အဆိုတော် ပိုပိုကတော့ ဆန်းသစ်တဲ့အနုပညာဖန်တီးမှုတွေကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူမကတော့ အလွမ်းအဆွေးသီချင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင်အရောက်ပို့ပေးနိုင်သူတစ်ယောက်ဖြစ်ပြီးတော့ တေးစီးရီးအယ်ဘမ်တော်တော်များစွား ထွက်ရှိထားကာ အောင်မြင်မှုအခိုင်အမာရရှိထားပါတယ်။
ပိုပိုကတော့ အခုလို Stay Home ကာလမှာ တတ်နိုင်သလောက်ကုသိုလ်ရေးတွေပြုလုပ် ဝါသနာပါတဲ့ သီချင်းတွေကို ဖန်တီးရေးသားပြီး ရိုးရိုးရှင်းရှင်းဖြတ်သန်းနေခဲ့ပြီး မကြာသေးမီကမှ သီချင်းသစ်လေးတစ်ပုဒ် ပရိသတ်တွေကို ချပြတော့မယ့်အကြောင်းပြောထားပါတယ်။ ယနေ့မှာတော့ ပိုပိုဟာ မင်းသားချော ပိုင်တံခွန်နဲ့အတူ အရိပ်ကလေးလို သီချင်း MV ရိုက်ကူးနေတဲ့အကြောင်းကို “ပိုကလေ အချစ်ရေးမှာ အမြဲ ကံကောင်း နေတတ် တော့လေ အပျိုကြီး လုပ်မယ် မလုပ်ဘူး ဆိုတာ မသေချာဘူးလေ နော့ crd.. MMS အရမ်းအချစ်ခံနေရသောမမပို #အရိပ်ကလေးလို MV Shooting” ဆိုပြီး ရိုက်ကွင်းက အမှတ်တရပုံရိပ်တွေကို ပြန်လည်ဝေမျှထားပါတယ်။
ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် ပိုပိုရဲ့ မကြာမီထွက်ရှိလာမယ့် အရိပ်ကလေးလို သီချင်းသစ်ရဲ့ Music Video လေးကိုတော့ နိုင်ငံကျော်မင်းသားချော ပရိသတ်အချစ်တော် ပိုင်တံခွန်နဲ့တွဲဖက်ရိုက်ကူးနေတာတဲ့နော်။
Source: ပိုပို
Zawgyi
မင်းသားချော ပိုင်တံခွန်နဲ့အတူ အရိပ်ကလေးလို သီချင်း MV ရိုက်ကူးနေတဲ့ ပိုပို