တရုတ်နှင့် နယ်စပ်တင်းမာမှုများ ဖြစ်ပွားနေသည့် အိန္ဒိယက ပြင်သစ် ထံမှ ဟမ်းမားဒုံးကျည်များ ဝယ်ယူမည်
……………………………………………………
နိုင်ငံတကာ၊ ဇူလိုင် ၂၇
တရုတ်နိုင်ငံနှင့် နယ်စပ်အငြင်းပွားမှုဖြစ်ပွားနေသည့် အိန္ဒိယနိုင်ငံက အရေးပေါ်အခြေအနေတွင် အသုံးပြုရန် ပြင်သစ်နိုင်ငံထံမှ ဟမ်းမားဒုံးကျည်များ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
ဝေဟင်-မြေပြင်ခွင်း ဟမ်းမားဒုံးကျည်များ ဝယ်ယူရေးနှင့်ပတ်သက်၍ တိုးတက်မှုရှိခဲ့ပြီး အချိန်အကန့်အသတ် ရှိလင့်ကစား ပြင်သစ်နိုင်ငံက အိန္ဒိယနိုင်ငံသို့ ဟမ်းမားဒုံးကျည်များ ပံ့ပိုးပေးရန် အသင့်ရှိကြောင်း အိန္ဒိယမီဒီ ယာများက တာဝန်ရှိသူများအားကိုးကား၍ ဖော်ပြခဲ့သည်။
မိုဒီအစိုးရအဖွဲ့က အိန္ဒိယတပ်မတော်သို့ ပေးအပ်ထားသော အရေးပေါ်လုပ်ပိုင်ခွင့်အရ သဘောတူညီမှု ပြု လုပ်နေကြောင်း သတင်းများကဆိုသည်။
အိန္ဒိယလေတပ်က အိန္ဒိယမီဒီယာများ ဖော်ပြခဲ့သောသတင်းများကို ငြင်းဆန်ခဲ့ခြင်းမရှိသလို အတည်ပြုခဲ့ခြင်း လည်းမရှိခဲ့ပေ။
ပြင်သစ်နိုင်ငံလုပ် ရာဖေးလ်ဂျက်တိုက်လေယာဉ်များအတွက် ကီလိုမီတာ ၆၀ မှ ၇၀ အထိ ရောက်ရှိနိုင်သော ဟမ်းမားဒုံးကျည်များ ဝယ်ယူရေးသဘောတူညီချက်ကို လာဒါခ်အရေးနှင့်ပတ်သက်၍ အိန္ဒိယနှင့် တရုတ်ကြား တင်းမာမှုများ အမြင့်ဆုံးအခြေအနေဖြစ်ပေါ်နေစဉ် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
ကိုးကား – သည်နယူးစ်
Ref; India to buy hammer missiles from France on emergency basis
#PeopleMedia
====================
(unicode)