရားနည်းကြသည် ။ငွေတစ်ရာအဆင်ပြေစဉ်က ၀မ်းသာခဲ့သော်လည်း ထိုသူငွေတစ်ထောင်ရလာသောအခါ မကြိုက်တော့ပေ ။ဒီကောင့်လောက်တော့ငါလဲတတ်ပါတယ် ။ ဒီကောင်ကဘာကောင်မို့ တစ်ထောင်တောင်ပေးရတာလဲ ၊နှစ်ရာလောက်ပေးရင်ရပြီဆိုတာ ငါသွားပြောမယ် ၊ ငါတို့အဖွဲ့ကိုခိုင်းရင် တစ်ရာ့ငါးဆယ် နှစ်ရာလောက်နဲ့ရအောင်လုပ်ပေးမယ် စသည်ဖြင့် သူတပါးလာဘ်လာဘရခြင်းကို ဖျက်လိုဖျက်ဆီးစိတ် များမြန်မာတို့တွင်ရှိတတ်၏ ။ ထိုစိတ်ဆိုးစိတ်ယုတ်ပေါ်ပေါက်လာလျှင် ဖယ်ရှားရမည် ။သူလဲကြီးပွား ကိုယ်လဲကြီးပွား မှသာ တမျိုးသားလုံးကြီးပွားမည် ။ တရုတ်အားလုံးကြီးပွားသောအခါ နိုင်ငံတိုင်းတွင် တရုတ်တန်း(China Town ) ဟူ၍ အားလုံးကတကူးတကလာကြည့်ရသည် ။ အိန္ဒယနိုင်ငံသားများကြီးပွားသောအခါ LITTLE INDIA ဟုခေါ သော ကုလားရပ်ကွက်ဖြစ်ပေါ်လာသည် ။ မြန်မာတို့ကားတစ်ယောက်ကိုတစ်ယောက်ထိုးချဖို့အမြဲကြံစည်နေသဖြင့် နိုင်ငံခြားတွင် အစုလိုက် အပြုံလိုက်ကြီးပွားတိုးတက်နေသော မြန်မာ အသိုင်းအဝိုင်းဟူ၍ မရှိသလောက်ရှားသည် ။ပြည်တွင်းမှာလည်းထိုနည်းနှင်နှင် ။

(စ) တစ်ယောက်လုပ်လျှင် အားလုံးလိုက်လုပ်ကြခြင်း

လူတစ်ယောက်က ကားမှတ်တိုင်အောက်တွင် ကွမ်းယာရောင်းကောင်းလျှင် ကားမှတ်တိုင်တွင်အားလုံး ကွမ်းယာလိုက်ရောင်းကြသည် ။ ဓာတ်တိုင်အောက်တွင်မုန့်ဟင်းခါးသယ် အဆင်ပြေလျှင်အားလုံးမုန့်ဟင်းခါးဖြစ်ကြသည် ။ကိုယ်ရောင်း၇ဖို့သူ့ဆိုင်ပြုတ်အောင်ချောက်တွန်းကြသည် ။

(ဆ)ကိုယ်နဲ့မဆိုင်သလိုနေကြသည် (စုပေါင်းဆောင်ရွက်မှုအားနည်းသည် )

