ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ကိုဘင်နဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၆)ရက်နေ့က အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကိုတော့ နှိုင်းယှဉ်မြင့်မိုရ်တို့ မိသားစုက ရန်ကုန်ကလေး ဆေးရုံကြီး သွေးနှင့်ကင်ဆာဌာနမှာ သွားရောက်ပြုလုပ်ခဲ့တာပါ။
ရန်ကုန်ကလေးဆေးရုံကြီး သွေးနှင့် ကင်ဆာဌာနမှာ နေ့လယ်စာ အာဟာရဒါနအနေနဲ့ ဆေးကုသမှုခံယူနေသူတွေနဲ့ လူနာစောင့်တွေအတွက် ထမင်းဟင်းတို့ကို ချက်ပြီး ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အခုလို အလှူလေးပြုလုပ်ဖြစ်တာနဲ့ ပတ်သက်လို့
“ယနေ့မနက် အလှူလေးပါ။ နှိုင်းယှဉ်ရဲ့အမာခံကာစတန်မာတွေအားပေးကြလို့။လုပ်ငန်းရှင် (၇)ရက်သားသမီးတွေကဌားလို့ ဒီနေ့ဒီအချိန်မှာ ဒီလိုအလှူတွေ လှူနိုင်နေတာပါ။ အဲ့အတွက် ၇ရက်သားသမီးများအားလုံးကိုကျေးဇူးတင်ပါတယ်” ဆိုပြီး ကျေးဇူးတင်စကားပြောထားပါသေးတယ်။
ပရိသတ်ကြီးရေ နှိုင်းယှဉ်တို့ မိသားစုရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
unicode
ရန်ကုန်ကလေးဆေးရုံကြီးမှာ အာဟာရဒါနအလှူလေးပြုလုပ်ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့မိသားစု