ရန်ကုန် လေဆိပ် ကနေ “ Q ” မဝ င် ဘဲ အိမ် တန်း ပြန် ခဲ့ သော နိုင်ငံခြားသား ( ၆ ) ယောက် အရှု ပ်ေ တာ် ပုံ ( အေ ရးကြီး တဲ့ ကိစ္စ မ လို့ လူ အ များ သိေ အာင် Share ခြင်းြ ဖင့် ကူညီပါ )

ရန်ကုန် လေဆိပ် ကနေ “ Q ” မဝင်ဘဲ အိမ်တန်း ပြန် ခဲ့တဲ့ နိုင်ငံခြားသား ( ၆ ) ယောက် အရှုပ်ေ တာ် ပုံ ( အရေးကြီးတဲ့ ကိစ္စ မလို့ လူအများ သိအောင် Share ခြင်းဖြင့် ကူညီပါ )

နိုင် ငံခြားသား များ မြန်မာနိုင်ငံ ကို ဝင်တဲ့ အခါ Fast Track နည်းလမ်းသုံး တဲ့ ကိစ္စ။ Covid ဖြစ်ပွားမှုအများဆုံး နိုင်ငံတွေ ထဲ မှာ မြန်မာနိုင်ငံက နံပါတ် ၁၆၅ မှာ ရှိနေကြောင်း အသိတစ်ယောက်နဲ့ ဝမ်းသာစွာ ဆွေးနွေးဖြစ်ခဲ့ ပါ တယ် ။ တစ်သက် နဲ့ တစ်ကိုယ် မှာ မြန်မာပြည်ဟာ နိုင်ငံအလိုက် နံပါတ် ၁၆၅ ချိတ်တာ ဒီတစ် ခါပဲ ဝမ်းသာ ရ တာ ပါ ။

သူ့ဆီမှ မထင်မှတ်ထား တဲ့ သတင်းတစ်ခုကြား ခဲ့တဲ့ အတွက် သေချာအောင် လိုက်လံစုံစမ်း မိပါတယ်။ အသေအချာ အပြည့်အစုံ သိရှိအောင် လိုက်လံကြိုးစားပြီးမှ ဒီစာကိုရေး ပါတယ်။ လေဆိပ်ကနေ facility quarantine မဝင်ပဲ နေထိုင်ရာ residence ဆီကို တန်းပြီးလွှတ်ပေး လိုက်တဲ့ ကိစ ္စပါပဲ။ ၂၀၂၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ စာအမှတ် – ၁၁၅၇/၂၆၄/COVID-19/ကော်မတီ (၂၀၂၀) အရ နိုင်ငံခြားသားများမြန်မာနိုင်ငံသို့ လာရောက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် စောလျင်စွာဆောင် ရွက်နိုင်ရန် Fast Track နည်းလမ်းဖြင့် အောက်ပါ အချက်များ လိုက်နာရမည် လို့ ဆို ထား ပါတယ်။

(က) သက်ဆိုင် ရာနိုင်ငံ မှ လေယာဉ်ပေါ်သို့မတက်မီ ၃၆ နာရီအတွင်း စစ်ဆေးထားသော Laborary evidence of Absence of Covid-19 infection (real time RT-PCR nasal swab result) ပါရှိရန်။
ရန်ကုန် လေဆိပ်ကနေ “ Q ” မဝင်ဘဲ အိမ်တန်းပြန် ခဲ့တဲ့ နိုင်ငံခြားသား ( ၆ ) ယောက် အရှုပ်တော် ပုံ

(ခ) မြန်မာနိုင်ငံသို့ရောက် ရှိချိန် မှာ သက်ဆိုင်ရာ facility quarantine နေ၍ နောက်တစ်ရက်၌ nasal swab (နှာခေါင်းတို့ဖတ်) စစ်ဆေးခံယူစေရန်နှင့် စစ်ဆေးပြီးနောက် (၅) ရက်အကြာတွင် ဒုတိယအကြိမ်မြောက် nasal swab (နှာခေါင်း တို့ဖတ် ) ထပ်မံစစ်ဆေးခံ ယူစေရန်။

(ဂ) စစ်ဆေးချက်အရ PCR result Negative ဖြစ်မှသာ လုပ်ငန်းခွင် သို့ ဝင်ရောက်စေရန်နှင့် ကျန်းမာရေး ကုန်ကျစရိတ် အား သက်ဆိုင်ရာ ပုဂ္ဂိုလ် မှသာ ကျခံစေရန်လို့ ပါရှိပါတယ်။