ရေမြောင်းပိတ်နေသဖြင့် ပိုက်ဆံလိုက်ကောက်ပါက မြန်မာအိမ်အတော်များများက ငွေထည့်ဖို့လက်တွန့်လေ့ရှိသည် ။ လျှပ်စစ်မီးလင်းဖို့ ၊ ရေရရှိဖို့ စသည့်ကိစ္စများမှာလည်းထိုနည်းနှင်နှင် ။တစ်ယောက်ကိုတစ်ယောက်တွက်ကပ်ကြသည် ။ ထို့ကြောင့်အသေးအဖွဲကိစ္စလေးများမှာပင် ငြင်းနေခုန်နေကြတာ ၊ တွက်ကပ်နေကြတာ ၊စကားများနေကြတာနှင့်ပြီးသည် ။ အလုပ်ကြီးအကိုင်ကြီး ၊လုပ်ငန်းကြီးဆိုလျှင်ပိုဆိုးသည် ။ ဘယ်တော့မှ မြန်မြန်နှင့်မှန်မှန် အလုပ်ပြီးမြောက်သည်ဆိုတာ မရှိ ။ အမြဲတွက်ကပ်ငြင်းခုန်နေတတ်ကြသည် ။ ငါသိငါတတ် တွေများနေကြသည် ။ နောက်လိုက်လုပ်လိုသူမရှိ ။ မြန်မာများသည်အားလုံးဆရာကြီး လုပ်လိုသူတွေများသည် ။ နေရာလုနေကြတာနှင့်အချိန်တွေငွေတွေကုန်ကာအလုပ်မဖြစ်တာများသည် ။ အရင်းတစ်ရာစီရှိသောလူငါးယောက်ပေါင်းပြီးအရင်းငါးရာလိုသောအလုပ်ကို မြန်မာတို့မလုပ်နိုင် ။ အရင်းတစ်ရာစီကိုင်ပြီး တစ်ရာတန်အလုပ်ကိုပဲ မိမိဘာသာလုပ်ကြသည် ။ ဟိုဘက်က ငါးရာတန်အလုပ်ကိုငါးယောက်လုပ်ရာမှ တစ်ထောင်တန် တစ်သောင်းတန် တစ်သိန်းတန်အလုပ်များဖြစ်သွားကြသည် ။ တစ်ရာတန်သမားများမှာ ဆင်းရဲလည်းမသွား တစ်ရာတန်ဘ၀မှလည်းတက်မလာ ။ ဒုံရင်းဒုံရင်းဖြစ်နေသည် ။ နှစ်ပေါင်းများစွာကြာသောအခါ တစ်ချိန်က တစ်ရာတန်အရင်းအနှီးရှိခဲ့တာခြင်းတူသော်လည်း စုပေါင်းသမားက တစ်သိန်းအထိ ချမ်းသာလာပြီး တစ်ယောက်ချင်းသမားက တစ်ရာ တန်ဘ၀မှာပဲကျန်ရစ်သည် ။ ကြီးပွားချင်လျှင် အကျိုးတူပူးပေါင်းမဆောင်ရွက်တတ်သော၊မဆောင်ရွက်ချင်သော ဓလေ့ကိုမြန်မာတို့ပြင်ကြရမည် ။

ဆက်ပြောလျှင်ပြောစရာတွေများစွာရှိသေးသည် ။ ယခုပြောဆိုသလောက်ကိုပဲ ဖိဖိစီးစီး စတင်လုပ်ဆောင်ပါက ဧကန်မုချကြီးပွားတိုးတက်ရမည် ။ တစ်ယောက်ချင်းတိုးတက်လာပါက တစ်နိုင်ငံလုံးတိုးတက်လာမည်ဖြစ်သတည်း
.
#ပြန်လည်မျှဝေပေးပါတယ်

=========================

#ပြင်ရဦးမည့်စိတ်ဓာတ်များ

သရ၀ဏ်(ပြည်)

မြန်မာပြည်မှာလာနေသော တရုတ်တွေအများစုသည် ချမ်းသာ၏ ။ မြန်မာပြည်မှာလာနေသော ကုလားအများစုသည်မူလကဆင်းရဲကြသော်လည်းတဖြည်းဖြည်းနှင့်ချမ်းသာသွားကြ၏ ။ မြန်မာပြည်တွင် ယခင်ကလာနေသွားခဲ့ကြသော အင်္ဂလိပ်များသည်လည်းချမ်းသာသွားကြ၏။ ခေတ်အဆက်ဆက် အထည်ကြီးပျက်လိုဖြစ်ကာဆင်းရဲကြသည်မှာ မြန်မာများဖြစ်သည် ။ ထိုအခါစဉ်းစားရမည်မှာ လူတို့ဆင်းရဲကြခြင်းမှာ တိုင်းပြည်အပြစ်မဟုတ်ပဲ လူတွေညံ့လို့ဖြစ်ကြောင်းထင်ရှားလေသည် ။ မြန်မာတို့ကြီးပွားချမ်းသာကြောင်းအတွက်ပြင်ကြရမည့်စိတ်ဓာတ်များအတော်များများရှိ၏။အောက်ပါတို့သည် မြန်မာတို့မကြီးပွားရခြင်း၏အကြောင်းရင်းများ (ဝါ)ပြင်ကြရမည့်စိတ်ဓာတ်များဖြစ်သည် ။

