အောင်ခိုင်၊ဝါဝါအောင်နဲ့ ဦးဇော်ကြီးတို့ဝါရင့်အနုပညာရှင်တွေကို ကြော်ငြာအတူခေါ်ရိုက်ပြီး လေးလေးစားစားကန်တော့ခဲ့တဲ့ ဖြူဖြူထွေး

ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ် ဝါဝါအောင်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်သူလေးပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ဗီဒိယိုဇာတ်ကားတွေများစွာအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကိုလည်း ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ဦးအောင်ခိုင်ကတော့ ဇာတ်ကြမ်းဇာတ်နုစတဲ့ ဇာတ်ရုပ်တွေများစွာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဦးအောင်ခိုင်နဲ့ဝါဝါအောင်တို့ ဇနီးမောင်နှံကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်ရှိကြတဲ့ သူမတို့ဇနီးမောင်နှံကတော့ အနုပညာအလုပ်တွေကို အတူတကွဆက်လက်လုပ်ကိုင်လျက်ရှိနေတာပဲဖြစ်ပါတယ်။

ဖြူဖြူထွေးကတော့ ယခုမှာ ဦးအောင်ခိုင်တို့ဇနီးမောင်နှံ ၊ဦးဇော်ကြီး ၊မင်းသစ်တို့ကို ကြော်ငြာအတူခေါ်ပေးတဲ့အပြင် တရိုတသေနဲ့ ထိုင်ကန်တော့ခဲ့ပါတယ်။ဝါဝါအောင်ကတော့ ” ဒီနေ့သမီးဖြူဖြူထွေးရဲ့ ပဒုမ္မာဆေးမန်းကျည်းယိုကြော်ငြာရိုက်ကွင်းအမှတ်တရလေးပါ”ဆိုပြီး

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသာထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဦးအောင်ခိုင်တို့ကို ကန်တော့ခဲ့တဲ့ ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top