အဲ့ဒီနိုင်ငံတော် ရဲ့ လမ်းညွှန်ချက် အတိုင်း လိုက်နာဆောင် ရွက်ရာ မှာ Pyay Garden Residence မှာတွေ့ကြုံခဲ့တဲ့ အောက်ပါ case တွေကြောင့် loophole တွေရှိနိုင်တာကို သတိပြုမိပါတယ်။ နိုင်ငံတော်ရဲ့လမ်းညွှန်ချက်အတိုင်းအောက်ခြေကနေ အကောင် အထည်ဖော်ရာ မှာ စနစ်တကျေ ဆာင်ရွက်တာ အားနည်းခဲ့ရင် (ဒါမှမဟုတ်) နိုင်ငံတော်ထုတ်ပြန်ချက်နဲ့ မကိုက်ညီတဲ့အခွင့်ထူးပေးခဲ့တာမျိုးရှိခဲ့ရင် အန္တရာယ်ရှိနိုင်တာကို တင်ပြခွင့်ပြုပါ။ အခြားနေရာတွေ မှာ ဖြစ်ပွားနိုင်ခြေတွေ ကြားသိရပေမဲ့ အချက်အလက်အတိအကျရတဲ့ Pyay Garden Residence က case ၂ ခုကို ဥပမာပြုပြီးတင်ပြဆွေးနွေးလိုတာ ဖြစ် ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ည ၁၀:၄၅ နာရီမှာ မြန်မာနိုင်ငံကို ကျန်း မာရေး အကူအညီပေးနေတဲ့ NGO အဖွဲ့ကကားနဲ့ နိုင်ငံခြားသား မိသားစုဝင် သုံးဦးဟာ Pyay Garden Residence ကို ရောက်ရှိလာပြီး သူတို့မြန်မာပြည် က ဧပြီလ မှာမထွက်ခွာခင် နေထိုင်ဖို့ ငှားရမ်းထားတဲ့ အခန်း မှာ ပြန်လည်နေ ထိုင်ဖို့ ရောက်ရှိလာပါတယ်။

သူတို့ဟာ လေဆိပ်ကနေ facility quarantine နေမယ့် Hotel သို့ လုံးဝ မသွားပဲ ( သို့) ပို့ဆောင်ခြင်းမခံရပဲ Pyay Garden Residence ကို တန်းလာခဲ့တာဖြ စ်ပါတယ်။ နိုင်ငံခြားသား ခြောက်ယောက် ( ရရှိတဲ့အချက်အလက်အရ သိရပါတယ်) Fast Track နှင့်ဖြစ်သော် လည်း quarantine ဝင်ဖို့မညွှန်ကြားပဲ လေဆိပ်က မလွှတ်ပေးသင့်ပါ။ လေဆိပ်မှာနေထိုင်မယ့် နေရပ်ဖြည့်စဉ် ကတည်းက Hotel quarantine လိပ်စာမဟုတ်ပဲ Residence လိပ်စာဖြစ်နေတဲ့ အတွက် facility quarantine ဝင်ရန် ကြပ်မတ်ဆောင်ရွက် သင့်ပါတယ်။ အဲ့ဒီနိုင်ငံခြားသားတွေ ကလည်း ကျန်းမာရေးအကူအညီပေးနေတဲ့ NGO ကဖြစ်ပြီးတော့ နိုင်ငံတော်ကချမှတ်ထားတဲ့ စည်းကမ်းများကို အတိအကျလိုက်နာရမည့်အစား အထူးအခွင့်အရေးတွေ ယူတာက ပြည်သူပြည်သားများ အတွက် အင်မတန် အန္တရာယ်ကြီး ပါတယ်။