(က) ရောင့်ရဲလွယ်ခြင်း

မြန်မာဆင်းရဲသားအတော်များများသည် ယနေ့စားဖို့ရလျှင်မနက်ဖြန်အတွက် အလုပ်ကြိုတင်မလုပ်လိုကြပေ ။စုဆောင်းဖို့ ရှာဖွေဖို့ထက် အေးအေးလူလူ ဟေးလားဝါးလားနေချင်ကြသည် ။ သူတို့၏လက်သုံးစကားမှာ ထမင်းကြမ်းယပ်ခတ်စား မယ် (အေးအေးပဲနေမယ် ) ဆိုသောစကားဖြစ်သည် ။ တစ်နေ့စာ စားဖို့ရပြီဆိုလျှင် အလုပ်မလုပ်တော့ပဲ ရောင့်ရဲ ကြသဖြင့် ဘယ်သောအခါမှ စုမိဆောင်းမိမရှိကြချေ။

(ခ)အချိန်ဖြုန်းခြင်း

လက်ဘက်ရည်ဆိုင်တွင်တမေ့တမောထိုင်ကာ ပြသမျှ ဗီဒီယိုဇာတ်ကားများကိုကြည့်ရှုခြင်း၊ ဘိလိယက်ခုံတွင် တနေကုန်ထိုင်နေခြင်း၊ကျားထိုးခြင်း ၊ ဖဲရိုက်ခြင်း၊ မိန်းမများစုကာအတင်းပြောကြခြင်း၊ပိုက်ဆံကြေးဂေါ်လီလှိမ့်ခြင်း ၊ အရက်ဆိုင်တွင်မထတမ်းထိုင်နေခြင်း၊ နတ်ကရာကျီးမောဆိုသကဲ့သို့ သူများအိမ်ဆောက်ခြင်း၊နတ်ပွဲကခြင်း ၊ ရန်ဖြစ်ခြင်း ၊ဘောလီဘောပုတ်ခြင်း ၊ ပိုက်ကျော်ခြင်းခတ်ခြင်း စသည့်တွေ့ကရာ ရှစ်သောင်းကိစ္စများကို ထိုင်ကြည့်ခြင်း စသည့်အမှုများကိုမြန်မာအများစု ပြုလုပ်အချိန်ဖြုန်းနေသည့် အခိုက်ဝယ် လူမျိုးခြားတို့မှာ သူတို့ဆိုင် ၊ သူတို့ အလုပ် ၊သူတို့ ကိစ္စကိုအားသွန်ခွန်စိုက်အလုပ်လုပ်ပြီးဝင်ငွေများရပြီးနေကြလေပြီ ။

