နေခြည်ဦးကတော့ အချိန်တိုအတွင်းမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိလာပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိလာသူတစ်ယောက်ပါ။ Beauty Blogger တစ်ယောက်အဖြစ်ကနေ အခုလို ပရိသတ်အားပေးတဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာအောင် ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ အဆင့်ဆင့်လျှောက်လှမ်းလာခဲ့သူလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ မောင်နှမတွေထဲက သူ့လိုပဲ အနုပညာဝါသနာပါတဲ့ ညီမလေးစိမ်းနဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးခဲ့ပါတယ်။ အနေအေးဆေးပြီး ချစ်ဖို့ကောင်းလွန်းတဲ့စိမ်းကိုတော့ ပရိသတ်တချို့လည်း သိရှိပြီး ဖြစ်မှာပါ။ စိမ်းကတော့ ဒီနှစ်မှာ ဆယ်တန်းဖြေထားပြီး လတ်တလောမှာတော့ Tik Tok ဗွီဒီယိုလေးတွေသာ မျှဝေပေးနေပေမယ့် ဝန်းရံအားပေးနေတဲ့အမာခံပရိသတ်တချို့ ရရှိနေပြီဖြစ်ပါတယ်။
ဒီနေ့မှာတော့ ညီအစ်မနှစ်ယောက်စလုံး မိသားစုပိုင် စိမ်းလဲ့တင် resort ကို ရောက်ရှိနေပြီး မကြာခင်မှာ ပရိသတ်ရှေ့ကို ရောက်ရှိလာတော့မယ့် ညီမလေးစိမ်းနဲ့ အမေးအဖြေ မေးခွန်းလေးတွေဖြေကာ မိတ်ဆက်ပေးခဲ့ပါတယ်။ နေခြည်ဦးကတော့ စိမ်းကို သူအနုပညာလောကကို စတင်ဝင်ရောက်စဉ်က ဖြစ်ခဲ့တဲ့အမှားမျိုးတွေ မဖြစ်အောင် လတ်တလောကြော်ငြာကမ်းလှမ်းမှုတွေ ရှိနေပေမယ့်လည်း မလုပ်ခိုင်းသေးဘဲ သူ့ရဲ့ Team နဲ့အတူ training ကာလကို ဖြတ်သန်းခိုင်းဦးမယ်လို့ သိရပါတယ်။ အမြဲသွက်လက်နေတဲ့ ချီချီနဲ့ အေးအေးလေးနေတတ်တဲ့ စိမ်းတို့ နှစ်ယောက်ရဲ့ မေးခွန်းလေးတွေဖြေကြားရင်း ပရိသတ်နဲ့ ရင်းနှီးမှုယူခဲ့တဲ့ ဗွီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
credit-cele gabar
ZAWGYI
အနုပညာဝါသနာပါပြီ အေးအေးလေးနေတတ်တဲ့ ညီမလေးကို ပရိသတ်နဲ့မိတ်ဆက်ပေးလိုက်တဲ့ နေခြည်ဦး