စစ်ကိုင်းတိုင်းဒေသကြီးမှာဧရာဝတီမြစ်ရေလျှံတက်မှုကြောင့် လူဦးရေ ၁၀၀၀ ခန့်ကို ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊အိုးဘိုရပ်ကွက်၊အုတ်ကျင်းတွင် ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် နေအိမ်များနှင့် ပစ္စည်းများအား စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ SERTအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ အိုးဘိုလူမှုကူညီရေးအဖွဲ့များနှင့် ပူးပေါင်းကာ ရေလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
ဧရာဝတီမြစ်ရေဟာ ဇူလိုင် ၂၆ ရက်က မန္တလေး မြို့နှင့် မြင်းမူမြို့တို့တွင် တစ်ပေခန့်နှင့် စစ်ကိုင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီး အောက်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေများသည် မန္တလေးမြို့နှင့် မြင်းမူမြို့တို့တွင် နောက်၃ရက် အတွင်းနှင့် စစ်ကိုင်းမြို့တွင် နောက် ၂ ရက်အတွင်း ယင်းမြို့ များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့်မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့နှင့် မြစ်ငယ်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထပ်မံသတိပေးထားပါတယ်။
#KS
=========================