(ဂ) ငွေဖြုန်းခြင်း

ဘုန်းကြီးသေရွာကြေဆိုသော စကားပုံ ၊ အကြွေးရရင်ဆင်တောင်ဝယ်တယ်ဆို သောစကားပုံ ၊ သောက်သောက်စားစားလူမင်းသား၊ ဆင်စီးလို့မြင်းရံ ဆိုသောစကားပုံများသည် မြန်မာတို့အကြွားသန်သော ငွေဖြုန်းသောဖြစ်ရပ်များကိုပြဆိုနေသော စကားပုံများဖြစ်သည် ။ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူလျှင် ရိုးရိုးမသာချလိုက်ပါက ငွေကုန်ပေါက်သက်သာ၍ ဘုရားတရားတော်နှင့်အညီဖြစ်မည်ဖြစ်သော်လည်း မြန်မာတို့သည် ဇာမချဲ့ရလျှင်မကြေနပ်ချေ။ထို့ကြောင့်ဇာတ်ပွဲ ၊အငြိမ့်ပွဲငှားခြင်း၊ ဧယဉ်ကျူးမည့် မင်းသမီးငှားခြင်း ၊ ဘုန်းကြီးပျံပွဲ တစ်လကိုးသီတင်းကျင်းပခြင်း ၊ လောင်တိုက်ကောင်းကောင်းဆောက်ခြင်း ၊ လာသမျှပရိသတ်ကိုစတုဒီသာရက်ဆက်ကျွေးခြင်း ၊ အသံချဲ့စက် လော်စပီကာဆရာကောင်းကောင်းငှားခြင်း ၊ မီးစက်ကြီးငှားရခြင်း၊ ကော်ဇော်စသည်ဖြင့် ဧည့်ခံမဏ္ဍပ်ဆောက်ရခြင်း၊ တို့ဖြင့် ရွာမှာ စားရိတ်ထောင်းကာမွဲပြာကျလေသည် ။ မိမိမှာမရှိပဲရသမျှ အကြွေးယူချင်တတ်သော စိတ်ဓာတ်မှာလည်း မြန်မာတို့မွဲပြာကျစေသော အကျင့်ဆိုးဖြစ်၍ပြင်ရမည် ။ မြန်မာဗုဒ္စဘာသာဝင်အားလုံးသည် မိမိသားသမီးရှင်ပြုနားသပွဲကို အတော်ကြီးငွေကုန်ခံကာပြုလုပ်ကြသည် ။အငြိမ့်တွေ ဇာတ်တွေငှားသည် ။ ဆင်တွေ မြင်းတွေငှားသည် ။ ဝင်းခင်းသဘင်တွေလုပ်ကြသည် ။ အပြိုင်အဆိုင်ကျွေးကြသည် ။ ဆိုင်းဝိုင်းများဖြင့် မြို့ကိုပတ်ကြသည် ။ တစ်သက်လုံးစုဆောင်းထားသမျှအားလုံးကုန်သည့်အပြင် အကြွေးတင်သည်အထိ ရှင်ပြုနားသပွဲ တစ်ပွဲတည်းနှင့် ငွေများ ကို အားလုံးသုံးပစ်လိုက်ကြပြီးနောက်နေ့တွင် ဘာမှမကျန်တော့သည့်ဘဝသို့ရောက်ကြသည် ။ မြတ်စွာဘုရားအလိုတော်ကျဖြစ်သော ရှင်ရာဟုလာ သင်္ကန်းဆီးသည့်ပွဲကဲ့သို့တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း ပကာသနမပါပဲ ပြုလုပ်သောရှင်ပြုပွဲတို့ များပြားစေချင်ပါသည်။အလှူမင်္ဂလာဆောင်ပွဲသွားတိုင်း အဝတ်သစ်အစားသစ်ချုပ်ကြဝယ်ကြခြင်းသည်လည်းငွေကုန်ပေါက်ကြီးတစ်ခုဖြစ်၍ လူမျိုးခြားများသည် ထိုသို့မလိုအပ်ပဲ အဝတ်အစားအသစ်များမကြာခနဝယ်ခြင်းမပြုကြပေ။

(ဃ)အလုပ်လုပ်သည်ကိုရှက်စရာဟုထင်မြင်ခြင်း

လူမျိုးခြားများသည် သူတို့ကလေးများကိုငယ်စဉ်ကပင် ဝင်ငွေရသောအလုပ်များကို တနိုင်တပိုင်ဝိုင်းကူလုပ်စေသည် ။ ထို့ကြောင့် ဈေးရောင်နေသောတရုတ်ကလေး ၊ မိဘလက်တွန်းလှည်းကိုဝိုင်းတွန်းပေးသော ကုလားလေးများကိုတွေ့ရပေမည် ။ မြန်မာလူမျိုးများကားမိမိသားသမီးကို ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ဘော်ကြော့ထားခြင်းကိုဂုဏ်ယူကြပေသည် ။ ငါအသက်ရှင်နေသရွေ့ငါ့သားသမီးများဘာမှလုပ်စရာမလိုဟူသောတလွဲမာနဖြင့် ကလေးကိုဖျက်ဆီးကြသည် ။ ကျောင်းသွားလျှင် ကျောင်းလွယ်အိပ်ကိုကိုင်ပေးမည့်သူနှင့်၊ ထမင်းစားလျှင်ခွန့်ကျွေးမည့်သူနှင့် ၊ အင်္ကျီလဲလျှင်ကူဝတ်ပေးမည့်သူနှင့် အစစလိုလေသေးမရှိထားခြင်းဖြင့်ကလေးကိုဖျက်ဆီးကြ၏ ။ ထိုကလေးသည် မိမိအစွမ်းအစဖြင့် ဘာမှမလုပ်တတ်တော့ပေ။ ငါရှိရင်ငါ့သားသမီးဘာမှလုပ်စရာမလိုဘူးဆိုသော မိခင်၊ သို့မဟုတ် ဖခင်တို့ ရုတ်တရက်ကွယ်လွန်သွားသောအခါ ၊စီးပွားပျက်သွားသောအခါ သာသမီးမှာ ဘာမှမလုပ်တတ်မကိုင်တတ်ဖြင့် ခွေးလုံးလုံးဖြစ်တော့သည် ။ ထို့ကြောင့်မြန်မာလူမျိုးများ ကြီးပွားတိုးတက်လိုလျှင်မိမိသားသမီးကို ငယ်စဉ်မှစကာ နိုင်သရွေ့သော အလုပ်ကိုလုပ်ခိုင်းရမည် ။ မိမိအစွမ်းဖြင့်ငွေရှာလျှင် မည်မျှနည်းပါးသောပိုက်ဆံပင်ဖြစ်စေ ခွင့်ပြုရမည် ။ချီးကျူးရမည် ။ လုပ်မနေနဲ့ မင်းဟာက မဖြစ်စလောက်နဲ့ဘယ်လောက်ရမှာမို့လဲ အဖေ ပေးမယ်ဆိုသော တလွဲအယူအဆကိုဖျောက်ရမည် ။

