ဇွဲကပင်တောင်ေ ပါ် မှာ သေ ဆုံး မှု က နှစ် ဦး ထဲ မ ဟုတ် ဘူး ဗျ သုံးေ ယာက် ဗျ သုံးေ ယာက်

ဇွဲကပင်တောင်ပေါ် မှာ ယနေ့သေဆုံး မှုက နှစ်ဦးတ ည်းမဟုတ်ဘူးဗျ သုံးယောက် ဗျ သုံးယောက်

ဇွဲကပ င်တောင်ပေါ် ကေဘယ်ကားတပ်ဆင်ခြင်းပြုလုပ်ရာတွင် အလုပ်လုပ်နေသော အလုပ်သမား လင်မယားနှစ်ယောက်သည် လွန်ခဲ့သော ကြာသပတေးနေ့ ညကဇွဲကပင်တောင်ပေါ်တွင် လျှပ်စီးလက် မိုးကြိုးပစ်၍ လျှပ်စစ်မီးပျက်သွားပြီ မိမိတို့နေထိုင်သော အခန်းမီးလင်းနိုင်ရန်အတွက် အခန်းအတွင်းရှိ မီးစက်ကြီးကိုနိုးကာ လျှပ်စစ်မီးများတပ်ဆင်ရာမှ လင်မယား၂ယောက်နှင့် အခန်းအတွင်းရှိခွေးတစ်ကောင်ပါ ဓာတ်လိုက်ပြီး သေဆုံ းသွားကြပါ သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကတောင်ပေါ်သို့ တက်ရောက်စစ်ဆေးရာ အခန်းအတွင်းသံမံတလင်း အစိုဓာတ်နှင့် မီးကြိုးစဖြင့် ထိနေသည်ကိုတွေ့ရှိသည်။ ထိုလင်မယား၂ ယောက်သည် အခန်းအားပိတ်ထား၍ အပြင်မှလူမျ ားကမမြ င်ရပေ။

ခွေးသေကောင်မှ ပုတ်နံထွက်လာသဖြင့် ဇွဲကပင်တောင်ပေါ်လုပ်အားဒါနပြုအဖွဲ့ (တစ်ဘက် ၅၀၀ အဖွဲ့)မှ ၂၆-၇-၂၀၂ဝနေ့ နံနက်တောင်ပေါ်သို့ တက်လာစဉ်တောင်ပေါ်ရှိတာဝန်ရှိ သံဃာတစ်ပါးအားလျှောက်တင်၍ နံနေသောအနံ့အားရှာဖွေကြရာ အခန်းအတွင်း လင်မယား၂ယောက် နှင့် ခွေးတစ်ကောင်ပါသေဆုံးနေကြောင်း တွေ့ရှိရ ပါ သည်။

သေဆုံးသူအမျိုးသမီးမှာ ကိုယ်ဝန် ၅ လရှိနေရှာခဲ့ပြီ

(သေဆုံးသူအမျိုးသမီးမှာ ကိုယ်ဝန် ၅ လရှိပြီ ခွေးသေအားတောင်ပေါ်တစ်နေရာတွင် မြှပ်နှံပေးလိုက်ပါသည်။)

အလောင်းအား တောင်ပေါ်မှ တောင်အောက်အထိရောက်အောင် ဝိုင်းဝန်းကူညီသယ်ဆင်းပေးကြသော ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျန်ရစ်သူမိသားစုများကိုယ်စား ကျေးဇူးအထူးပင်တင်ရှိပါသည်။စားစရာ အချိုရည်နှင့် ရေသန့်များအားလှူဒါန်းပေးသော စေတနာရှင်များကိုလည်းကျေးဇူးတင်ရှိပါသည်။

သတင်းဓါတ်ပုံ-မိုးထက်မြင့်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top