ကိုယ့်ပိုက်ဆံနဲ့ကိုယ် မျက်နှာငယ်ချင်တဲ့အခါ ငွေချေးပါ တဲ့ ။

ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ ငွေမချေးမိတာ အကောင်းဆုံးပဲ ။

ရင်းနှီးလွန်းတဲ့သူတွေ ခင်လွန်းတဲ့သူတွေ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး မိတ်ပျက်ရတယ်

ငွေ တစ်ထောင်ပဲ ချေးချေး တစ်ရာပဲချေးချေး အတိုးမပါပဲ ငွေချေးလိုက်တယ်ဆိုတာ တကယ်တော့ ယုံကြည်မှုကို ပေးလိုက်တာပါ

တန်ဖိုးထားစေချင်တယ် သူအဆင်ပြေနေတာလဲ မပေးလဲ ဖြစ်ပါတယ်ဆိုပြီးလဲ မတွေးနဲ့

ငွေချေးထားပြီးရင် နဲနဲများများ ပြန်ပြီး ရချင်ကြတာတွေချည်းပါပဲမကောင်းတတ်လို့ အားနာလို့ မပြောပဲ နေတာပဲ ရှိပါတယ် ပြန်ပြီးမလိုချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး

ပိုက်ဆံချေးလိုက်တယ်ဆိုတိုင်း အဆင်ပြေနေတယ်လို့ပဲ မတွေးပါနဲ့ တစ်ခါတစ်ရံ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အဆင်မပြေရတာတွေမှ အများကြီးပါ

ပြန်တောင်းရလဲအခက် ပြန်လဲ မပေးတဲ့အခါ ကိုယ့်မှာ ကိုယ့်ငွေနဲ့ကိုယ် အဆင်မပြေဖြစ်ရတယ်လေ

လူတွေက ယူတုန်းသာ ကျေးဇူးရှင်ဆိုပြီး ကျေးဇူးတွေတင်ကြတာ အချိန်တန်လို့ ပြန်ပေးရမယ့်အခါ ရန်သူလိုပဲ ။

အဆင်မပြေသေးလို့ပါဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ့်ကို မျက်ရည်ခံထိုးကြလိမ့်မယ် ကိုယ်လဲ အဆင်ပြေနေတာမဟုတ်မှန်း သိစေချင်တယ်

ကြွေးယူပြုံးပြုံး တောင်းတော့ မုန်းတဲ့ တကယ်ကို မှန်ပါတယ် ပိုက်ဆံချေးတဲ့ စိတ်ချပါဆိုတဲ့ စကားလုံးတွေနဲ့ ဝေဝေဆာဆာအပြုံးတွေနဲ့ ထိုင်ရှိခိုးမတတ် ကျေးဇူးတွေတင်ပြီး ထွက်သွားတတ်ကြပေမယ့်

ပြန်ပေးရမယ့်ရက်နီးလာတဲ့အခါ မျက်နှာတွေက အော်တို ပုတ်သွားတတ်ကြတယ်

အလိုက်သတိသာ ပေးတတ်မယ်ဆိုရင် ဘယ်သူမှ တောင်းဖို့ မလိုပါဘူး အလိုက်မသိလို့ တောင်းမိတဲ့အခါ

ကိုယ့်ပိုက်ဆံနဲ့ ကိုယ် မျက်နှာငယ်ရတယ် အဆင်ပြေတဲ့အခါ ပေးမှာပေါ့ ဆိုတဲ့စကားလုံးတွေနဲ့ ကိုယ့်မှာ ခြေထောက်ဆွဲပြီးတောင်းပန်ရမတတ် မျက်နှာတွေက ချီထားကြတာလေ

တကယ် ချစ်ရင် တကယ်ခင်ရင် ပိုက်ဆံမချေးနဲ့ ပေးနိုင်တဲ့အခါ အလကားပေးလိုက်တာ ပြန်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ မပေးနဲ့ ကိုယ်ပဲ ပင်ပန်းရလိမ့်မယ် ။

Zuu

===========================

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top