(င) မုဒိတာမပွားနိုင်ကြခြင်း (ဝါ)မနာလိုဝန်တိုစိတ်အားကြီးခြင်း

မြန်မာတို့၏အားနည်းချက်တစ်ခုမှာအပေါ်ယံသဘောကောင်းသလိုထင်ရသော်လည်း အချီကြီးမိလာသောကိစ္စများတွင် တစ်ယောက်နှင့်တစ်ယောက် ၊တစ်ဖွဲ့နှင့်တဖွဲ့ မနာလိုဝန်တိုစိတ်အားကြီးကြသည် ။ တစ်ယောက်အဆင်ပြေသည်ကိုတစ်ယောက်ကဝမ်းမြောက်ဝမ်းသာသော မုဒိတာတရားနည်းကြသည် ။ငွေတစ်ရာအဆင်ပြေစဉ်က ဝမ်းသာခဲ့သော်လည်း ထိုသူငွေတစ်ထောင်ရလာသောအခါ မကြိုက်တော့ပေ ။ဒီကောင့်လောက်တော့ငါလဲတတ်ပါတယ် ။ ဒီကောင်ကဘာကောင်မို့ တစ်ထောင်တောင်ပေးရတာလဲ ၊နှစ်ရာလောက်ပေးရင်ရပြီဆိုတာ ငါသွားပြောမယ် ၊ ငါတို့အဖွဲ့ကိုခိုင်းရင် တစ်ရာ့ငါးဆယ် နှစ်ရာလောက်နဲ့ရအောင်လုပ်ပေးမယ် စသည်ဖြင့် သူတပါးလာဘ်လာဘရခြင်းကို ဖျက်လိုဖျက်ဆီးစိတ် များမြန်မာတို့တွင်ရှိတတ်၏ ။ ထိုစိတ်ဆိုးစိတ်ယုတ်ပေါ်ပေါက်လာလျှင် ဖယ်ရှားရမည် ။သူလဲကြီးပွား ကိုယ်လဲကြီးပွား မှသာ တမျိုးသားလုံးကြီးပွားမည် ။ တရုတ်အားလုံးကြီးပွားသောအခါ နိုင်ငံတိုင်းတွင် တရုတ်တန်း(China Town ) ဟူ၍ အားလုံးကတကူးတကလာကြည့်ရသည် ။ အိန္ဒယနိုင်ငံသားများကြီးပွားသောအခါ LITTLE INDIA ဟုခေါ သော ကုလားရပ်ကွက်ဖြစ်ပေါ်လာသည် ။ မြန်မာတို့ကားတစ်ယောက်ကိုတစ်ယောက်ထိုးချဖို့အမြဲကြံစည်နေသဖြင့် နိုင်ငံခြားတွင် အစုလိုက် အပြုံလိုက်ကြီးပွားတိုးတက်နေသော မြန်မာ အသိုင်းအဝိုင်းဟူ၍ မရှိသလောက်ရှားသည် ။ပြည်တွင်းမှာလည်းထိုနည်းနှင်နှင် ။

