ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်လည်ဖြစ်ပွားလာ၍ ဗီယက်နမ်မှ ခရီးသွားဧည့်သည်များ အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း။ တရုတ်နိုင်ငံမှ ခွင့်ပြုချက်မဲ့ ဝင်ရာက်လာသူများကြောင့် ရောဂါကူးစက်မှုပြန်လည် ဖြစ်ပွားရဟု အာဏာပိုင်တို့ သတိပေး…
ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု ပြန်လည်ဖြစ်ပွားလာကြောင်း တွေ့ရှိရပြီးနောက် ကမ်းရိုးတန်းအလယ်ပိုင်း မြို့တော် ဒါနမ်းမှ ခရီးသွားဧည့်သည် ၈၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ်ထွက်ခွာကြရန် တနင်္လာနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်ဟု သိရသည်။
ဒါနမ်း မြို့သူမြို့သား ၃-ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်လျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ခရီးသွားဧည့်သည်များ အရေးပေါ်ထွက်ခွာရန် စီစဉ်လျှက်ရှိရာ ၄-ရက်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း အာဏာပိုင်များက တနင်္လာနေ့၌ ပြောကြားသည်။
ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု မရှိခြင်းကြောင့် အဆင့်နှိမ့်ချထားခဲ့ရသော ရောဂါကူးစက်ပျံ့နှံ့မှု သတိပေးချက်ကို ၃-လခန့်ကြာပြီးမှ အဆင့်-၁ သို့ ပြန်လည်တိုးမြှင့်လိုက်ရသည်ဆို၏။
ဧပြီလတည်းက ကူးစက်မှု ထပ်မံ မတွေ့ခဲ့ရသော Covid-19 ရောဂါသည် ဗီယက်နမ်နိုင်ငံအတွင်း ခွင့်ပြုချက်မဲ့ ဝင်ရောက်လာသူများကြောင့် ဖြစ်ကြောင်း ဗီယက်နမ်အာဏာပိုင်များက ပြောကြားသည်။
ဗီယက်နမ်သည် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ရောဂါကူးစက်ပျံနှံ့မှုကို ၄-လကျော်ကြာ အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း၊ နောက်ထပ် ၃-လမျှကြာသည့်အခါ ပေါ့ပေါ့ဆဆ သဘောထားလာပြီး ကာကွယ်တားဆီးရေးလမ်းညွှန်ချက်များအတိုင်း အပြည့်အဝလိုက်နာရန် ပျက်ကွက်သဖြင့် ကမ်းရိုးတန်းအလယ်ပိုင်းမြို့တွင် ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားရကြောင်း၊ ဗီယက်နမ်နိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသူ တရုတ်နိုင်ငံသား အများအပြားရှိခဲ့ရာ ရောဂါကူးစက်ပျံ့နှံ့နိုင်ကြောင်း၊ လွန်ခဲ့သည့်ရက်အတွင်း ဒါနမ်းမြို့သို့ ခွင့်ပြုချက်မဲ့ ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၂-ဦး၊ ပြည်တော်ပြန် ဗီယက်နမ် ၂-ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း ဗီယက်နမ် အစိုးရသတင်းဝဘ်ဆိုက်၌ ဖော်ပြသည်။
နိုင်ငံခြားသားများ ခွင့်ပြုချက်မဲ့ ဝင်ရောက်မှုကို တားဆီးရန်အတွက် နယ်စပ်တစ်လျှောက် လူဝင်မှုကြီးကြပ်ရေး ထိန်းချုပ်ရန် ဝန်ကြီးချုပ် ငုယင်စွမ်းဖုက အမိန့်ပေးလိုက်သည်။
မကြာသေးမီက ဟနွိုင်းမြို့အရှေ့မြောက်ဘက်၊ ကွမ်နင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံမှ တရားမဝင် ရောက်ရှိလာသူ ၆- ဦးအား တရားစွဲဆိုခဲ့ရပြီး၊ လွန်ခဲ့သည့် ၂-လအတွင်း ဖမ်းဆီးရမိသူ ၃၀၀ ကျော်ရှိခဲ့ကြောင်း နယ်ခြားကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။
ယနေ့ (တနင်္လာ) နံနက်အထိ ဗီယက်နမ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၂၀-ဦး၊ ကုသမှု ခံယူပြီးရောဂါပိုးကင်းစင်လာသူ- ၃၆၅ ဦးရှိခဲ့ပြီး Covid-19 ရောဂါကြောင့် သေဆုံးသူမရှိကြောင်း အစိုးရသတင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
Htay Oung (Oung Marine)
=======================