ရုရှားရေတပ်မှာ အသံထက်မြန်တဲ့ နျူကလီးယားဒုံးကျည်များ တပ်ဆင်မည်ဖြစ်ကြောင်း အတည်ပြု
ရုရှားရေတပ်မှာ အသံထက်မြန်ပြီး နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ လက်နက်တွေနဲ့ ရေအောက် နျူကလီးယား မောင်းသူမဲ့လေယာဉ်တွေကို တပ်ဆင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တနင်္ဂနွေနေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီလက်နက်တပ်ဆင်မှုတွေကို စမ်းသပ်နေတာ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
လက်နက်အားပြိုင်ပွဲတွေ မလိုလားကြောင်း ပြောကြားဖူးတဲ့ ပူတင်ဟာ ရုရှားနျူကလီးယား လက်နက်မျိုးဆက်သစ်အကြောင်းကိုတော့ မကြာခဏဆိုသလို ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။ ပူတင်ပြောကြားဖူးတဲ့ ကမ္ဘာ့ ဘယ်နေရာမဆို ထိအောင်ပစ်နိုင်တဲ့ လက်နက်နဲ့ပတ်သက်ပြီး ဘယ်လောက်အဆင့်မြင်နေသလဲဆိုတာကိုတော့ အနောက်တိုင်းကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။
အချို့လက်နက်တွေကတော့ မတပ်ဆင်ရသေးပေမယ့် ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပိုဆီဒွန်ရေအောက် နျူကလီးယား မောင်းသူမဲ့ယာဉ်နဲ့ အသံထက်မြန်တဲ့ ဇာကွန်ခရုဇ်ဒုံးကျည်ကို ရေတပ်သင်္ဘောတွေမှာ တပ်ဆင်နိုင်ကြောင်း သိရပါတယ်။ အမြန်နှုန်း၊ အသံထက် မြန်တဲ့ ဒုံးကျည်တွေရဲ့အရှိန်၊ ထိန်းချုပ်ရလွယ်ကူမှုနဲ့ အသံထက် (၅) ဆပိုမြန်အောင် သွားလာနိုင်မှုတို့ကြောင့် ခြေရာခံဖို့၊ ၄င်းဒုံးကျည်တွေကို ကြားဖြတ်ပစ်ခတ်နိုင်ဖို့ ခက်ခဲကြောင်း သိရပါတယ်။
ရုရှားအကောင်းဆုံးသင်္ဘောတွေ၊ နျူကလီးယားရေငုပ်သင်္ဘောတွေနဲ့ ရေယာဉ်တွေကို ပြသတဲ့ စိန့်ပီတာစဘတ်မှာ ပြုလုပ်တဲ့ နှစ်ပတ်လည်ရေကြောင်းချီတက်ပွဲတစ်ခုမှာတော့ ပူတင်က ရေတပ် စွမ်းရည် တိုးတက်လာပြီး ယခုနှစ်အတွင်း သင်္ဘောသစ် ၄၀ မှာ တပ်ဆင်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အသံထက်မြန်တဲ့လက်နက်သစ်တွေကို ဘယ်အချိန်တပ်ဆင်ပေးသွားမယ်ဆိုတာကိုတော့ အတိအကျ မပြောခဲ့ပေမယ့် အချိန်ပိုနီးကပ်လာပြီလို့ ပြောကြားသွားကြောင်း သိရပါတယ်။
=====================
ရုရှားရေတပ်မှာ အသံထက်မြန်တဲ့ နျူကလီးယားဒုံးကျည်များ တပ်ဆင်မည်ဖြစ်ကြောင်း အတည်ပြု
ရုရှားရေတပ်မှာ အသံထက်မြန်ပြီး နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ လက်နက်တွေနဲ့ ရေအောက် နျူကလီးယား မောင်းသူမဲ့လေယာဉ်တွေကို တပ်ဆင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တနင်္ဂနွေနေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီလက်နက်တပ်ဆင်မှုတွေကို စမ်းသပ်နေတာ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
လက်နက်အားပြိုင်ပွဲတွေ မလိုလားကြောင်း ပြောကြားဖူးတဲ့ ပူတင်ဟာ ရုရှားနျူကလီးယား လက်နက်မျိုးဆက်သစ်အကြောင်းကိုတော့ မကြာခဏဆိုသလို ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။ ပူတင်ပြောကြားဖူးတဲ့ ကမ္ဘာ့ ဘယ်နေရာမဆို ထိအောင်ပစ်နိုင်တဲ့ လက်နက်နဲ့ပတ်သက်ပြီး ဘယ်လောက်အဆင့်မြင်နေသလဲဆိုတာကိုတော့ အနောက်တိုင်းကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။
အချို့လက်နက်တွေကတော့ မတပ်ဆင်ရသေးပေမယ့် ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပိုဆီဒွန်ရေအောက် နျူကလီးယား မောင်းသူမဲ့ယာဉ်နဲ့ အသံထက်မြန်တဲ့ ဇာကွန်ခရုဇ်ဒုံးကျည်ကို ရေတပ်သင်္ဘောတွေမှာ တပ်ဆင်နိုင်ကြောင်း သိရပါတယ်။ အမြန်နှုန်း၊ အသံထက် မြန်တဲ့ ဒုံးကျည်တွေရဲ့အရှိန်၊ ထိန်းချုပ်ရလွယ်ကူမှုနဲ့ အသံထက် (၅) ဆပိုမြန်အောင် သွားလာနိုင်မှုတို့ကြောင့် ခြေရာခံဖို့၊ ၎င်းဒုံးကျည်တွေကို ကြားဖြတ်ပစ်ခတ်နိုင်ဖို့ ခက်ခဲကြောင်း သိရပါတယ်။