ငွေတင်မက ဘွဲ့ဂုဏ်ပါ မရှိဘဲ သာသနာပြုနေသော ရဟန်းတော်လေးတစ်ပါး

ထူးခြားကအစအဆုံးကူးယူတင်ပြ

????ငွေတွင်မက ဘွဲ့ဂုဏ်ပါ မရှိဘဲ
သာသနာပြုနေသော
ရဟန်းတော်လေးတစ်ပါး????

ဘွဲ့ဂုဏ်ကို ရှေ့တန်းတင်နေသည့် လောက
ကြီး၌ ဘွဲ့ဂုဏ်မရှိလျှင် ဘယ်လိုသာသနာပြု
လို့ရမလဲလို့ ညည်းတွားနေကြသော မျက်မှောက်ခေတ်
ညီတော် နောင်တော်များအတွက် အတုယူကျင့်သုံး
ဖွယ်ကောင်းသည့် ရဟန်းတော်လေးအကြောင်းကို
မျှဝေတင်ပြခွင့်ပြုပါဘုရား။

ရဟန်းတော်လေး၏ ဘွဲ့တော်မှာ ဦးသီလ၊
သက်တော်က(၃၀)ကျော်ပါ၊သူသည် အသက်(၂၀)အရွယ်၌
ဒုလ္လဘမဲပေါက်၍ သာသနာဘောင်သို့ ဝင်ရောက်ခဲ့သည်။
ဝင်ရောက်ကာစ(၉)ရက်သာနေပြီး ကုသိုလ်ပါရမီဆည်း
ပူးရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော်ရဟန်းဖြစ်ပြီး
(၂)ရက်ကျော်၌ပင် ဖားအောက်တောရဆရာတော်ကြီး
၏ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး တရားဒေသနာတော်
ကျမ်းစာအုပ်ကို ဖတ်ရှု့မိရာမှ သံဝေဂကြီးမားစွာ ဖြစ်
ပေါ်လာ၍ အသက်ထက်ဆုံး သာသနာတော်၌နေရန်
ဆုံးဖြတ်ချက် ချခဲ့ပါသည်။

တက္ကသိုလ်ကျောင်းမပြီးဆုံးသေး၍ မိဘ၊မောင်နှမ
နှင့်သူငယ်ချင်းများက ကျောင်းပြီးမှ အမြဲဝတ်ရန် အမျိုး
မျိုး တားမြစ်ပြောဆိုကြသော်လည်း သူ၏ ယုံကြည်ချက်
သဒ္ဓါတရားကို အနည်ငယ်လေးတောင် အားနည်းအောင်
တစ်စုံတစ်ယောက်ကမျှ မလုပ်နိုင်ခဲ့ပါ။ သိကြားမင်း
ကြီးက လာရောက်ဖြားယောင်းပြောဆိုနားချရင်တောင်
ရနိုင်လိမ့်မည် မဟုတ်ပါ။

သူသည် ရဟန်းဖြစ်ရာ ကျောင်းတိုက်၌ (၂)လနီးပါးမျှ
ဆရာသမားတို့၏ ဝတ်ကြီးဝတ်ငယ်များကို ဖြည့်ကျင့်လျက်
ပရိတ်ကြီး(၁၁)သုတ်ကို ကျက်ခဲ့ပါသည်။
အလွတ်ရပြီးနောက် ဖားအောက်တောရသို့
တရားအားထုတ်ရန် ကြွရောက်ခဲ့ပါသည်။ ဝေးရပ်မြေခြား
ဖားအာက်တောရ၌ ရောက်ခါစ၌ ငွေမပြောနှင့်
ကိုယ်ပိုင်သင်္ကန်း၊သပိတ်တောင်မရှိပါ။ ပါလာသမျှ
ပစ္စည်းအားလုံးကို သံသယဖြစ်၍ စွန့်လိုက်ရသောကြောင့်ပါ။

ထို့ကြောင့်ဖားအောက်တောရ၌ သပိတ်တစ်လုံးနှင့်
သင်္ကန်း(၃)ထည်တို့ကို ငှား၍ သုံးခဲ့ရသည်။ (၇)ရက်ခန့်ကြာ
သောအခါ၌ သီတင်းသုံးဖော်နောင်တော်တစ်ပါးမှ သူ့အား
ကြည်ညို၍ သင်္ကန်းသုံးထည်နှင့်သပိတ်လှူပါသည်။
ထိုအချိန်မှစ၍သာ သူ၏ကိုယ်ပိုင်သပိတ် သင်္ကန်းလေးအဖြစ်
အဓိဋ္ဌာန်တင်သုံးစွဲခွင့်ရ၍ တရားကို ကြိုးစားအားထုတ်ခဲ့သည်။

ဝါလကျွတ်သောအခါ၌ သီတင်းသုံးဖော်တစ်ဦးနှင့်အတူ
တောရကျောင်းများ၌ လှည့်လည်၍ တရားအားထုတ်ခဲ့ပါသည်။
တရားအားထုတ်သောလည်း တရားထူးမရ၍ သူသည် ပရိယတ္တိ
စာပေသင်ကြားရန် ဆန္ဒဖြစ်လာပါသည်။ထို့ကြောင့် ဝိနည်းတော်
နှင့်အညီ စာပေသင်ကြားခွင့်ရမည့် ဖားအောက်တောရ
ကျောင်းသို့ ပြန်ရောက်လာပြီး ပရိယတ္တိစာပေများကို ကြိုးစား၍
သင်ယူခဲ့ပါသည်။ ထို့နောက် မဟာမြိုင်ကျောင်း၊ သာသနာ့ဝန်
ဆောင်နှင့်မဟာဝိဟာရကျောင်းများသို့ ကြွရောက်၍ စာပေ
များကို ကြိုးစားသင်ယူခဲ့ပါသည်။

သူသည် ပင်ကိုယ်ဉာဏ်ထက်မြက်၍ ဝီရိယ
ကောင်းသောကြောင့် စာပေများကို အလွယ်တကူပင်
သင်ယူနားလည်ခဲ့ပါသည်။ သီတင်းသုံးရာကျောင်းတိုက်တိုင်း၌
ဝိနည်းတော်ကို အလေးဂရုပြုဖြည့်ကျင့်သောကြောင့်
သီတင်းသုံးဖော်များ၏ အတုယူဖွယ် ရဟန်းတော်လေးတစ်ပါး
ဖြစ်ခဲ့ပါသည်။မဟာဝိဟာရကျောင်းတိုက်၌ ဓုတင်သင်တန်း၊
သိမ်သင်တန်းအပါအဝင် ဝိနည်းစာဝါ၊ရူပသိဒ္ဓိ အစရှိသော
စာဝါများကိုလည်း (၂)နှစ်နီးပါးမျှ ပို့ချပေးရင်း ကျောင်းတိုက်
အုပ်ချုပ်ရေးလုပ်ငန်းများ၌ ဝိုင်းဝန်းကူညီ၍ ပါရမီဖြည့်ခဲ့ပါသည်။
ထိုကဲ့သို့သော စာသင်တိုက်၌ ဝိုင်းဝန်းကူညီ၍ ပါရမီဖြည့်ခဲ့
သောလည်း သူသည် စာမေးပွဲဖြေဆိုမှု မရှိတော့၍ ဘာဂုဏ်
ဘာဘွဲ့မှ မရရှိခဲ့ပါ။

