နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဦးစိုးဝင်း၏ နာရေးနေအိမ်
ဧရာဝတီ၊ ဇူလိုင် ၂၇ ရက်၊ ၂၀၂၀ ခုနှစ်
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံ၊ သက်တော်စောင့် ၁ ဦးလည်း ဖြစ်သည့် အသက် ၅၉ နှစ် ရှိ ဦးစိုးဝင်း မှာ ဇူလိုင် ၂၅ ရက်က ဦးနှောက်သွေးကြောပေါက်ကာ နေပြည်တော်တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။
ဦးစိုးဝင်း၏ ကျန်ရစ်သော ရုပ်ကလာပ်ကို ယမန်နေ့က ရန်ကုန်သို့ ပြန်လည်သယ်ဆောင်လာပြီး ဖြစ်သလို နာရေးကို ဇူလိုင် ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကာ ရေဝေးသုသာန်တွင် ဂူသွင်း သဂြိုလ်မည် ဖြစ်သည်။
ဦးစိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အချိန်မှ စကာ သစ္စာအရှိဆုံး အနီးကပ်လူယုံတော်အဖြစ် နေထိုင်ကာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
၎င်းကွယ်လွန်ချိန်တွင် မိန်းမနှင့် သား ၃ ယောက် ကျန်ရစ်ခဲ့ပြီး မိသားစုထက် အလုပ်တာဝန်ကို ပိုမို ချစ်မြတ်နိုးသူဟု သူ၏ အသိုင်းအဝိုင်းကြားတွင် ပြောစမှတ် ပြုကြသည်။
ဦးစိုးဝင်း ကွယ်လွန်သွားသည့်အပေါ် ဝမ်းနည်း၊ စိတ်မကောင်းကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊နို င်ငံရေးလုပ်ဖော်ကိုင်ဖက်များက လူမှူကွန်ရက်ပေါ်တွင်လည်း ရေးသားထားကြသည်။
ဓာတ်ပုံ -အောင်ကျော်ထက် /ဧရာဝတီ
=======================