ကိုးကန့်မင်းသမီး ( သို့ ) မြန်မာပြည်၏ တစ်ဦးတည်းသော ဘိန်းရာဇာ စစ်ဘုရင်မ
အော်လယ် ယန် (တရုတ်: 楊金秀; ပင်ရင်: Yáng Jīnxiù; Yang Kyin Hsiu, နာမည်ပြောင် Miss Hairy Legs) သည် ကိုးကန့်စော်ဘွား Sao Edward Yang Kyein Tsai ၏နှမဖြစ်ပြီး ဘိန်းဘုရင်မတစ်ဦး အဖြစ်လူသိများထင်ရှားသူဖြစ်သည်။
Olive Yang ကို ၂၄ ဇွန် ၁၉၂၇ တွင် ရှမ်းပြည်မြောက်ပိုင်း၌ မွေးဖွားခဲ့သည်။ သူသည် လားရှိုးမြို့ရှိ Guardian Angel ကွန်ဗင့်ကျောင်း၌ တက်ရောက်ခဲ့သည်။ အသက် ၁၉ နှစ်အရွယ်တွင် တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ရှိသော (Olive’s Boys ဟု နာမည်ပြောင်ရသော) ကိုးကန့် လက်နက်ကိုင် အဖွဲ့ကို ဖွဲ့စည်းပြီး နယ်စပ် ဘိန်းကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့သည်။ သူ၏တပ်ဖွဲ့သည် ဒုတိယကမ္ဘာစစ် အပြီးမှ ၁၉၆၀ပြည့်နှစ်များအစောပိုင်းအထိ ကိုးကန့်ဒေသ၏ ဘိန်းကုန်သွယ်ရေးကို စိုးမိုးထားနိုင်ခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် တရုတ်ပြည်မကြီး၌ အမျိုးသားရေးဝါဒီများ ရှုံးနိမ့်ပြီးနောက် Olive Yang သည် တရုတ်ဖြူ ကူမင်တန်များနှင့် ပူးပေါင်း ရွှေတြိဂံ (အရှေ့တောင်အာရှ)ဒေသ ဘိန်းကုန်သွယ်ရေးလမ်းကြောင်းကို စတင်ခဲ့သည်။
သူသည် ၁၉၄၈ မှ ၁၉၅၀ အထိ Tamaing မင်း၏သား Twan Sao Wen နှင့် လက်ထပ်ခဲ့ပြီး Duan Jipuဟူသော သားတယောက်ရခဲ့သည်။ Duan Jipu သည် ချင်းမိုင်, ထိုင်းနိုင်ငံ တွင် ဆရာတဦးဖြစ်သည်။
၁၉၅၀ ပြည့်လွန်နှစ်များမှ ၁၉၆၀ ပြည့်လွန်နှစ်လည်များ အထိ Olive Yangသည် ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့တွင် တပ်မှူးအဖြစ်တာဝန်ယူခဲ့သည်။ သူသည် ဘိန်းကုန်ကူးမှုနှင့် ရွှေကုန်သွယ်ရေးတို့တွင် ထင်ရှားသူတဦးဖြစ်ခဲ့သည်။ ၁၉၆၂ တွင် သူနှင့် သူ့အကို ရန်ကုန်မှ လွှတ်တော် အမတ်ဖြစ်သူ Jimmy တို့ကို မြန်မာအာဏာပိုင်များမှ ဖမ်းဆီးသည်။ ဖမ်းဆီးရခြင်းမှာ ကိုးကန့်ဒေသအာဏာရယူထားမှုကို ဖယ်ရှားရန်နှင့် ကို့ကန့်ဒေသကို မြန်မာအုပ်ချုပ်မှုအောက်တွင် ထားရှိရန်ဖြစ်သည်။ သူ့ကို အင်းစိန်အကျဉ်းထောင် တွင်အကျဉ်းချခဲ့ပြီး ၁၉၆၈ တွင်လွတ်မြောက်ခဲ့သည်။
Yang သည် လိင်တူ၊ လိင်ကွဲစုံမက်သူ တစ်ဦးဖြစ်လူသိများခဲ့ပြီး အဆိုတော်၊ မင်းသမီးအများအပြားနှင့် သတင်းထွက်ခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းနှစ်များတွင်မှာတော့ Yangသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး အတွက် ကြားဝင်ဆောင်ရွက်ပေးရန် ခင်ညွန့် မှကမ်းလှန်းခဲ့သည်။
သတင်းများအရ Yang သည် အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက် သူမ၏ နောက်ဆုံးနှစ်များကို သီလရှင်အဖြစ်ကုန်ဆုံးခဲ့သည်။ နာတာရှည်နာမကျန်းဖြစ်ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ကိုးကန့်ဒေသတွင် ပြန်လည်နေထိုင်ခဲ့ပြီး ၂၀၁၇ အသက် ၉၀တွင် ကွယ်လွန်ခဲ့သည်။
From – Myanmar Wikipedia
========================