ထို့နောက် ဇာတိချက်ကြွေမွေးရပ်မြေမြို့၏ မနီမဝေး၌
မိဘများ လှူဒါန်းသော အိမ်ခြေ(၂၀)ကျော်သာရှိသော
ရေပတ်လည်ဝိုင်းနေသော ကျွန်းရွာလေး၌ စာသင်တိုက်လေးကို
တပည့် ကိုရင်(၄)ပါးနှင့် အတူ သက်တော်(၂၉)နှစ်ကျော်
အရွယ်၌ ထူထောင်ခဲ့ပါသည်။ပစ္စည်းလေးပါးထောက်ပံ့သူရှိမှ
သာသနာပြုမယ်လို့ တစ်ခါမှ သူမစဉ်းစားဘူးခဲ့ပါ။

သူစဉ်းစားမိသည်က ကျောင်းတိုက်ထူထောင်တဲ့အခါ
ဆွမ်းခံစားမည်၊ သစ်ပင်အောက်မှာ နေရင်း စာချပေးမည်၊
တပည့်တွေကို ဝိနည်းဆောင်၊ဓုတင်ဆောင်
ဖြစ်အောင်လုပ်၍ ဝိနည်းကျွမ်းကျင်အောင် သင်ပေးမည်၊
လူတွေကို ဝိနည်း တရားဟောပေးမည်၊ သာသနာကို
သီလတရားဖြင့် အကောင်းဆုံး အလှဆင်နိုင်အောင်ကြိုးစား
မည် စသည်ဖြင့်သာ စဉ်းစားခဲ့ဖူးလေသည်။

ငွေအသပြာ တစ်ကျပ်မရှိ၊ဘွဲ့ဂုဏ်မရှိ၊ ပစ္စည်းလေးပါး
ဒါယကာ၊ဒါယိကာမ တစ်ယောက်မျှမရှိဘဲ ရေလယ်ခေါင်
ကျွန်းမြေပေါ်၌ စာသင်တိုက်လုပ်ရဲသည်မှာ သာမန်ယုံကြည်
ချက်ကြောင့်တော့ မဟုတ်နိုင်ပါ။

သူသည်တပည့်လေးများကို ရောင့်ရဲခြင်းတရားနှင့်
ဝိနည်းကို အထူးဖြည့်ကျင့်စေ၍ စာပေများကို သင်ကြား
ပို့ချပါသည်။ ထိုသို့တပည့်လေးများဖြင့် နေထိုင်၍ ဝါဆိုချိန်
ရောက်သောအခါ၌ ရဟန်းသာမဏေ(၃၇)ပါးပင် ရှိလာ
သည်။ဒုတိယဝါ၌ကား (၆၇)ပါးဖြစ်လာခဲ့သည်။
အလွန်ဆင်းရဲသော ကျွန်ရွာသေးသေးလေး၌ ရွှေငွေမရှိ၊
ဘွဲ့ဂုဏ်မရှိ၊ပစ္စည်းလေးပါးအမာခံ ကျောင်းဒကာ မရှိဘဲ
သံဃား(၆၇)ပါးဖြင့် မည်ကဲ့သို့ရပ်တည်မည်နည်း။

ဦးသီလသည် မိမိတပည့်လေးများ ပစ္စည်းလေးပါး
အတွက် ဘုရားရှင်အမွေပေးထားသော သပိတ်တော်ကိုသာ
အားထားခဲ့ပါသည်။မိမိတို့ကျွန်းရွာလေး၌ နေ့စဉ်ဆွမ်း
ခံခြင်းဖြင့်၎င်း၊ ကျွန်းရွာလေးမှ မိနစ်(၃၀) စက်လှေမောင်းရသော
မြို့သို့ (၁၅)ရက်တကြိမ်ဆွမ်းခံစိမ်းကြွခြင်းဖြင့်၎င်း၊
ဆွမ်းကိစ္စကို ဖြေရှင်းခဲ့ရသည်။
သင်္ကန်းအတွက် တစ်စုံရလျှင်ပင် တစ်နှစ်လုံးဝတ်လို့ရ
သည့်အတွက် ကြောင့်ကြစိုက်စရာမရှိခဲ့ပါ။ အများအားဖြင့်
ဖားအောက်တောရမှ သီတင်းသုံးဖော်များ လှူဒါန်းသော
သင်္ကန်း၊ဆပ်ပြာမှုန့်အစရှိသော ပစ္စည်းများဖြင့်ပင်
ချွေတာ၍သုံးစွဲမျှတခဲ့ရသည်။ စာသင်သားလေးများအတွက်
စာအုပ်စာတမ်းကို သူ၏ဆွေမျိုးများထံမှ၎င်း၊
ဝိနည်းလေးစားသောသူ၏သီတင်းသုံးဖော်များထံမှ၎င်း
အလှူခံ၍ အဆင်ပြေအောင် စီမံခဲ့ရသည်။

လူများကို သနားအောင်ပြောဆို၍၎င်း၊ ကြော်ငြာ၍၎င်း
အလှူခံခြင်းကို ကိုယ်တိုင်၎င်း၊ ကပ္ပိယများကို၎င်း လုံးဝ
မပြုလုပ်ခိုင်းခဲ့ပါ။ တပည့်များကိုသာ သာသနာအလုပ်ကို
ကြိုးစားအားထုတ်စေခဲ့ပါသည်။