(စ) တစ်ယောက်လုပ်လျှင် အားလုံးလိုက်လုပ်ကြခြင်း

လူတစ်ယောက်က ကားမှတ်တိုင်အောက်တွင် ကွမ်းယာရောင်းကောင်းလျှင် ကားမှတ်တိုင်တွင်အားလုံး ကွမ်းယာလိုက်ရောင်းကြသည် ။ ဓာတ်တိုင်အောက်တွင်မုန့်ဟင်းခါးသယ် အဆင်ပြေလျှင်အားလုံးမုန့်ဟင်းခါးဖြစ်ကြသည် ။ကိုယ်ရောင်း၇ဖို့သူ့ဆိုင်ပြုတ်အောင်ချောက်တွန်းကြသည် ။

(ဆ)ကိုယ်နဲ့မဆိုင်သလိုနေကြသည် (စုပေါင်းဆောင်ရွက်မှုအားနည်းသည် )

ရေမြောင်းပိတ်နေသဖြင့် ပိုက်ဆံလိုက်ကောက်ပါက မြန်မာအိမ်အတော်များများက ငွေထည့်ဖို့လက်တွန့်လေ့ရှိသည် ။ လျှပ်စစ်မီးလင်းဖို့ ၊ ရေရရှိဖို့ စသည့်ကိစ္စများမှာလည်းထိုနည်းနှင်နှင် ။တစ်ယောက်ကိုတစ်ယောက်တွက်ကပ်ကြသည် ။ ထို့ကြောင့်အသေးအဖွဲကိစ္စလေးများမှာပင် ငြင်းနေခုန်နေကြတာ ၊ တွက်ကပ်နေကြတာ ၊စကားများနေကြတာနှင့်ပြီးသည် ။ အလုပ်ကြီးအကိုင်ကြီး ၊လုပ်ငန်းကြီးဆိုလျှင်ပိုဆိုးသည် ။ ဘယ်တော့မှ မြန်မြန်နှင့်မှန်မှန် အလုပ်ပြီးမြောက်သည်ဆိုတာ မရှိ ။ အမြဲတွက်ကပ်ငြင်းခုန်နေတတ်ကြသည် ။ ငါသိငါတတ် တွေများနေကြသည် ။ နောက်လိုက်လုပ်လိုသူမရှိ ။ မြန်မာများသည်အားလုံးဆရာကြီး လုပ်လိုသူတွေများသည် ။ နေရာလုနေကြတာနှင့်အချိန်တွေငွေတွေကုန်ကာအလုပ်မဖြစ်တာများသည် ။ အရင်းတစ်ရာစီရှိသောလူငါးယောက်ပေါင်းပြီးအရင်းငါးရာလိုသောအလုပ်ကို မြန်မာတို့မလုပ်နိုင် ။ အရင်းတစ်ရာစီကိုင်ပြီး တစ်ရာတန်အလုပ်ကိုပဲ မိမိဘာသာလုပ်ကြသည် ။ ဟိုဘက်က ငါးရာတန်အလုပ်ကိုငါးယောက်လုပ်ရာမှ တစ်ထောင်တန် တစ်သောင်းတန် တစ်သိန်းတန်အလုပ်များဖြစ်သွားကြသည် ။ တစ်ရာတန်သမားများမှာ ဆင်းရဲလည်းမသွား တစ်ရာတန်ဘဝမှလည်းတက်မလာ ။ ဒုံရင်းဒုံရင်းဖြစ်နေသည် ။ နှစ်ပေါင်းများစွာကြာသောအခါ တစ်ချိန်က တစ်ရာတန်အရင်းအနှီးရှိခဲ့တာခြင်းတူသော်လည်း စုပေါင်းသမားက တစ်သိန်းအထိ ချမ်းသာလာပြီး တစ်ယောက်ချင်းသမားက တစ်ရာ တန်ဘဝမှာပဲကျန်ရစ်သည် ။ ကြီးပွားချင်လျှင် အကျိုးတူပူးပေါင်းမဆောင်ရွက်တတ်သော၊မဆောင်ရွက်ချင်သော ဓလေ့ကိုမြန်မာတို့ပြင်ကြရမည် ။

ဆက်ပြောလျှင်ပြောစရာတွေများစွာရှိသေးသည် ။ ယခုပြောဆိုသလောက်ကိုပဲ ဖိဖိစီးစီး စတင်လုပ်ဆောင်ပါက ဧကန်မုချကြီးပွားတိုးတက်ရမည် ။ တစ်ယောက်ချင်းတိုးတက်လာပါက တစ်နိုင်ငံလုံးတိုးတက်လာမည်ဖြစ်သတည်း
.
#ပြန်လည်မျှဝေပေးပါတယျ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top