သိန်း(၁၀၀၀) ခန့် လောက်ကုန်ကျမယ့် တံတားတစ်စင်းဆောက်လုပ်လှူဒါန်းမှုအတွက် ပရိသတ်တွေကိုကံစမ်းမဲအစီအစဉ်လေးနဲ့ပါဝင်လှူဒါန်းဖို့ ဖိတ်ခေါ်လိုက်တဲ့ မေ့ချစ်သက်

မြန်မာသံတေးသီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်တဲ့ တေးသံရှင်မေ့ချစ်သက်ကတော့ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် ကိုယ်တိုင်ဦးဆောင်ပြီး အလှူအတန်းလုပ်လေ့ရှိသူပါ။ လတ်တလောမှာလည်း တောင်ဥက္ကလာဆေးရုံ Quarantine ဝင်နေတဲ့လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အပတ်စဉ်အာဟာရဒါနပြုလုပ်နေသလို နောက်ထပ်ပြုလုပ်သွားမယ့်အလှူလေးကိုလည်း ပရိသတ်ကြီးကိုမျှဝေခဲ့ပါတယ်။

ကျောက်ကြီးတောင်တောရ တပ်ကုန်းနေပြည်တော်နဲ့ မန္တလေးတိုင်း ရမည်းသင်းနယ်စပ်က ဆင်သေချောင်းနေရာမှာ ချောင်းရေစီးဆင်းမှုကြောင့် သွားရေးလာရေးအဆင်မပြေတာကြောင့် တံတားတစ်စင်း ဆောက်လုပ်လှူဒါန်းပေးသွားမှာဖြစ်ပြီး ပရိသတ်ကြီးကိုလည်း ပါဝင်ကုသိုလ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ လစဉ်လတိုင်း ကံစမ်းမဲစာရွက်တစ်စောင် (၅၀၀၀) ကျပ်တန်ဖြတ်ပိုင်းတွေကို စီစဉ်ထားပြီး ပါဝင်လှူဒါန်းသူတွေအနေနဲ့ ကုသိုလ်လည်း ရသလို ဆိုင်ကယ်၊ လပ်တော့ ၊ ဖုန်း၊ ရွှေဆွဲကြိုးနဲ့ အခြားကံစမ်းမဲပေါင်းများစွာကို ပြန်လည်ခံစားခွင့်ရမှာပါ။

လစဉ် လစဉ် ဆယ်လတိုင်တိုင် ဒီကံစမ်းမဲဖြတ်ပိုင်းအစီအစဉ်ကို ပြုလုပ်သွားမှာဖြစ်ပြီး မဲပေါက်သူတွေကိုတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Live လွှင့်ပြီး ကြေညာပေးသွားမှာဖြစ်ပါတယ် ပရိသတ်ကြီးရေ… တံတားအတွက် ခန့်မှန်းကုန်ကျငွေက သိန်း(၁၀၀၀) ခန့်ကုန်ကျမှာမို့ ကုသိုလ်လည်းရ ကံစမ်းမဲအစီအစဉ်မှာလည်း ပါဝင်ခွင့်ရမယ့် မေ့ချစ်သက်ရဲ့ အလှူလေးကို ဝိုင်းဝန်းကူညီအားဖြည့်ပေးနိုင်ဖို့ မျှဝေလိုက်ပါတယ်နော်။

credit-cele gabar

ZAWGYI

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top