ကျောင်းထူထောင်ခါစ သံဃာ(၁၀)ပါးကျော်မျှရှိစဉ်
သံဃာအားလုံး ထိုင်ခုံလေးနှင့် နေကြပါသည်။ ရဟန်း
သာမဏေပါမကျန် တိုက်သံဃာအားလုံး ညစဉ်ညတိုင်း
စာကျက်၊စာချပြီးတိုင်း လွင်တီးခေါင်၌ ဂုဏ်တော်နှင့်မေတ္တာ
ပွားများပြီး ထိုင်ခုံလေးနှင့် ကျိန်းစက်ခဲ့ကြလေသည်။
သူတို့၏ဘဝလေး၌ ပစ္စည်းဂုဏ်လာဘ်နှင့်
အကောင်းစား စားဖွယ်၊ ဝတ်ဖွယ်၊နေဖွယ်များမရှိခဲ့ပါ။
နေ့ခင်နေ့လယ်အပူဒဏ်ကို ခံနိုင်ရုံ ဝါးကျောင်းလေးများ၌၎င်း၊
သစ်ရိပ်ဝါးရိပ်များ၌၎င်း နေထိုင်သီတင်းသုံး၍ စာချစာသင်
စာကျက်ခဲ့ကြရသည်။

ထိုကဲ့သို့ သစ်ပင်ရင်း၌နေ၍ စာချစာသင်လုပ်နေရခြင်းကိုပင်
ဆရာတပည့်များအားလုံးသည် ဖခမည်းတော်မင်းကြီး၏
ထီးမွေနန်းမွေကို ထိုက်တန်စွာ ရရှိလိုက်သော
အိမ်ရှေ့မင်းသားလေးကဲ့သို့ အလွန်ပျော်ရွှင်နေကြသည်။

ဦးသီလ၏ သာသနာပြုလုပ်ငန်းလေးသည် ဘုန်းကံကြီး
မားသော ဆရာတော်များနှင့်နှိုင်းစာလျှင် မကြီးကျယ်လှပါ။
သို့သော်လည်း မှောင်မိုက်နေသောလကွယ်ညကြီး၌
ပိုးစုန်းကြူးလေးသည် သူ့အလင်းလေးနှင့် လောကကြီးကို
စွမ်းနိုင်သလောက် အလင်းဆောင်၍ အကျိုးပြုနေသလို
သူ၏သာသနာပြုလုပ်ငန်းလေးသည်လည်း ဗုဒ္ဓအလိုတော်ကျ
ကိုယ့်ကျင့်ဝိနည်းကို မဏ္ဍိုင်ပြု၍ သာသနာအလုပ်ကို စွမ်းနိုင်
သလောက် အားထုတ်နေ၍ လောကနှင့်သာသနာအတွက်
အကျိုးတစ်စုံတစ်ရာရှိနေမည် ဖြစ်ပါတော့၏။

ဒုတိယပိုင်း

????ငွေတွင်မက ဘွဲ့ဂုဏ်ပါ မရှိဘဲ
သာသနာပြုနေသော
ရဟန်းတော်လေးတစ်ပါး????

ရေပတ်လည်ဝိုင်းနေသော ကျွန်းရွာလေး၌
ဦးသီလနှင့်တပည့်လေးများသည် နိုင်ရာဝန်
ထမ်းလျက် သာသနာအလုပ်ကို ပျော်ရွှင်
ချမ်းမြေ့စွာ ကြိုးစားနေကြသည်။ သို့သော်လည်း
ကံကြမ္မာ၏ မျက်နှာသာပေးခြင်းကိုတော့ မခံရပေ။
နှစ်စဉ်မိုးရာသီရောက်တိုင် မိုးရွာ,လေတိုက်,ရေကြီး
မှုဒဏ်ကို ဝါးတဲကျောင်းလေးများဖြင့် တောင့်ခံခဲ့ရသည်။
ကျောင်းဝင်းတစ်ခုလုံးသာမက မှီခိုရာ ကျွန်းရွာလေးလည်း
တစ်ကျွန်းလုံး ရေမြုပ်၍ ပင်လယ်ပြင်ကြီးသဖွယ်
ဖြစ်နေတော့သည်။

ထိုကဲ့သို့ မိုးရွာ,ရေကြီး တစ်ကျွန်းလုံး ရေကြီး
နေသော်လည်း ဆရာ တပည့်အပေါင်းတို့သည်
ခံစားမှု အတွေ့အကြုံ အသစ်ဖြင့်သာသနာအလုပ်ကို
မပျက်မကွက် ဆက်လက်၍ အားထုတ်ခဲ့ကြသည်။
တစ်လနီးပါး ရေကြီးပြီးနောက် ရေပြန်ကျချိန်၌ကား
မြစ်ကမ်းပါးများသည် နေ့စဉ်ရက်ဆက်ကာ ပြိုကျပါ
တော့သည်။ ပထမဆုံး ဝါဆိုရာနှစ်, မိုးတွင်းကာလ၌ပင်
ပေတစ်ရာကျော် နှစ်ရာနီးပါး ကမ်းပြိုခဲ့လေသည်။

ထိုကဲ့သို့ အခက်အခဲလေးများဖြင့် တွေ့ကြုံနေရ
သော်လည်း ဆရာ,တပည့်(၃၇)ပါးတို့သည် စိတ်ပျက်
အားငယ်မှု ဖြစ်ရမှန်းပင် သတိမပြုမိခဲ့ကြပါ။ ကြုံတွေ့ရသော
အဖြစ်အပျက်လေးများကို ပြုံးရွှင်စွာ ကျော်ဖြတ်ရင်း
စာသင်,စာချ,ဘုရားဝတ်တတ်,တရားထိုင်လုပ်ငန်းများ
ဖြင့် နေ့စဉ်လုပ်ငန်းကြီးကို လည်ပတ်နေခဲ့ကြသည်။
ရေကြီးမှုကြောင့် ဆွမ်းခံတော့ မထွက်နိုင်တော့ကြပါ။
သံဃာများကိုယ်စား ကပ္ပိယများသာ လှေဖြင့်
ဆွမ်းခံပေးကြရသည်။

ဝါလကျွတ်သောအခါ၌ ထိုမှဤမှ သံဃာအသစ်များ
ရောက်ရှိလာ၍ သံဃာ(၅၀)ကျော်လာခဲ့သည်။ ဒုတိယနှစ်
ဝါဆိုချိန်၌ကား ကိုရင်ငယ်လေးများ ထပ်မံရောက်ရှိလာ၍
ဝါဆိုသံဃာ(၆၇)ပါးဖြစ်လာပါသည်။ ထိုသို့ ကိုရင်အသစ်များ
ထပ်မံရောက်ရှိလာသလို ဝါတွင်းကာလ၌လည်း မိုးကြီး,လေကြီး
ရေကြီးမှုများနှင့် ထပ်မံကြုံတွေ့ရပြန်လေသည်။ထို့ပြင် မြစ်ကမ်း
ပြိုကျမှုကလည်း ပို၍ ဆိုးလာပြန်သည်။

