အနုပညာအလုပ်တွေကို(၃)နှစ်တာရပ်နားထားတဲ့ ဦးချစ်စရာနဲ့ကြော်ငြာအတူရိုက်ခွင့်ရလို့ပီတိဖြစ်နေတဲ့ ဖြူဖြူထွေး

ဟာသဗီဒီယိုလေးတွေနဲ့ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့တဲ့ ဖြူဖြူထွေးထွေးကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ နောက်ပိုင်းမှာတော့သူမရဲ့သဘာဝကျလှတဲ့သရုပ်ဆောင်ကြော်ငြာလေးတွေကြောင့်လည်း ပရိသတ်တွေရင်ထဲကိုတိုးဝင်လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ရုပ်ရှင်ဇာတ်ကားတွေမှာလည်းသရုပ်ဆောင်တစ်ယောက်အနေနဲ့ မကြာခင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ယခုလိုအောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာတာနဲ့အမျှ သူမရဲ့ရွာလေးအတွက်တတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေပါတယ်။ ဖြူဖြူထွေးဟာလတ်တလောဖြစ်ပွားနေတဲ့ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားရတဲ့ အနုပညာရှင်တွေကိုခေါ်ပြီး သူမနဲ့အတူကြော်ငြာတွေကိုရိုက်ကူးနေသူတစ်ယောက်ပါ။ ဒီနေ့မှာလည်းအနုပညာအလုပ်တွေကို(၃)နှစ်တာရပ်နားထားတဲ့ဦးချစ်စရာနဲ့အတူ ကြော်ငြာလေးတစ်ခုကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းလေးကိုတော့”အနုပညာအလုပ် (၃) နှစ်နားနေတဲ့ ဦးချစ်စရာကိုကြော်ငြာအတူရိုက်ခွင့်ရလို့ပီတိဖြစ်မိ”ဆိုတဲ့စာသားလေးနဲ့အတူဖြူဖြူထွေးကသူမရဲ့လူမှုကွန်ရက်မှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့အဆိုပါကြော်ငြာလေးမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဦးချစ်စရာနဲ့တခြားသောအနုပညာရှင်တွေကိုလည်း အနုပညာကြေးအပြင်ဆန်၊ဆီနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုပါလှူဒါန်းပေးခဲ့ပါသေးတယ်။

Source:Phyu Phyu Htwe

Zawgyi

အနုပညာအလုပ်တွေကို(၃)နှစ်တာရပ်နားထားတဲ့ ဦးချစ်စရာနဲ့ကြော်ငြာအတူရိုက်ခွင့်ရလို့ပီတိဖြစ်နေတဲ့ ဖြူဖြူထွေး

ဟာသဗီဒီယိုလေးတွေနဲ့ပရိသတ်အားပေးမှုကိုစတင်ရရှိခဲ့တဲ့ ဖြူဖြူထွေးထွေးကိုတော့ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ နောက်ပိုင်းမှာတော့သူမရဲ့သဘာဝကျလှတဲ့သရုပ်ဆောင်ကြော်ငြာလေးတွေကြောင့်လည်း ပရိသတ်တွေရင်ထဲကိုတိုးဝင်လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ရုပ်ရှင်ဇာတ်ကားတွေမှာလည်းသရုပ်ဆောင်တစ်ယောက်အနေနဲ့ မကြာခင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ယခုလိုအောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာတာနဲ့အမျှ သူမရဲ့ရွာလေးအတွက်တတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေပါတယ်။ ဖြူဖြူထွေးဟာလတ်တလောဖြစ်ပွားနေတဲ့ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားရတဲ့အနုပညာရှင်တွေကိုခေါ်ပြီး သူမနဲ့အတူကြော်ငြာတွေကိုရိုက်ကူးနေသူတစ်ယောက်ပါ။ ဒီနေ့မှာလည်းအနုပညာအလုပ်တွေကို(၃)နှစ်တာ ရပ်နားထားတဲ့ဦးချစ်စရာနဲ့အတူ ကြော်ငြာလေးတစ်ခုကိုရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းလေးကိုတော့”အနုပညာအလုပ်(၃)နှစ်နားနေတဲ့ ဦးချစ်စရာကိုကြော်ငြာအတူရိုက်ခွင့်ရလို့ပီတိဖြစ်မိ”ဆိုတဲ့ စာသားလေးနဲ့အတူ ဖြူဖြူထွေးကသူမရဲ့လူမှုကွန်ရက်မှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့အဆိုပါကြော်ငြာလေးမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဦးချစ်စရာနဲ့တခြားသောအနုပညာရှင်တွေကိုလည်း အနုပညာကြေးအပြင်ဆန်၊ဆီနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေကိုပါ လှူဒါန်းပေးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top