တရုတ်နိုင်ငံက မိန်းမငယ်လေးတစ်ယောက်ဟာ သူမကလေးရဲ့အသက်ကိုကယ်တင်နိုင်ဖို့ သူမရဲ့အသည်းအစိတ်အပိုင်းအချို့ပေးလှူနိုင်ဖို့အတွက်မိဘတွေဆီကနေ သူမရဲ့နိုင်ငံသားမှတ်ပုံတင်ကတ်ကိုပြန်လည်ခိုးယူခဲ့ရပါတယ် ။ အသက် 22နှစ်အရွယ် Jiang Liuxin အမည်ရှိတဲ့မိန်းကလေးဟာ သူမရဲ့သမီးငယ်လေးမွေးဖွားပြီးနောက်မှာတော့ သမီးလေးဟာ အသားဝါရောဂါခံစားနေရမှန်းသိရှိခဲ့ရပါတယ် ။
မကြာခင်မှာပဲ သမီးလေးရဲ့အဆုတ်ဟာအနာရောဂါဖြစ်လာခဲ့ပြီးနောက် ၊ အကောင်းဆုံးကုသနိုင်တဲ့နည်းလမ်းက မိဘတွေဆီကနေ အဆုတ်အစိတ်အပိုင်းအချို့နဲ့အစားထိုးကုသပေးဖို့ပါပဲ ။ အစားထိုးကုသမှုများမပြုလုပ်ခင် Jiang ဟာသူမရဲ့နိုင်ငံသားမှတ်ပုံတင်ကတ်နဲ့အတည်ပြုဖို့ လိုအပ်ပါတယ် ။ သူမဟာ ခွဲစိတ်ကုသဖို့အတွက် ငွေအလုံအလောက်စုဆောင်းထားခဲ့ပေမဲ့လည်း သူမရဲ့မိဘတွေနဲ့ ဆွေမျိုးတွေက ကန့်ကွက်ခဲ့ကြပြီး သူမရဲ့ မှတ်ပုံတင်ကတ်ပြားကို သိမ်းဆည်းထားခဲ့ကြပါတော့တယ် ။
‘ ကျွန်မက ကျွန်မရဲ့ကလေးကိုသနားတယ် ၊ ကျွန်မရဲ့မိဘတွေကကျတော့ ကျွန်မကိုပြန်သနားတယ် အဲ့ကြောင့်သူတို့က အစားထိုးကုသဖို့ကို သဘောမတူနိုင်ကြဘူး ‘ ဆိုပြီးသူမက အစီအစဉ်တစ်ခုမှာ ပြောပြသွားခဲ့ပါတယ် ။ သမီးလေးရဲ့အသက်ကိုကယ်တင်နိုင်ဖို့ Jiang ဟာမိဘတွေကိုဆန့်ကျင်ပြီး သူမရဲ့မှတ်ပုံတင်ကတ်ကိုရအောင်ခိုးယူခဲ့ပြီး မိဘတွေရဲ့ခွင့်ပြုချက်မပါဘဲ ခွဲစိတ်ကုသမှုကိုပြုလုပ်ခဲ့ပါတော့တယ် ။
‘ ကျွန်မရဲ့ မိဘတွေကိုတောင်းပန်ပါတယ် ၊ ကျွန်မခင်ပွန်း နဲ့ ကျွန်မကတော့ သမီးလေးအတွက်အပြည့်အဝတာဝန်ယူမှာပါ ၊ သမီးအတွက် ဘာပဲဖြစ်ဖြစ်လုပ်မှာပါ ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ သမီးလေး 7လသားအရွယ်မှာ ခွဲစိတ်မှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ကလေးငယ်မှာတော့ အပြည့်အဝပြန်လည်ကျန်းမာလာဖို့ ကုသမှုတွေကိုတော့ ဆက်လက်ခံယူရအုံးမှာဖြစ်ပါတယ် ။
Jasmine (Mckzone Daily)
=======================
Unicode
ကိုယ့်ကလေးရဲ့အသက်ကိုကယ်နိုင်ဖို့ မိဘတွေဆီကနေမှတ်ပုံတင်ခိုးယူခဲ့ရတဲ့ မိန်းကလေး