ဦးသီလသည် ထိုကဲ့သို့အခြေအနေမျိုး၌ ခေါင်းဆောင်
တစ်ပါးအနေဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား
ချမှတ်ခဲ့ပါသည်။ ဆုံးဖြတ်ချက်ကား ရေလယ်ကျွန်းမှ အခြားတစ်နေ
ရာသို့ ပြောင်းရွှေ့၍ ကျောင်းတိုက်အသစ်ထူထောင်ရန်
ဖြစ်လေသည်။ ဆင်းရဲမှုဒဏ်ကို ကြောက်ရွံ ့လို့ မဟုတ်သလို
ကျွန်းရွာလေးကို မေတ္တာမရှိလို့လည်း မဟုတ်ပါ။

သူချစ်မြတ်နိုးသော တပည့်လေးများ၏ အသက်အန္တရာယ်
မထိခိုက်ရန်နှင့် အနာဂတ်သာသနာခရီးလမ်းကို ရေရှည်
လျှောက်လှမ်းနိုင်ရန် အတွက်ကြောင့်သာ သူကြိုးကြိုးစားစား
ထူထောင်ခဲ့ရသော အသိုက်အမြုံလေးကို စွန့်ခွာ၍ အခြား
တစ်နေရာသို့ ပြောင်းရွှေ ့ရန် ထိုကဲ့သို့သော ဆုံးဖြတ်ချက်ကို
ချမှတ်ခဲ့ရလေတော့သည်။

ဦးသီလသည် အခြားတစ်နေရာ၌ ကျောင်းတိုက်အသစ်
ကို ထပ်မံထူထောင်ရန် ဆုံးဖြတ်ချက်ချခဲ့သော်လည်း ငွေမရှိ,
ဘွဲ့ဂုဏ်မရှိသည့် သူ့ဘဝမှာ အားကိုးစရာ ငွေကြေးချမ်းသာသော
အလှူရှင်များလည်း မရှိခဲ့ပါ။ သူ့အားကိုးသည်ကား သူ့နှလုံးသား
၌ တည်ဆောက်ထားသော ယုံကြည်ချက်သဒ္ဓါတရားသာတည်း။

‘‘ဣဇ္ဈတိ, ဘိက္ခဝေ, သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ’’
(သီလရှိသောသူ၏ စိတ်ဖြင့်လိုလားတောင်းတချက်မှန်သမျှသည်
သီလ၏စင်ကြယ်သန့်ရှင်းသည်၏အဖြစ်ကြောင့် မချွတ်ဧကန်
ပြည့်စုံရ၏။) ဆိုတဲ့ မြတ်စွားဘုရား တရားတော်ကို
ယုံကြည်ချက်အပြည့်ဖြင့် သစ်ရိပ်,ဝါးရိပ်,တောရိပ်,တောင်ရိပ်ရှိသော
နေရာဒေသ၌ ကျောင်းသစ်ထူထောင်ရန် နေရာရှာဖွေရန် စီစဉ်
လေတော့၏။

တတိယပိုင်း

????ငွေတွင်မက ဘွဲ့ဂုဏ်ပါ မရှိဘဲ
သာသနာပြုနေသော
ရဟန်းတော်လေးတစ်ပါး????

ဦးသီလသည် အကြောင်းညီညွတ်တိုင်း ကျောင်းသစ်
မြေနေရာကို စုံးစမ်းနေခဲ့သည်။ တစ်ခါတစ်လေ
စာချပြီးတာနှင့် ကပ္ပိယကိုခေါ်၍ စက်လှေဖြင့် မြစ်ကြောင်း
အတိုင်းမောင်းခိုင်းကာ သူသဘောကျမည့် တောရိပ်
တောင်ရိပ်နေရာသို့ရောက်ပါက ရပ်ခိုင်း၍ တောင်ဆင်း
တောင်တတ် တောကြားတောင်ကြားသို့သွား၍
သေသေချာချာလေ့လာလေ့ရှိပါသည်။

တစ်နေ့၌ကား မြေနေရာလေ့လာရင်း မြို့နှင့်
(၂)နာရီ စက်လှေခရီးမောင်းရသော ရွာလေးတစ်ရွာ
နား၌ရှိသော ဂငယ်ကွေ့တောင်တန်းလေ၏တောင်ခြေ၌
တောရိပ်ကောင်းသော (၁၀)ဧကကျယ်ဝန်းသော
မြေနေရာကို တွေ့၍ သဘောကျသွားပါသည်။ ထိုနေရာလေး
သည် ကမ်းပြိုမှုမရှိနိုင်သော ကျောက်သားကမ်းပါးဖြစ်နေပြီး
ဆိတ်ငြိမ်သည့်အပြင် ရွာနှင့်လည်း မနီးမဝေး(၁၅)မိနစ်ခရီး
လောက်သာ ဝေးကွာ၍ ဆွမ်းခံလို့ အဆင်ပြေနိုင်ပါသည်။ထို့ပြင်
မြို့သို့လည်း စက်လှေရှိရင် သွားရလွယ်ကူ၏။ထို့ကြောင့်
သူသည် ထိုနေရာလေးကို ရွေးချယ်ခဲ့လေ၏။

ထို့ကြောင့် ဂေါစရံဂါမ် ရွာကျောင်းဆရာတော်
အား ဂါရဝပြုရန် သွားရောက်ကန့်တော့ရင်း အခြေအနေကို
အကဲခတ်စုံးစမ်းကြည့်ရာ အဆင်မပြေမှုများစွာနှင့် တွေ့ကြုံ
ခဲ့ရ၍ လက်လျှော့လိုက်ရလေသည်။သို့သော်လည်း
ဦးသီလသည် ဝါလကျွတ်လျှင် ကျောင်းသစ်ထူထောင်ဖို့ရန်
အတွက် စိတ်ဆန္ဒပြင်းပြလျက်ပင် သာသနာအလုပ်ကို
မပျက်မကွက် ဆက်လက် အားထုတ်နေခဲ့သည်။

တစ်နေ့၌ကား သူ၏သီတင်းသုံးဖော် ရိပ်သာဆရာ
တော်လေးတစ်ပါးမှ တောတောင်ကောင်းသော နေရာလေး
တစ်ခု၌ ရိပ်သာလုပ်ဖို့ရန်အတွက် တွေ့ထားသည့် နေရာလေး
ရှိ၏။ ထိုနေရာလေးကို ကြည့်ချင်ရင် ကြွလာခဲ့လို့ ဖိတ်မံလာ
သည်။ ထို့ကြောင့်ဦးသီလသည် စာဝါအားလပ်သည့် နေ့လေး၌
ကြွရောက်၍ လေ့လာခဲ့ပါသည်။

