မန္တလေး၌ ဧရာဝတီမြစ်ရေ သုံးရက်အတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်ပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ သတိပြုရန် နှိုးဆော်
မောင်မင်းမော် ၊ ဇူလိုင် – ၂၆
မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေများ ဆက်တိုက် မြင့်တက်နေပြီး သုံးရက်အတွင်း စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
ယနေ့ ဇူလိုင်(၂၆)ရက် ညနေ သုံးနာရီခွဲအချိန် တိုင်းထွာချက်များအရ မန္တလေးမြို့၏ မြစ်ရေသည် (၁၂၃၅)စင်တီမီတာ ရှိနေပြီး စိုးရိမ်ရေမှတ် ရောက်ရှိရန် (၂၅)စင်တီမီတာသာ လိုတော့သဖြင့် လာမည့် သုံးရက်အတွင်း အဆိုပါ မြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဦးကျော်လွင်ဦးက ပြောသည်။
“ဌာနအနေနဲ့ကတော့ ဒီနေ့ နေ့လည်ကနေပြီးတော့ နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်တယ်ဆိုပြီးတော့ မြစ်ရေကြီးခြင်း သတိပေးချက်တော့ မန္တလေးမြို့အတွက် ထုတ်ပြန်ထားပါတယ်။ နှစ်ဆယ့်ငါး စင်တီမီတာလိုသေးတယ်ဆိုတော့ တစ်ပေနီးပါးလောက် လိုတော့တာပေါ့” ဟု ၎င်းက ပြောသည်။
ဧရာဝတီမြစ်ရေ မြင့်တက်နေပြီး လာမည့် ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးနှိုးဆော်ထားသည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနာမြို့မှ ဇလွန်မြို့အထိ ဆက်တိုက် မြင့်တက်နေသဖြင့် မန္တလေးမြို့တွင်လည်း ဆက်တိုက် မြင့်တက်လာနေသည်ဟု ဆိုသည်။
မန္တလေးမြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သည် (၁၂၆၀) စင်တီမီတာဖြစ်ပြီး မိုးလေးဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မန္တလေး)၏ မှတ်တမ်း အချက်အလက်များအရ လွန်ခဲ့သည့် ၂၀၀၄၊ ဇူလိုင်(၂၇)ရက်က ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ (၁၃၈၂)စင်တီမီတာဖြင့် အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်း-မင်းကွန်းလမ်း ရှင်ဖြူရှင်လှကျေးရွာအနီး ဧရာဝတီမြစ်ရေ မြင့်တက်နေစဉ်/ Photo – မောင်မင်းမော် (Mandalay In-depth News)
https://www.facebook.com/mandalayindepthnews
#Mandalay_Indepth_News #MandalayInDepthNews #မြစ်ရေ #ဧရာဝတီ #အမရပူရ #မန္တလေး
.
မန္တလေး၌ ဧရာ၀တီမြစ်ရေ သုံးရက်အတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်ပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ သတိပြုရန် နှိုးဆော်
မောင်မင်းမော် ၊ ဇူလိုင် – ၂၆
မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေများ ဆက်တိုက် မြင့်တက်နေပြီး သုံးရက်အတွင်း စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
ယနေ့ ဇူလိုင်(၂၆)ရက် ညနေ သုံးနာရီခွဲအချိန် တိုင်းထွာချက်များအရ မန္တလေးမြို့၏ မြစ်ရေသည် (၁၂၃၅)စင်တီမီတာ ရှိနေပြီး စိုးရိမ်ရေမှတ် ရောက်ရှိရန် (၂၅)စင်တီမီတာသာ လိုတော့သဖြင့် လာမည့် သုံးရက်အတွင်း အဆိုပါ မြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဦးကျော်လွင်ဦးက ပြောသည်။
“ဌာနအနေနဲ့ကတော့ ဒီနေ့ နေ့လည်ကနေပြီးတော့ နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်တယ်ဆိုပြီးတော့ မြစ်ရေကြီးခြင်း သတိပေးချက်တော့ မန္တလေးမြို့အတွက် ထုတ်ပြန်ထားပါတယ်။ နှစ်ဆယ့်ငါး စင်တီမီတာလိုသေးတယ်ဆိုတော့ တစ်ပေနီးပါးလောက် လိုတော့တာပေါ့” ဟု ၎င်းက ပြောသည်။
ဧရာဝတီမြစ်ရေ မြင့်တက်နေပြီး လာမည့် ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးနှိုးဆော်ထားသည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနာမြို့မှ ဇလွန်မြို့အထိ ဆက်တိုက် မြင့်တက်နေသဖြင့် မန္တလေးမြို့တွင်လည်း ဆက်တိုက် မြင့်တက်လာနေသည်ဟု ဆိုသည်။
မန္တလေးမြို့၏ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေမှတ်သည် (၁၂၆၀) စင်တီမီတာဖြစ်ပြီး မိုးလေးဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မန္တလေး)၏ မှတ်တမ်း အချက်အလက်များအရ လွန်ခဲ့သည့် ၂၀၀၄၊ ဇူလိုင်(၂၇)ရက်က ဧရာ၀တီမြစ်ရေသည် မန္တလေးမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ (၁၃၈၂)စင်တီမီတာဖြင့် အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကိုင်း-မင်းကွန်းလမ်း ရှင်ဖြူရှင်လှကျေးရွာအနီး ဧရာ၀တီမြစ်ရေ မြင့်တက်နေစဉ်/ Photo – မောင်မင်းမော် (Mandalay In-depth News).
https://www.facebook.com/mandalayindepthnews
#Mandalay_Indepth_News #MandalayInDepthNews #မြစ်ရေ #ဧရာ၀တီ #အမရပူရ #မန္တလေး
.