Pyay Garden Residence Management အနေနဲ့ မြန်မာနိုင်ငံ အတွင်း Covid-19 ရောဂါကူးစက်ပြန့်ပွားမှု လုံးဝ မရှိစေရေး အတွက်တာဝန်သိစွာနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ကြိုးစားခဲ့တာတွေ့ ရပါတယ်။ သူ့တို့ကို လက်မခံပဲ တာဝန်ရှိသူတွေကို အချိန်မီအကြောင်းကြားခဲ့ပါတယ်။ အခုလိုတာဝန်ရှိသူတွေကိုခေါ်ယူနေစဉ်မှာ မြန်မာပြည်ကိုအကူအညီပေးနေတဲ့ NGO ဖြစ်ကြောင်း နဲ့ Special permit နဲ့လာတာဖြစ်ကြောင်း အကြိမ်ကြိမ်ခြိမ်းခြောက်ပြော ဆိုပါတယ်။ Special permit ၏အထူးအခွင့်အရေးကို တလွဲအာဏာအသုံးချတာဟာ မဖြစ်သင့်ကြောင်း ထောက်ပြလိုပါတယ်။ အမှန်တော့ အထူးအခွင့်အရေး ရရှိသူများဟာ အထူး တာဝန်သိသူများဖြစ်မှသာ အားလုံးအန္တရာယ်ကင်း မှာဖြစ်ပါတယ်။
ရန်ကုန် လေဆိပ်ကနေ “ Q ” မဝင်ဘဲ အိမ်တန်းပြန် ခဲ့တဲ့ နိုင်ငံခြားသား ( ၆ ) ယောက် အရှုပ်တော် ပုံ

မြန်မာပြည် ကို ကျန်းမာရေး အကူအညီပေးနေတဲ့ NGO အနေနဲ့ Residence Management ရဲ့ တာဝန်သိစွာ Covid မပြန့်ပွားရေး အစွမ်းကုန်ကြိုးစားမှု ကို ပိုလို့တောင် အသိအမှတ်ပြုသင့် ပါတယ်။ ထို့အပြင် hotel quarantine မသွားခင် အိမ်သန့်ရှင်းရေး အတွက် service ပေးရန် ပြင်ပနှင့်ချိတ်ဆက် ၍ ဝန်ထမ်းနှစ်ယောက်ခေါ် ယူခဲ့လို့ Residence Management မှ အချိန်မီတားဆီးခဲ့ ရပါတယ်။ အဲ့ဒီ အိမ်သန့်ရှင်းေ ရးအတွက် service ပေးရန် လာသူတွေမှ အနီးကပ်ထိတွေ့မှုဖြစ်ပြီး လူထုကြားထဲ ရောဂါပြန့်နှံ့သွားနိုင် ပါတယ်။

အကယ် ၍သာ Pyay Garden Residence ကိုမလာခဲ့ပဲ ရပ်ကွက်တစ်ခုခုအတွင်းကအိမ်မှာသာ ငှားရမ်းထားလို့ အခု case မှာလို လေဆိပ်မှတန်းပြန်ပြီးနေခဲ့ရင် ဘယ်သူမှသိလိုက်မှာမဟုတ်ပဲ ပြည်သူလုထု community အတွင်း ကူးစက်ပြန့်ပွားမှု ဖြစ်သွားနိုင်တဲ့ အထိ အန္တရာယ်ရှိ ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့မှာ တာဝန်ရှိသူတွေက သူတို့ ကို လာခေါ် ခဲ့ပြီး Hotel quarantine ဝင်ဖို့ ပို့ပေးခဲ့ပါတယ်။ ငါးရက်ကြာတဲ့အခါမှာ Hotel quarantine (၅)
ရက်ပြည့်ကြောင်းနဲ့ home quarantine အဖြစ်နေထိုင်ဖို့ ပြန်လည်ရောက်ရှိလာ ပါတယ် ။ ဆေးစစ်မှု ရလဒ်မှာလည်း တစ်ကြိမ်သာ စစ်ဆေးထားပြီး Negative ဟုပါရှိတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်မှာ သက်ဆိုင်ရာ facility quarantine မှာ နေထိုင်ပြီး nasal swab ပထမအကြိမ် စစ်ဆေးခံယူကာ (၅) ရက်မြောက်၌ ဒုတိယအကြိမ် nasal swab ထပ်မံစစ်ဆေးခံယူရန်လို့ ညွှန်ကြားချက်ရှိပေမယ့်လည်း အခုလို တစ်ခါပဲစစ်ဆေးထားတဲ့ လက်မှတ်ကို တင်ပြနိုင်တာတွေ့ရပါတယ်။ Pyay Garden Residence Management အနေ နဲ့ #မြန်မာနိုင်ငံအတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုလုံးဝမရှိစေရေးအတွက် သက်ဆိုင်ရာကို ညွှန်ကြားချက်ဆက်လက်တောင်းခံခဲ့ပြီး သတင်းပို့တိုင်ကြားခဲ့ပါတယ်။