ထိုနေရာလေးသည် တောင်ထိပ်၌ တည်နေသော
ဆံတော်ရှင်စေတီတော်ကို ဦးတိုက်လျက် အရှေ့အနောက်
သွယ်တန်းနေသော စိမ့်စမ်းလျှိုမြောင် တောရိပ်တောင်ရိပ်ကြားလေး၌
တည်ရှိနေသည်။ ရွာနှင့်မနီးမဝေး တောင်ကုန်လေး၌
ဖြစ်သည့်အပြင် တောင်တက် ကားလမ်းလေးလည်း ရှိနေ၍
လမ်းပန်းဆက်သွယ်ရေးလည်း အဆင်ပြေလှပါသည်။
ရွာသည်လည်း သီခြား တစ်ရွာတည်းမဟုတ်ဘဲ ရွာပေါင်းများစွာ
ဆက်နေသော ရွာတန်းရှည်ကြီးများ ဖြစ်နေ၍ ဆွမ်းခံဖို့အတွက်
အလွန်အဆင်ပြေလှပါသည်။ သောက်ရေသုံးရေအတွက်လည်း
တသွင်သွင်စီးဆင်နေသော စမ်းချောင်းလေးများရှိနေ၍
အဆင့်သင့်ဖြစ်နေပါ၏။

ထို့ပြင် ရွာချင်းဆက် ကတ္တရာလမ်းကြီးများနှင့်
မဝေးသည့်အပြင် ဆေးရုံ,ဆေးပေးခန်းရှိသော နယ်မြို့လေးနှင့်
လည်း (၁၅)မိနစ်ကျော် ကားလမ်းခရီးသာ ဖြစ်၍ သံဃာများ
အရေးပေါ်ကျန်မာရေးကိစ္စအတွက်လည်း စိတ်အေးရပါသည်။
ကျောင်းသစ်ထူထောင်ရန်အတွက်လည်း ရွာခံဆရာတော်များ
နှင့်အဆင်ပြေသဖြင့် ထိုနေရာလေးကို ရွေးချယ်ခဲ့ပြန်သည်။

ထို့ကြောင့် ဦးသီလသည် သူ့၏သာသနာပြုလုပ်ငန်း
များကို စေတနာအပြည့်ဖြင့် လုပ်အားပါမက ငွေအားပါ ဝင်ရောက်၍
ပါရမီဖြည့်နေသော ကပ္ပိယအစ်မရင်းအား ထိုနေရာလေးကို ကျောင်း
သစ်ထူထောင်ရန်အတွက် ဝိနည်းတော်နှင့်အပ်စပ်အောင်
စီမံနိုင်ရင် စီမံပေးဖို့ ပြောခဲ့ပါသည်။ သူ၏အစ်မသည် သူဖြစ်ချင်သော
ဆန္ဒများကို တစ်ယောက်တည်းနိုင်က တစ်ယောက်တည်းတာဝန်ယူ
၍ စီမံပေးတတ်ပြီး မနိုင်ပါက စေတနာသဒ္ဓါတရားရှိသော ဖိတ်မံထား
သော ရန်ကုန်မှ အလှူရှင်များနှင့် တိုင်ပင်၍ ဝိနည်းနှင့်အပ်စပ်အောင်
စီမံပေးလေ့ရှိပါသည်။

ဝါလမကျွတ်မီပင်( ၈)ဧကနီးပါးကျယ်ဝန်သည့်
ထိုကျောင်းသစ်မြေကို ရရှိခဲ့ပါသည်။ နောက်ပိုင်းမှ သူသိရသည်မှာ
အလှူရှင်များသည် သူ့အစ်မအား လှူမည်ဟု ဖိတ်မံထားကြ
သော်လည်း အကြောင်းအကျိုးမညီညွတ်၍ ကျောင်းမြေစီမံချိန်၌
လှူဒါန်းသူအချို့ မပါဝင်နိုင်ခဲ့ကြသေးပါ။ထို့ကြောင့် သူ၏
အစ်မသည် ရှိသမျှ လက်ဝတ်ရတနာအားလုံးကို ရောင်း၍
စီမံခဲ့ရလေသည်။ ထို့ကြောင့်ထိုအစ်မ၌ ဝတ်စရာ နားကပ်ပင်
မကျန်ဟူ၏။

ဦးသီလသည် ဝါလကျွတ်သည်နှင့် ထိုကျောင်းသစ်
သို့ ပြောင်းရွှေ့နိုင်ရန်အတွက် ရည်ရွယ်ထားသည်။ ရန်ကုန်မှ
ရှေ့နေမိသာစုမှ ဝါးကျောင်းကြီးတစ်လုံး ဆောက်လုပ်လှူဒါန်း
မည်ဖြစ်၍လည်း ပြောင်းဖို့ အဆင်ပြေပါသည်။ထိုကျောင်းသစ်
တည်ရှိရာ တောင်ခြေနေ ရွာသူရွာသားများကလည်း ဝါးကျောင်းလေး
တစ်လုံးကို ကြိုတင်ဆောက်လုပ်ပေးထားကြသည်။ ကုဋီအတွက်
ဘိလပ်မြေအိပ်ခွံလေးများဖြင့်ကာ၍ လွင်တီးခေါင်ကုဋီအဖြစ်
စီမံပေးထားကြသည်။တောချုံထူထပ်ပြီး ခြင်ပေါ၍ ကုဋီတတ်ရင်း
ခန္ဓအိမ်ကို လှုပ်ရမ်းနေရသည်။

ဦးသီလသည် ရှေးဦးစွာ မိမိနှင့်အတူ ဘုန်းကြီးတစ်ပါး၊
ကိုရင်(၉)ပါး၊ စုစုပေါင်း(၁၁)ပါးသာ စတင်၍ ပြောင်းရွှေ့ခဲ့ပါသည်။
နေစရာကျောင်းကား အဆင်မပြေသေးပါ။ ဝါးကျောင်းလေးသည်
(၈)ပါးလောက်သာ ကျောခင်းအိပ်၍ ဆန့်ရုံလောက်သာဖြစ်၍
သူနှင့်အတူ ကိုရင်(၂)ပါးမှာ သစ်ပင်ရင်းကို ကျောင်းအဖြစ်သဘော
ထား၍ နေထိုင်ကြရသည်။
ရှေ့နေမိသာစုလှူမည့် ဝါးကျောင်းကြီးကို ရေရှည်စီမံကိန်း
အနေဖြင့် လိုက်ပါလာသောဘုန်းကြီးနှင့် အလှူရှင်ဒကာမကြီးတို့
တိ်ုင်ပင်မိ၍ အုတ်ခံဖောင်ဒေးရှင်းချ၊အုတ်တိုင်တက်ကာ
ဘင့်တန်းလုပ်၍ ဝါးခင်း ဖတ်မိုးထားရန် စီမံကြပါသည်။
အဆင်ပြေပါက တိုက်ကျောင်းလေး ဖြစ်လာရန်အတွက်
ရည်ရွယ်ထားကြပါသည်။ထိုရည်ရွယ်ထားသည့်အတိုင်းပင်
နောင်(၁)နှစ်ကျော်၌ အလှူရှင်မိသာစု၏ သဒ္ဓါတရားအကျိုးပေး
လာမှုကြောင့် နှစ်ထပ်တိုက်ကျောင်းလေး ဖြစ်လာပါလိမ့်မည်။

