Myanmar Idol Season(4)ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ နာဂတိုင်းရင်းသားလေး တန်ခွန်ကျော်ကတော့ Myanmar Idol Wild Card Winnerဆုကို ဆွတ်ခူးရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။လတ်တလောမှာတန်ခွန်ကျော်က ကိုယ်ပိုင်သီချင်းလေးထွက်ရှိလာဖို့ ကြိုးစားနေတာဖြစ်ပြီး အမာခံပရိသတ်တွေနဲ့ အတူစုပေါင်းပြီး လိုအပ်တဲ့နေရာတွေအတွက် လှူဒါန်းမှုတွေဆက်တိုက်ပြုလုပ်နေတာပဲဖြစ်ပါတယ်။
တန်ခွန်ကျော်ကတော့ သူ့ရဲ့ ပရိသတ်တွေနဲ့အတူ အလှူအတန်းတွေကို တတ်နိုင်သလောက် ပြုလုပ်နေခဲ့တာဖြစ်ပြီး ယနေ့မှာတော့ နာဂဒေသရှိရွာ(၃)ရွာကကျောင်းသားလေးတွေအတွက် mask 500 လှူဒါန်းသွားမယ့်အကြောင်းကို “တန်ခွန်နှင့်တန်ဂိုများ နာဂဒေသမှာရှိတဲ့ ရွာ ၃ရွာက ကျောင်းသားလေးတွေအတွက် mask 500 လှူပါတယ်ဗျ လှူချင်သူများ လှူနိုင်ဖို့ရည်ရွယ်လျက် ဖော်ပြပေးလိုက်ပါတယ်ဗျ #နာဂဒေသမှာတစ်ခါသုံးmaskတွေနဲ့အဆင်မပြေနိုင်ပေမယ့်reusable mask တွေတော့ အသုံးတည့်ပါတယ်” ဆိုပြီးသူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း တန်ခွန်ကျော်ကတော့ အမာခံပရိသတ်တွေဖြစ်တဲ့ တန်ဂိုလေးတွေနဲ့အတူ နာဂဒေသရှိရွာ(၃)ရွာကကျောင်းသားလေးတွေအတွက် mask 500 လှူဒါန်းသွားမှာဖြစ်ပြီး ပါဝင်လှူဒါန်းချင်သူတွေလည်း လှူနိုင်ဖို့ရည်ရွယ်လျက် ဖော်ပြပေးလိုက်ပါတယ်တဲ့။
Source: Tan Khun Kyaw
Zawgyi
နာဂဒေသရှိရွာ(၃)ရွာကကျောင်းသားလေးတွေအတွက် mask 500 လှူဒါန်းသွားမယ့် တန်ခွန်ကျော်နဲ့ တန်ဂိုလေးများ