အဲ့ဒီနိုင်ငံခြားသားများ အများသုံးဓာတ်လှေခါး မသုံးရေး၊ ဧည့်သည် မဝင်ရောက်ရေး တို့ကို တာဝန်သိစွာ စောင့်ကြည့်ခဲ့ပါတယ်။ ဒီနေရာမှာ အချက်သုံးချက် ထည့်သွင်းဆွေးနွေး လိုပါတယ်။

(၁) အဲ့ဒီနိုင်ငံခြားသားတွေ ဟာ လေယာဉ်ပေါ်မတက်ခင် ၃၆ နာရီအတွင်း ဆေးစစ်ခဲ့တာမှန်သော်လည်း လေယာဉ်စင်းလုံးငှားပြီးလာတာမဟုတ်ရင်_လေယာဉ်ပေါ်မှာကူးစက်ခဲ့မှုရှိမရှိမသေချာပါ။ ဒါကြောင့် လေယာဉ်ပေါ်မတက်မီ ၃၆ နာရီအတွင်း ဆေးစစ်ခဲ့တာ မှန်သော်လည်း လေယာဉ် စင်းလုံးငှားလာခဲ့တာ မဟုတ်ရင် မြန်မာပြည် မှာ quarantine ဝင်ရာမှာ #အများနည်းတူဝင်သင့်တယ် လို့ မြင်ပါတယ်။

ဟောင်ကောင်မှာ aircrew တွေနဲ့ seaman တွေကို လျော့ရိလျော့ရဲ ကိုင်ခဲ့ရာကနေ Covid တတိယလှိုင်းပြန်ဝင်လာပြီး ထိန်းမနိုင်ဖြစ်နေတဲ့ကိစ္စကို ဒီရက်ပိုင်းသတင်းတွေမှာ ဖတ်ရပါတယ်။ အခု Case Study က နိုင်ငံခြားသားတွေ ဟာ မိခင်နိုင် ငံကို ပြန်ခဲ့တာဖြစ်ပြီး သူတို့ဟာ #ကမ္ဘာမှာတတိယအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံကပြန်လာတာဖြစ်နေရင် မြန်မာနိုင်ငံအနေ နဲ့ အထူးဂရုပြုဖို့ လိုပါမယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော် မှာ လေးယောက်မှာ တစ်ယောက်က Covid ရောဂါကူးစက်သူဖြစ်နေတဲ့အထိ အခြေအနေဆိုးနေပါတယ်။ အခုလက်ရှိ Covid ရောဂါအများဆုံးဖြစ်နေတဲ့ နိုင်ငံအချို့ကို Fast Track ပေးသင့်မပေးသင့် အချိန်မီပြန်လည် သုံးသပ်သင့်ပါတယ်။

(၂) Special permit သမားတွေ ကို monitoring နှင့် home quarantine procedures တွေကို ပြည်သူအားလုံး တာဝန်သိစွာ ပူးပေါင်းပါဝင်နိုင်အောင် ရှင်းလင်းစွာ အသိပေးဖို့လိုပါတယ်။ Home quarantine ကာလ မှာလည်း follow up checking လုပ်သင့်တယ်လို့ တင်ပြလိုပါတယ်။

စင်ကာပူနိုင်ငံမှာ home quarantine ဝင်သူတွေ ကို video call ခေါ်ပြီး အိမ်ထဲမှာ marking များလုပ်ကာ အဲ့ဒီအိမ်ထဲမှာ ရှိနေမနေ အပြင်ထွက်မထွက် video call နဲ့ checking လုပ်ပါတယ်။ ဖုန်းမကိုင်ခဲ့ ရင် အမြန်ဆုံး အဲ့ဒီအိမ် ကို လိုက်ချသွား ပါတယ်။ ကျနော်တို့ ဆီမှာလည်း အလားတူလုပ်ဆောင်တာမျိုး လုပ်သင့်တယ် လို့ တင်ပြလိုပါတယ်။

(၃) အခုကိစ္စဟာ ကျန် Residence အားလုံး အတွက်ရော ရပ်ကွက်တွေရှိ ပြည်သူတွေအတွက်ရော ယခုလိုကိစ္စမျိုးမှာ ကူးစက်ပြန့်ပွားမှုမရှိရန် မည်သို့ဆောင်ရွက်သင့်ကြောင်းအသေးစိတ်လမ်းညွှန်မှု လိုအပ်လာပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။