ထိုနှစ်ထပ်ကျောင်းမပြီးသေးချိန်၌ တောင်ခြေရွာသူ
ရွာသားတို့သည် သံဃာများနေထိုင်ရန်နောက်ထပ်ဝါး
ကျောင်းလေးတစ်လုံးကို ဆောက်လုပ်လှူဒါန်ကြပြန်
သည်။ ထိုကျောင်းလေးလည်း (၁၁)ပါးလောက်သာ ဆန့်၍
နောက်ထပ်ရောက်လာသော သံဃာများနှင့် မလုံလောက်ဖြစ်
နေပြန်သည်။ ထုံးစံအတိုင်း ဦးသီလနှင့်ကိုရင်အချို့ကား
သစ်ပင်အောက်၌ နေရမြဲပင် ဖြစ်သည်။
အရုဏ်ဆွမ်းအတွက် ဆန်အနည်းငယ်သာရှိ၍
ကိုရင်ငယ်လေးများကိုသာ ဆွမ်းပြုတ်တိုက်စေ၍ ဦးသီလနှင့်
ကိုရင်ကြီးများကာ ဆွမ်းခံပြီး အရုဏ်နှင့်နေ့ဆွမ်းကို
တစ်ခါတည်းပေါင်း၍ စားကြရသည်။ဆွမ်းစားပြီးမှသာ စာသင်
စာကျက်လုပ်ငန်းကို ပြုလုပ်ကြပါသည်။ညနေစာသင်လုပ်ငန်း
ပြီးဆုံးချိန်၌ကား ကျောင်းလမ်းဖောက်ခြင်း, ကျောင်းမြေနေရာ
များကို သန့်ရှင်းခြင်းစသည်ကို ပြုလုပ်ကြရလေ၏။

ညအချိန်၌ကား မီးစက်မရှိသေး၍ စာမကျက်ရဘဲ
ဘုရားဝတ်တတ်ပြီးသည်နှင့် သြဝါနာယူကြရပါသည်။
ပြီးနောက် ဦးသီလနှင့်အတူလိုက်ပါလာသော ဘုန်းကြီးနှင့်
ကိုရင်ငယ်လေးများသည် ဝါးကျောင်းလေး၌ တရားနှလုံးသွင်း
ပြီး ကျိန်းစက်အနားယူ၍ သူနှင့်ကိုရင်ကြီးအချို့မှာ သစ်ပင်
အောက်သွား၍ ထိုင်ခုံလေးများနှင့် ထိုင်၍ တရားနှလုံးသွင်ကား
ကျိန်းစက်ကြရလေ၏။

သူသည်နေ့စဉ်ကိုရင် များကို ခေါင်းဆောင်၍ ဆွမ်းခံကြွ
ပါသည်။ ဆွမ်းဟင်းများ အလျှံပယ်ရ၍ သာသနာပြုရန်အတွက်
အားတတ်မိခဲ့သည်။

ထို့ကြောင့် နေစရာမရှိရင် သစ်ပင်အောက်မှာပဲ နေပြီး
စာသင်စာချလို့ရတယ်လို့ နှလုံးသွင်းပြီး စာသင်သားများကို
ရေလယ်ကျောင်းမှ အားလုံးပြောင်းရွှေ့စေခဲ့ပါသည်။ဤသို့လျှင်
ဝါကျွတ်ပြီး (၁)လကျော်လောက်မှာပင် သံဃာ(၆၀)ကျော်တို့
ကြွရောက် သီတင်းသုံးနိုင်ခဲ့လေ၏။

နောက်ဆုံးပိုင်း

????ငွေတွင်မက ဘွဲ့ဂုဏ်ပါ မရှိဘဲ
သာသနာပြုနေသော
ရဟန်းတော်လေးတစ်ပါး????

ဦးသီလသည် နေစရာမရှိရင် သစ်ပင်အောက်မှာပဲ
နေပြီး စာသင်စာချလို့ရတယ်လို့ နှလုံးသွင်းပြီး စာသင်သားများကို

” သံဃာရှိရင် ကျန်တာရှိတယ်”ဆိုတဲ့အတိုင်း
သံဃာတော်တို့၏ ဘုန်းကံကြောင့် နောက်ထပ်ဝါး
ကျောင်းကြီးတစ်လုံးနှင့် သစ်သားကျောင်းလေး တစ်လုံး
မကြာမီပင် ပေါ်ပေါက်လာပါသည်။သူ၏မယ်တော်နှင့်
အစ်မများက ကျောင်းအတွင်း စမ်းကျောင်းလေး၌
ရေသိမ်ကျောင်းလေး ဆောက်လုပ်လှူဒါန်းထား၍
ဥပုသ်ကံ စသည်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ခဲ့လေ၏။
ကျောင်းတွင်းလမ်း အလှူရှင်များလည်း ပေါ်ပေါက်လာပါသည်။
သိမ်တော်ကြီးဖောင်ဒေးရှင်းချနိုင်ရန်အတွက် အလှူရှင်လည်း
ပေါ်လာပါသည်။

စာသင်စာချ သံဃာတော်များသည် မိမိတို့၏
စာသင်စာချအလုပ်ကိုလည်း ကြိုးစားကြရပါသည်။
ထူထောင်ခါစ ကျောင်းသစ်ဖြစ်၍လည်း ကျောင်းလမ်း
ဖောက်ခြင်း၊ သိမ်တည်ဆောက်နိုင်ရန်အတွက် သိမ်မြေနေ
ရာ တောင်ကုန်းလေးကို ညီညာအောင် ပြုလုပ်ခြင်း
အစရှိသည့် ကျောင်းတည်ဆောက်ရေးလုပ်ငန်းများတွင်
ဝိနည်းတော်နှင့် အပ်စပ်မည့် အရာများ၌ အလှူရှင်များ
ကုန်ကျမှု သက်သာအောင် အားလပ်ချိန်များ၌ ဝိုင်းဝန်း၍
လုပ်အားဒါန ပြုကြပါသည်။

ဦးသီလသည် တောင်ကုန်းတောင်ကြား၌
တည်ထောင်ရသော ကျောင်းလေးဖြစ်၍ တပည့်လေးများ
မြွေကိုက်ခြင်းစသော အန္တရာယ်များကင်းအောင် တပည့်များအား
ပရိတ်တော်များကို နေ့စဉ်ပူဇော်စေပါသည်။ သူကိုယ်တိုင်လည်း
နေ့စဉ် နံနက်(၃)နာရီခွဲထ၍ ပရိတ်နှင့်ပဋ္ဌာန်းတရားတော်များကို
ပူဇော်ခဲ့လေသည်။ တပည့်လေးများအား အထူးသဖြင့်
ရောင့်ရဲခြင်းတရားနှင့် သီလတရားကိုသာ အထူးတိုက်တွန်း
ဟောကြား၍ မေတ္တာနှင့်ဂုဏ်တော်များကို လက်ကိုင်ထားဖို့ရန်
အမြဲလိုလို သြဝါဒပေးလေ့ရှိပါသည်။

ထိုပရိတ်,ပဋ္ဌာန်း,ဂုဏ်တော်,သစ္စာစသော
တရားတော်မျာ၏ အစွမ်းသတ္တိကြောင့်ပင် ဆိုရပါမည်။
ကိုရင်တစ်ပါးသည် သံဃာများအတွက် ဖျော်ရည်လုပ်ရန်
မရမ်းသီးခူးရင်း မြင့်မားသော မရမ်းပင်ပေါ်မှ ပြုတ်ကျခဲ့ရာ
မြေကြီးအောက် မရောက်ခင် မေ့သွားပါသော်လည်းဘေးအန္တရာယ်
တစ်စုံတစ်ရာ မရှိခဲ့ပါ။ အနည်းဆုံး ပွန်းပဲ့ရာပင် မထင်ခဲ့ပါ။

ရဟန်းသာမဏေများ တဖြည်းဖြည်းများလာသောကြောင့်
ဝါမဆိုမီပင် (၁၀၀)နီးပါးရှိလာခဲ့သည်။အဆောက်အဦးမရှိသေး၍
ဆောက်လုပ်ပြီးစ ရှေ့နေမိသာစုလှူဒါန်းသော တိုက်ကျောင်း
လေးအပေါ်ထပ်၌ မလောက်၍ ဝရံတာ၌ပင် ထွက်အိပ်ကြရသည်။
ထိုအခါကလည်း ကိုရင်လေးတစ်ပါးသည် ညသန်းခေါင်အချိန်၌
ကျောင်းအပေါ်ထပ်မှ အိပ်ရင်း လိမ့်ကျခဲ့ပါသေးသည်။
သို့သော်လည်း ထိုကိုရင်လေးသည် ဘေးအန္တရာယ်
တစ်စုံတစ်ရာ မဖြစ်ဘဲ သူ့မှာသူ ပြန်ထလာပြီး
ကျောင်းပေါ်ပြန်တက်လာကာ ပြန်အိပ်ပျော်သွားသည်ဟု
နောက်မှ သီတင်းသုံးဖော်များသိခဲ့ရသည်။ထိုကျသောနေရာ
မှာ အုတ်,သံ,သစ်တုံး သစ်ပိုင်းစသော ဆောက်လက်စ
ပစ္စည်းအကြွင်းအကျန်များဖြင့် ပြည့်နေပါသည်။ပရိတ်,ပဋ္ဌာန်း
တရားတို့၏ အာနုဘော်ပင်ဖြစ်ပါလိမ့်မည်။

ရေလယ်ကျွန်းမှ ကျောင်းပြောင်းရွှေ့ပြီး (၃)လကျော်
အချိန်၌ ဝိနည်းဝါသနာပါသော ဦးသီလသည် ဝိနည်းသာသနာ
ထွန်းလင်းဖို့ရန် အတွက် အထောက်အကူဖြစ်စေနိုင်မည့်
(ဝိနည်းဆွေးနွေးပွဲကြီး)ကို အဆောက်အဦး မပြည့်စုံသည့်ကြား
ကပင် ဆရာတော်သံဃာတော်များကို ပင့်ဖိတ်၍ ပြုလုပ်နိုင်
ခဲ့ပါသည်။ သစ်ပင်အောက်လေး၌ ကျင်းပသော ထိုပွဲသို့
သံဃာ(၂၀၀)နီးပါး တက်ရောက်ချီးမြှောက်ခဲ့ကြပါသည်။
ကြွရောက်လာကြသော ဆရာတော်သံဃာတော်များဖြင့်ပင်
ဝိနည်းဆွေးနွေးပွဲအပြီး ညနေခင်းအချိန်၌ သိမ်သမုတ်နိုင်ရန်
အတွက် သိမ်နုတ်တော်မူခဲ့ကြပါသည်။

ထိုကြွရောက်လာကြသော ဆရာတော်သံဃာ
တော်များသည် ဝိနည်းလေးစားကြပြီး သာသနာကို ချစ်မြတ်နိုးသူ
များဖြစ်၍ ပစ္စည်းလာဘ်လာဘ တစ်စုံတစ်ရာအတွက် ကြွရောက်
လာခြင်းမဟုတ်ဘဲ ကိုယ့်စရိတ်ဖြင့်ကိုယ်သာ ကြွလာကြပြီး
ဝိနည်းသာသနာအတွက် အားပေးချီးမြှောက်ခဲ့ကြခြင်းပင်
ဖြစ်ပါသည်။ လေးစားကြည်ညိုစရာ ကောင်းလေစွ။
ကျောင်းထူထောင်ပြီး (၂)နှစ်ကျော်ချိန်၌လည်း
ဝိနည်းချစ်မြတ်နိုးသောဆရာတော် သံဃာတော်(၁၀၀)ကျော်
တို့ဖြင့် သိမ်တော်ကြီးကို သမုတ်နိုင်ခဲ့ပါသည်။ထိုသိမ်
သမုတ်ပွဲ၌လည်းငွေကြေးကုန်ကျမှု မရှိခဲ့ပါ။ ဆရာတော်
သံဃာတော်များ သာသနာစိတ်အပြည့်ဖြင့် ချီးမြှောက်ခဲ့ကြပါ၏။