တာဝန်ရှိသူတွေရဲ့ပူးပေါင်းကူညီမှု ကို လိုအပ် ပါတယ်။ အတင်း အကျပ်လက်ခံရန်ဖိအားပေးတာ မျိုး မလုပ်သင့်ပါ။ အဲ့ဒီလိုပဲ Fast Track အစီအစဉ်နဲ့ နောက်ထပ် တစ်ယောက်ကို လက်ခံဖို့ Residence အခန်းရှင် တစ်ယောက် က အတင်းအကျပ်တောင်းဆိုလာတာကိုတွေ့ရ ပါတယ်။ Covid-19 ကာလမှာ နိုင်ငံတော် ရဲ့ပထမဦးစားပေးဟာ ပြည်သူလူထု အတွင်းရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ထိန်းချုပ်ရေးဖြစ်တယ် လို့ နားလည်သဘောပေါက်ထား ပါတ ယ်။

နိုင်ငံတော်ရဲ့ Home quarantine အစီအစဉ်မှာ home based quarantine shall be residence a specific location (a house with facilities which is not closed to the community) to identify as a Home quarantine point လို့ အသေးစိတ်စီစဉ်ထားတာတွေ့ရပါတယ်။ ဒါကြောင့် အခုလို Fast Track ကာလမှာ home quarantine အတွက် residence တွေဆီလွှတ်သင့်မလွှတ်သင့်နဲ့ home quarantine မှ community အတွင်းမကူးစက်သွားအောင် နောက်နောင် အသေအချာ စီစဉ်နိုင်ရန် တင်ပြလိုပါတယ်။

Fast Track အစီအစဉ်နဲ့ (၅) ရက် အကြာ မှာ home quarantine ဝင်ဖို့ Residence တွေဆီလွှတ်မယ်ဆိုရင် ရပ်ကွက်နေပြည်သူတွေနဲ့ Residence Management comittee အနေနဲ့ မည်သို့ဆောင်ရွက်သင့်ကြောင်း အသေးစိတ်လမ်းညွှန်မှု နဲ့ သာလွှတ် သင့်ပါ တယ်။

ကမ္ဘာမှာ Covid ရောဂါတိုးပွားမှုဟာ အရှိန် ကောင်းကောင်းနဲ့ ပြန့်နှံ့နေ ပါတယ် ။ ယနေ့မှာ ၁၆ သန်းပြည့်မှာဖြစ်ပါတယ်။ ဒါဟာ Daily New Cases graph ကို ကြည့်ပြောနေတာပါ။ မြန်မာပြည်အတွင်းမှာ အတော် များများ ဟာ mask တပ်ခြင်း၊ social distancing စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာခြင်း မလုပ်ကြတာတွေ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းကို ပြည်ပကနေ ကူးစက်ပြန့်ပွားခဲ့ မယ်ဆိုရင် လုံးဝထိန်းလို့မနိုင်တဲ့ အခြေအနေကို ရင်ဆိုင်ရနိုင် ပါတယ်။

မြန်မာနိုင်ငံရဲ့ မျှော်လင့်ချက်ဟာ ပြည်ပက ကူး စက်မှု လုံးဝမရှိရန် ထိန်းချုပ်နိုင်မှု တစ်ခုတည်းပေါ်မှာ မူတည်ပါတယ်။ မဝေးတော့တဲ့ လပိုင်းကာလမှာ ရွေးကောက်ပွဲအချိန်နီးစပ်လာပြီ ဖြစ်တဲ့ အတွက် ကျနော်တို့အနေနဲ့ ပြည်ပမှကူးစက်မှုမရှိရေးအတွက် အစွမ်းကုန်အားထုတ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်ပြီး မြန်မာနိုင်ငံ အတွင်း Covid-19 ရောဂါကူးစက်ပြန့်ပွားမှုလုံးဝမရှိစေရေး အတွက် ကြိုးပမ်းနေချိန်မှာ အခုလိုယိုပေါက်တွေရှိနေတာကို အချိန်မီသိရှိနိုင်ရန် တင်ပြလိုက် ပါတယ်။

ဒီကိစ္စဟာ အရေးကြီးတဲ့ကိစ္စမို့ အများသိအောင်တင်ပြရတာ ဖြစ် ပါတယ်။

Richard Myo Thant

https://web.facebook.com/richard.myothant/posts/3653211608040255

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top