ပထမဦးဆုံး ဝါဆိုချိန်၌ကား သံဃာ(၁၁၆)ပါးတို့သည်
ဝါးကျောင်း(၃)ကျောင်းနှင့် သစ်သားကျောင်းတစ်ကျောင်း၊,
ရှေ့နေမိသာစုလှူဒါန်းသော တိုက်ကျောင်းတို့၌ အသီးသီး
ဝါဆိုဝါကပ်သီတင်းသုံးနေထိုင်၍ သာသနာအလုပ် အား
ထုတ်ခဲ့ကြလေ၏။

မပွုခဲ့ပါ။
ဦးသီလတို့ကြောငျးလေး၌ ကပ်ပိယအဖှဲ့ ဂေါပကအဖှဲ့တို့

ဤသို့လျှင် ဦးသီလသည် ငွေတွင်မက ဘွဲ့ဂုဏ်ပါ
မရှိပါသော်လည်း သူချစ်မြတ်နိုးသော တပည့်လေးများအပေါ်
စေတနာမေတ္တာထား၍ ဂရုစိုက် စောင့်ရှောက်ကာ
နေ့စဉ်ရက်ဆက် သာသနာအလုပ်ကို ကြိုးစားနိုင်ခဲ့ပါသည်။
ထို့ကြောင့် သူထူထောင်ခဲ့သော တောတောင်ကြားက
ကျောင်းလေးသည် ကျေးရွာနယ်လေးဖြစ်ပါသော်လည်း
ဒုတိယနှစ်၌ ဝါဆိုသံဃာ(၁၁၈)ပါး၊ တတိယနှစ်၌(၁၂၁)၊
စတုတ္ထနှစ်၌ (၁၂၅)ပါး၊ ပဉ္စမနှစ်ဖြစ်သည့် ယခုနှစ်၌ကား
(၁၂၈)ပါးတို့သည် ဝါဆိုဝါကပ်၍ ပရိယတ်,ပဋိပတ်
အကျင့်မြတ်များကို အားထုတ်နိုင်ခဲ့ကြပါသည်။

သူကိုယ်တိုင် ဘွဲ့ဂုဏ်မယူခဲ့သော်လည်း တပည့်လေးများ
အနာဂတ်သာသနာကို ကျယ်ကျယ်ပြန့်ပြန့် ပြုနိုင်ရန်အတွက်
ရည်မှန်ကား စာမေပွဲများကို ဖြေဆိုခွင့် ပြုခဲ့ပါသည်။ စာမေးပွဲမဖြေ
လိုသော တပည့်လေးများအတွက်လည်း ဝိနည်းတော်ကို
အထူးသင်ပေး၍ ပါဠိသဒ္ဒါနှင့်အဘိဓမ္မာများကိုလည်း သင်ယူနိုင်
အောင် စီမံထားပါသည်။ ယခုဆိုလျှင် ထိုတောရကျောင်းလေး၌
မူလတန်း၊ပထမငယ်တန်း၊ပထမလတ်တန်၊ပထမကြီးတန်းနှင့်
ဓမ္မာစရိယဘွဲ့ရသူများပင် ပေါ်ပေါက်ခဲ့သလို သာမဏေကျော်
ဘွဲ့ရသူ တစ်ဦးလည်း ပေါ်ပေါက်ခဲ့ပါသည်။

ယခုနှစ်၌ စတင်၍ ကျင်းပမည့် အဘိဝိနယာစရိယ
စာမေးပွဲအတွက်လည်း ဝိနည်းပါဠိအဋ္ဌကထာဋီကာ စာဝါများကို
လည်း ပို့ချပေးလျက်ရှိပါသည်။ ထို့ပြင် ပါဠိပါရဂူစာချဘုန်းကြီး
တစ်ပါးလည်း ထပ်မံရောက်ရှိလာပြီး ဦးသီလထံ၌ ဝိနည်း
အထူးလေ့လာရင်း စာများကို ကူညီပို့ချပေးလျက်ရှိပါသည်။
ထို့ကြောင့် နောက်နှစ်များ၌ ပါဠိပါရဂူစာသင်သားများကိုလည်း
သင်ကြားပေးဖို့ရန်အတွက် ကြိုးစားသွားဖို့ အစီအစဉ်ရှိပါ၏။

ကျောင်းထူထောင်သည့်(၃)လတာ ကာလမှစ၍
နှစ်စဉ်နှစ်တိုင်း ဝိနယသာကစ္ဆာ(ခေါ်)ဝိနည်းဆွေးနွေး
ပွဲကြီးကို ကျင်းပနိုင်ခဲ့ပါသည်။ ယခုနှစ်ပြာသိုလပြည်ကျော်(၆)ရက်
နေ့၌လည်း ဆဋ္ဌမအကြိမ်မြောက် ကျင်းပဖို့ စီစဉ်နေကြပါသည်။

ငွေတွင်မက ဘွဲ့ဂုဏ်ပါ မရှိသော ရဟန်းတော်လေးတစ်ပါး
ထူထောင်ထားသော စိမ့်စမ်းလျှိုမြောင်တောတောင်ကြားက
တောရကျောင်းလေး၌ (၅)နှစ်တာကာလ လက်ရှိအချိန်၌ကား
ရဟန်း(၆၅)ပါးနှင့် သာမဏေ(၇၈)ပါး၊ စုစုပေါင်း(၁၄၃)ပါးတို့သည်
ပစ္စည်းလေးပါး ပူပန်စရာမလိုဘဲ ဝိနည်းကိုယ်ကျင့်သီလကို
မဏ္ဍိုင်ပြု၍ သာသနာအလုပ်ကို ပျော်ရွှင်ချမ်းမြေ့စွာဖြင့်
ကြိုးစားအားထုတ်လျက် ရှိနေကြပါတော့၏။

မှတ်ချက်။ ။ကာယကံရှင် မကြိုက်၍ ဘွဲ့တော်နှင့်
နေရိပ်လိပ်စာ အတိအကျမထည့်ထားပါ။သို့သော်
သူ့အကြောင်းကို သိနေသော လူရှင်ရဟန်းများ
အတွက်တော့ ပြောစရာ စကားမရှိပါ။ဂုဏ်လာဘ်မရှိလျှင်
ဘယ်လို သာသနာပြုမလဲလို့ ညည်းတွားနေကြသည့်
သာသနာ့ညီတော်နောင်တော်များအတွက် အတုယူ
အားကျစေလို၍ ဤအကြောင်းကို ရေးသားလိုက်ပါသည်။
နားလည်ခွင့်လွှတ်နိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဝိနယကထိကရဟန်း။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top